Posted by : လက်တွဲဖော်
Sunday, September 2, 2012
မပြောပါနဲ့ တော့ ချစ်သူ...
အရင်က နင့်လူအကြောင်း...
ကြားတစ်ချက် မကြားတစ်ချက်နဲ့ ..
ငါ့ရင်ဘတ်တွေ ခါးသက်နေလို့ ပါ...
.....
ပြောပေးပါ တစ်ခုလောက်တော့ ချစ်သူ..
အရင်လူထက် ပိုတဲ့ အချစ်တွေနဲ့ 
နင် ငါ့ကို ချစ်ခဲ့တယ်ဆိုတာကို...
.....
မျက်စိကိုမှိတ်...ခေါင်းကို ညိမ့်ပြီး
ဝဲဘက်ရင်အုံမှာ လက်တွေမိုးလို့ 
င့ါနှလုံးသားကို ငါပြန်ကြည့်မိတယ် ချစ်သူ...
....
စည်းချက်တွေ မှန်ချင်ပေမယ့်...
၇င်ခုန်သံတော့ ပုံမှန်ထက် ပို မြန်နေတယ် ချစ်သူ..
ခါးသက်သက် မဟုတ်ပေမယ့်
တဆစ်ဆစ်နဲ့ တော့ ကိုက်စ ပြုနေပြီ
....
ခုဆို...
သိပ်ချစ်ပါတယ် ဆိုတဲ့ စကား...
အရင်လူပြီးမှ ကိုယ်ရခဲ့ပါ့လား ဆိုတဲ့ အတွေးတောင်..
ခပ်ကြောက်ကြောက်တွေးမိနေပြီ ချစ်သူ...
....
ဘာဘဲ ဖြစ်ဖြစ် ငါ့အချစ်ကတော့
နှစ်ချို့ နေဆဲပါ ချစ်သူ...
အပေး အယူ မဆန်တဲ့  အချစ်မျိုးနဲ့ 
အသွား အပြန် မရှိခဲ့ရင်တောင်..
ငါက ဆက်ပြီး ရှင်သန်နေရဦးမဲ့လူလေ...
.....
ပြီးတော့...
ခါးသက်သက် စကားများနဲ့ 
တဆစ်ဆစ်နာကျင်နေရင်တောင်...
ရှေ့ ဆက်ဖို့ တွေးတွေးမိနေတဲ့ ..
ငါ့ နှလုံးသားကို ငါမုန်းတယ်...ချစ်သူ..
....
....
(လွမ်းရည်ဖွဲ့ တဲ့ မိုး)
Post a Comment