သတိရတယ် မှတ်မိတယ် ဆိုတာ ဦးဏှောက် ရှိတဲ့လူတိုင်းအဖို့ လွယ်ကူသလို...
မေ့ပစ်တယ် မုန်းပစ်တယ် ဆိုတာ နှလုံးသားရှိတဲ့ လူတိုင်းအတွက် ခက်ခဲပါတယ်..
တစ်ခါတစ်လေ ဖြေရှင်းနည်းတွေ မတူညီကြတဲ့ အခါ အဖြေတွေက မှန်နေပေမဲ့ ယူဆချက်တွေ... အမြင်တွေ ....သဘောထားတွေ ...ကွဲလွဲနေတတ်ကြတယ်
မေ့ပစ်လိုက်တာ အကောင်းဆုံးပါ တဲ့ သူငယ်ချင်းကပြောတယ်....
ရှေ့မဆက်သင့်တော့ပါဘူးတဲ့ ဦးဏှောက်ကပြောတယ်....
မုန်းလိုက်ပါတော့တဲ့ ရင်ထဲကဒဏ်ရာတွေကပြောတယ်...
မှန်ပါတယ်... ဒါပေမဲ့
ငိုနေတဲ့နှလုံးသားလေး စိတ်ချမ်းသာအောင်တော့
နင့်ကို ဒီတစ်ရက်လောက် လွမ်းဦးမယ်....
Post a Comment