Archive for 09/02/12


သတိရတယ် မှတ်မိတယ် ဆိုတာ ဦးဏှောက် ရှိတဲ့လူတိုင်းအဖို့ လွယ်ကူသလို... မေ့ပစ်တယ် မုန်းပစ်တယ် ဆိုတာ နှလုံးသားရှိတဲ့ လူတိုင်းအတွက် ခက်ခဲပါတယ်.. တစ်ခါတစ်လေ ဖြေရှင်းနည်းတွေ မတူညီကြတဲ့ အခါ အဖြေတွေက မှန်နေပေမဲ့ ယူဆချက်တွေ... အမြင်တွေ ....သဘောထားတွေ ...ကွဲလွဲနေတတ်ကြတယ် မေ့ပစ်လိုက်တာ အကောင်းဆုံးပါ တဲ့ သူငယ်ချင်းကပြောတယ်.... ရှေ့မဆက်သင့်တော့ပါဘူးတဲ့ ဦးဏှောက်ကပြောတယ်.... မုန်းလိုက်ပါတော့တဲ့ ရင်ထဲကဒဏ်ရာတွေကပြောတယ်... မှန်ပါတယ်... ဒါပေမဲ့ ငိုနေတဲ့နှလုံးသားလေး စိတ်ချမ်းသာအောင်တော့ နင့်ကို ဒီတစ်ရက်လောက် လွမ်းဦးမယ်....

နင့်ကို ဒီတစ်ရက်လောက် လွမ်းဦးမယ်....

Posted by : လက်တွဲဖော် 0 Comments

မပြောပါနဲ့ တော့ ချစ်သူ... အရင်က နင့်လူအကြောင်း... ကြားတစ်ချက် မကြားတစ်ချက်နဲ့ .. ငါ့ရင်ဘတ်တွေ ခါးသက်နေလို့ ပါ... ..... ပြောပေးပါ တစ်ခုလောက်တော့ ချစ်သူ.. အရင်လူထက် ပိုတဲ့ အချစ်တွေနဲ့  နင် ငါ့ကို ချစ်ခဲ့တယ်ဆိုတာကို... ..... မျက်စိကိုမှိတ်...ခေါင်းကို ညိမ့်ပြီး ၀ဲဘက်ရင်အုံမှာ လက်တွေမိုးလို့  င့ါနှလုံးသားကို ငါပြန်ကြည့်မိတယ် ချစ်သူ... .... စည်းချက်တွေ မှန်ချင်ပေမယ့်... ၇င်ခုန်သံတော့ ပုံမှန်ထက် ပို မြန်နေတယ် ချစ်သူ.. ခါးသက်သက် မဟုတ်ပေမယ့် တဆစ်ဆစ်နဲ့ တော့ ကိုက်စ ပြုနေပြီ .... ခုဆို... သိပ်ချစ်ပါတယ် ဆိုတဲ့ စကား... အရင်လူပြီးမှ ကိုယ်ရခဲ့ပါ့လား ဆိုတဲ့ အတွေးတောင်.. ခပ်ကြောက်ကြောက်တွေးမိနေပြီ ချစ်သူ... .... ဘာဘဲ ဖြစ်ဖြစ် ငါ့အချစ်ကတော့ နှစ်ချို့ နေဆဲပါ ချစ်သူ... အပေး အယူ မဆန်တဲ့  အချစ်မျိုးနဲ့  အသွား အပြန် မရှိခဲ့ရင်တောင်.. ငါက ဆက်ပြီး ရှင်သန်နေရဦးမဲ့လူလေ... ..... ပြီးတော့... ခါးသက်သက် စကားများနဲ့  တဆစ်ဆစ်နာကျင်နေရင်တောင်... ရှေ့ ဆက်ဖို့ တွေးတွေးမိနေတဲ့ .. ငါ့ နှလုံးသားကို ငါမုန်းတယ်...ချစ်သူ.. .... .... (လွမ်းရည်ဖွဲ့ တဲ့ မိုး)

မပြောပါနဲ့ တော့ ချစ်သူ...

Posted by : လက်တွဲဖော် 0 Comments

ယောက်ျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် တစ်ယောက် ကို တစ်ယောက် သေတပန်....သက်တဆုံး လက်တွဲဖို့ရည်ရွယ်ချက်မရှိဘူးဆိုရင် " နင့်ကိုငါချစ်တယ် " ဆိုတဲ့စကားကို... ဘယ်တော့မှ...လွယ်လွယ်မပြောမိပါစေနဲ့..... ကံမကောင်းစွာနဲ့...လမ်းခွဲကြရတဲ့အခါ ဘယ်သူပိုခံစားရမလဲ.......... ယောက်ျားလေး...မှ....မိန်းကလေး...မှ မဟုတ်ပါဘူး..... လွယ်လွယ်ပြောတတ်တဲ့သူတွေထက် ရင်ထဲက... နက်နက်နဲနဲ ချစ်ခဲ့တဲ့သူက ပိုလို့ ခံစားရစမြဲပါ....... ကိုယ်တိုင်လည်း....လွယ်လွယ်ပြောတတ်တဲ့သူ မဖြစ်အောင်နေသင့်သလို လွယ်လွယ်ပြောတတ်တဲ့သူမျိုးနဲ့တွေ့လာခဲ့ရင်လည်း စဉ်းစားဆင်ခြင်တတ်တဲ့.....စိတ်ကလေးတစ်ခုရှိနိုင်ဖို့လိုပါတယ်.....။ သူငယ်ချင်းများအားလုံး ကိုယ်ကရော....ကိုယ့်အပေါ်ရော သေတပန်...သက်တဆုံးချစ်နိုင်မယ့် ချစ်သူနဲ့..ဆုံဆည်းနိုင်ကြပါစေ......။ ။ May Nine 12:10 PM 29.8.2012

သေတပန်...သက်တဆုံး

Posted by : လက်တွဲဖော် 0 Comments

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -