Archive for 08/02/12


ကောင်လေး က ကောင်မလေး ကို ရည်းစားစကားပြောတယ်။ ကောင်မလေး က ငြင်းလိုက်တယ်။ ကောင်လေး က ဘာမှမဖြစ်သလို ပျော်ပျော်ပဲ။ ကောင်လေးရဲ့ သူငယ်ချင်းက ကောင်လေးကိုမေးတယ်၊ `မင်း ကို ငြင်းလိုက်တာ မင်း..၀မ်းမနည်းဘူးလား´ ကောင်လေးက ပြန်ဖြေတယ်။ ` ငါ ဘာလို့ဝမ်းနည်းနေအုံးမှာလဲ... ငါ့ကို မချစ်တဲ့ လူတယောက်ပဲ ငါ ဆုံးရှုံးခဲ့တာပါ။ သူက... သူ့ကို ဆုံးရှုံးသွားတာပါ၊´

ချစ်တဲ့ သူတယောက်

Posted by : လက်တွဲဖော် 0 Comments

စိတ်ညစ်နေရင်ဒါလေးတွေလုပ်ကြည်.ပါ ၁=သက်ကြီးရွယ်အိုတွေကိုလက်ဆောင်တခုတခုဝယ်ပေးပါ သူတို.ပြုံးပြတာတွေ.ရရင် စိတ်ကြည်နူးပြီးစိတ်ညစ်စရာတွေပျောက်တတ်ပါတယ် ၂=ကလေးလေးကိုခဏလေးပွေ.ချီပါ သူရီသံလေးကြားရရင်စိတ်ကြည်နူးပြီးစိတ်ညစ်စရာတွေပျောက်တတ်ပါတယ် ၃=ပင်လယ်ကမ်းခြေသို.သွားပြီးငွေသဲသောင်ပြင်ပေါ်သို.ဘိနပ်မစီးပဲပြေးရင်းနဲ.အားထုပ်ပြီးအော်လိုက်ပါစိတ်ညစ်စရာတွေကိုထွေးပစ်လိုက်သလိုဖြစ်သွားစေပြီးစိတ်ညစ်စရာတွေကိုလျော.နည်းစေပါတယ် ၄=ကိုယ်အရမ်းကြိက်တဲ.စတော်ဘယ်ရီကိတ်ကိုစားပါ အရသာချိုမှိန်လို.စိတ်ညစ်စရာတွေကိုလျော.နည်းစေပါတယ် ၅=ပေါ.ပါးတဲ.သီချင်းလေးတွေကိုနားထောင်ပေးပါ လိုက်က လိုက်ခုန်ရင်းနဲ.စိတ်ညစ်စရာတွေကိုလျော.နည်းစေပါတယ် ၆=ဆင်းရဲသားတွေသူတောင်းစားတွေကိုတတ်နိုင်သလောက်ပံ့ပို.ပေးပါ သူတို.ကျေးဇူးတင်တာကိုတွေ.ရရင် စိတ်ကြည်နူးပြီးစိတ်ညစ်စရာတွေပျောက်တတ်ပါတယ် ရ=ဘုန်းင်္ကြီးကျောင်းသို.သွားပြီးဘုရားရှိခိုးပါ စိတ်ပေါ.ပါးစေပြီးစိတ်ညစ်စရာတွေပျောက်တတ်ပါတယ် ၈=သူငယ်ချင်းတွေနဲ.ဈေးဝယ်ထွက်ပါ တချိန်ကမဝယ်လိုက်ရတဲ.အရာတခုတခုဝယ်လိုက်ရလို.စိတ်ညစ်စရာတွေကိုမေ.ပစ်တတ်တယ် ၉=အစာများများစားပါ ဗိုက်ပြည်.နေရင်စိတ်ညစ်စရာတွေကအရေးမကြီးတော.ဘူးလေ ၁၀=အဓိကအချက်က ကိုယ်.ကိုစိတ်ညစ်အောင်လုပ်တဲ.သူကိုမဆဲပါနဲ. ခွင်.လွတ်ပေးပါ ဒါမှ ကိုယ်လဲခဏလေးစိတ်ညစ်ပြီးရင် စိတ်ပေါ.ပါးပြီးစိတ်ညစ်စရာတွေလည်းကိုယ်နဲ.အဝေးတနေရာသို.ထွက်သွားမှာပါ ဟုတ်ဘူးလား သင်စိတ်ညစ်နေရင် ဒါတွေလုပ်ကြည်.ပါနော် Read more: http://www.mm-flashsongs.com/profiles/blog/show?id=5202681%3ABlogPost%3A1326290&xgs=1&xg_source=msg_share_post#ixzz22SC0qWyd

စိတ်ညစ်နေရင်ဒါလေးတွေလုပ်ကြည်.ပါ

Posted by : လက်တွဲဖော် 0 Comments

လမ်းခွဲပြီးနောက် ငါတို့တွေ သူငယ်ချင်း လို့ ခေါင်းစဉ်တပ်ခဲ့ပေမယ့် တကယ်တမ်း တဖြည်ဖြည်းနဲ့ ငါတို့ အဆက်အသွယ်နည်းခဲ့တယ်။ ငါတို့ သွေး...အေးတထက် အေးလာတယ်။ `ဟယ်လို´ ဆိုတဲ့နောက်မှာ `အချစ်...ပြော...´ ဆိုပြီး အရင်က လို...နင်...ပြောမလားလို့ ဆိုပြီး ငါ့ဖက်က ဖုန်းဆက်တိုင်း နင်...ငါ့နာမည်ကိုပဲ ခေါ်ခဲ့တယ်။ ဘာလို့များ...ငါ့ နင့်အသံကို မသိမ်းထားရတာလဲ။ ငါ...ကိုယ်က ယုံလွယ်လွန်းတာပါ။ ပထမဆုံးအကြိမ် `နင့်ကို ငါချစ်တယ်´ ဆိုတဲ့ နင်ပြောခဲ့တဲ့ စကားတခွန်းကို အဲ့ဒီ့ တဒင်္ဂလေးအတွင်းမှာ ဒါဟာ တသက်လုံး အတွက်ပဲလို့ ငါ... တွေးခဲ့မိတာပါ။

တသက်လုံး အတွက်ပဲလို့

Posted by : လက်တွဲဖော် 0 Comments

ကောင်လေး က ကောင်မလေး ကို ပြောတယ်။ `ငါ နင့်ကို ပုံပြင်တပုဒ်ပြောပြမယ်´ `အင်း...´ ကောင်မလေးက ခေါင်းလေးကို လှုပ်ရုံလေး လှုပ်ပြပြီး တိုးတိုးလေး ဖြေလိုက်တယ်။ ကောင်လေးက ပြောတယ်။ `ဟိုးရှေးရှေးတုန်းက ရွာလေး တစ်ရွာမှာ လူနှစ်ယောက်ရှိတယ်၊ သူတို့ နာမည်တွေက (နင့် ကို ငါချစ်တယ်) နဲ့ (နင့်ကို ငါမချစ်ဘူး) ။ တစ်ရွာလုံးမှာ သူတို့ နှစ်ယောက်တည်း၊ တစ်နေ့ ... (နင့် ကို ငါမချစ်ဘူး) ဆိုတဲ့ လူက သေ သွားရော...´ `ဟယ်...´ အံ့သြသွားတဲ့ ပုံစံလေးနဲ့ ကောင်မလေး ပါးစပ်လေး ၀ိုင်းသွားတယ်။ `အဲ့ဒါ... အဲ့ဒီ့ ရွာမှာ ဘယ်သူ ကျန်လဲ..´ `နင့်ကို ငါချစ်တယ်...´ ကောင်မလေးရဲ့ စကားတောင် မဆုံးသေးဘူး ကောင်လေးက `ငါ လည်းနင့်ကိုချစ်တယ်...´။

`ငါ လည်းနင့်ကိုချစ်တယ်...´။

Posted by : လက်တွဲဖော် 0 Comments

ချစ်ကြိုက်ခါစ ချစ်သူ နှစ်ဦး ကောင်မလေး ။ ။ `ကို... တခြား ဘယ်ကောင်မလေးကို မှ မချစ်ဘူးလို့ ကတိပေးနော်... ´ ကောင်လေး ။ ။ `မပေးနိုင်ဘူး´ ကောင်မလေး ။ ။ ` ဒါဆို..ကို့ မှာ.. `ချစ်´ ထက် ပိုပြီး ချစ်ရမယ့် သူ ရှိနေပြီပေါ့´ ကောင်လေး ။ ။ ` အင်း...ရှိတယ်၊ သူ က `ချစ်´ လိုပဲ ချစ်ဖို့ကောင်းလိမ့်မယ်။ `ချစ်´ လိုပဲ ချောလိမ့်မယ်။ ဒါပေမယ့် `ချစ်´ ထက် အသက်အများကြီး ငယ်လိမ့်မယ်။ နောက်ပြီး သူက `ချစ်´ ကို မေမေ လို့ ခေါ်လိမ့်မယ်။

ချစ်သူ နှစ်ဦး

Posted by : လက်တွဲဖော် 0 Comments

boy: နင့်မျက်လုံးတွေ ခဏလောက် မှိတ်ထားလိုက်ပါလား.. girl: +_+ boy: ဘာမြင်ရလဲ??? girl: ဘာမှမမြင်ရဘူး.. မှောင်မဲနေတယ်.. boy: အဲ့ဒါ

နင်မရှိတဲ့ ငါ့ဘဝ

Posted by : လက်တွဲဖော် 0 Comments

ကောင်လေး နဲ့ ကောင်မလေး နှစ်ယောက်တည်း ကစားနေတုန်း ကောင်လေးက ` နင့် မျက်လုံးတွေမှိတ်ထားလိုက်´ ကောင်မလေးက ကောင်လေး ပြောတဲ့အတိုင်း မျက်လုံးကို အားစိုက်ပြီး မှိတ်ထားလိုက်တယ်။ ကောင်လေး က ကောင်မလေး နားကပ်ပြီး ပါး ကို ရွတ်ခနဲ နမ်းပြီး အဝေးကို ပြေးထွက်သွားတယ်။ (၁၅) နှစ်ကြာပြီးနောက် ကောင်လေး က ` ချစ်...မျက်လုံး ခဏမှိတ်ထား´ ကောင်မလေးက နှုတ်ခမ်းလေးစူပြီး မျက်လုံးပိတ်ထားတယ်။ ကောင်လေးက ကောင်မလေး ရှေ့ ဒူးထောက်ပြီး လက်ထပ် လက်စွပ်ကို ကိုင်ထားလိုက်တယ်။ `ကဲ...မျက်လုံးဖွင့်လို့ရပြီ´ နှစ်(၅၀) ကြာပြီးနောက်.. ယောကျာ်းက ဆေးရုံက ကုတင် ပေါ်မှာ လှဲနေရင်း သူ့ မိန်းမ ကိုခေါ်လိုက်တယ်။ `နင်...ဒီနားခဏလာပြီး မျက်လုံး ခဏလောက် ပိတ်ထားပါလား´ မိန်းမက မျက်လုံး မှိတ်ထားလိုက်တယ်။ မျက်လုံးပြန်ဖွင့်လိုက်တော့ သူ...လူ့လောကကြီးထဲက ထွက်သွားပြီ။ သူမ... မျက်လုံး တွေကို... ပြန်ပြီး မှိတ်ထားလိုက်တယ်။ ဆက်ပြီး မှိတ်ထားလိုက်တယ်

မှိတ်ထားလိုက်တယ်

Posted by : လက်တွဲဖော် 0 Comments

နင်မရှိတဲ့နောက် ငါ့...ခံစားချက်တွေ ထုံကျဉ်နေခဲ့ပြီ။ ဘယ်သူ ဘယ်လောက် `ချစ်တယ်´ပြောပြော `သေလောက်အောင်´ လွမ်းပြအုံး။ ငါ... ဂရုမစိုက်မိတော့ဘူး။ ငါ့အချစ်တွေ နှလုံးသား အောက်ခြေမှာ အနယ်ထိုင်ခဲ့ပြီပဲ။ လှုပ်ပစ်စမ်းပါ။ အင်အားပြင်းပြင်း ငလျင်တခု လှုပ်ပစ်လိုက်စမ်းပါ။ ... ငါ ပြောရဲတယ်။ူ... နင်ကလွဲရင် ဘယ်သူမှ ငါ့ရင်တခုလုံးကို ၀ရုန်းသုန်းကား ဖြစ်သွားအောင် မလှုပ်ခတ်နိုင်ပါဘူး။ ရှိပါစေတော့ နေပါစေတော့ နင့်ကိုချစ်တဲ့ အချစ်တွေ ကျောက်ဖြစ်ရုပ်ကြွင်းသာ ဖြစ်လိုက်ပါစေတော့။ သိုးငယ်။

နင်မရှိတဲ့နောက်

Posted by : လက်တွဲဖော် 0 Comments

ညီမလေး... ညီမ...ဘ၀ အတွက် ရည်ရွယ်ထားတဲ့ ချစ်သူ ရွေးချယ်မယ်ဆိုရင် ချစ်သူ က ညီမ ကို သူ့ အိမ်ခေါ်သွားတဲ့အခါ သူ့ အိပ်ခန်းထဲကို ခေါ်သွားတဲ့သူ ကို ရွေးမယ့်အစား သူ့ မိဘတွေနဲ့ တွေ့ပေးမယ့် သူကိုပဲ ရွေးချယ်လိုက်ပါ။

ညီမလေး...

Posted by : လက်တွဲဖော် 0 Comments

အကယ်၍ သင်..သူမရဲ့ မျက်လုံးတွေ၊ နှုတ်ခမ်းတွေ၊ ခန္ဓာကိုယ် ကို ချစ်မိပြီဆိုရင်... ဒါ...အချစ်မဟုတ်ဘူး။ `ရမ္မက်´ သင် သူမရဲ့ ထက်မြက်မှု၊ ထိုးထွင်းသိမြင်နိုင်စွမ်းရှိမှုတွေကို ချစ်မိပြီဆိုရင်... ဒါ... အချစ်မဟုတ်ဘူး။ `လေးစားမှု´ သင် သူမကို ထားခဲ့ဖို့ကြိုးစားတိုင်း သူမ မျက်ရည်တွေကြောင့် ချစ်မိပြီဆိုရင်... ဒါ... အချစ်မဟုတ်ဘူး။ `ဂရုဏာသက်မှု´ သင် သူမကြောင့် အစားအသောက်ပျက်၊ အအိပ်ပျက် တယ်ဆိုရင် ... ဒါ... အချစ်မဟုတ်ဘူး။ `အရူးအမူးစွဲလမ်းမှု´ အချစ် ဆိုတာ သင်ဘာကြောင့်ဒီလူ တစ်ယောက်ကိုချစ်မိလဲဆိုတာ သင်ကိုယ်တိုင်မသိမှု။ လူတစ်ယောက်ကို ဘာကြောင့်ချစ်မိလဲ ဆိုတာ အကြောင်းပြချက်ရှိရင် အဲ့ဒီ့ အကြောင်းပြချက် က `ဘာမှန်းမသိ´ ခြင်းပဲဖြစ်လိမ့်မယ်။

`ဘာမှန်းမသိ´

Posted by : လက်တွဲဖော် 0 Comments

သိုး ငယ် တစုံတယောက် ပေါ် `ဒေါသ´ထွက်နေမယ့်အစား၊ တိတ်ဆိတ်စွာ `ငို´ ပစ်လိုက်တာက ပိုကောင်းပါသေးတယ်။ `ဒေါသ´က တခြားသူ အပေါ်နာကျင်စေတယ်။ သူ့ အတွက် ပူလောင်စေတယ်။ တိတ်ဆိတ်စွာ ကျတဲ့ မျက်ရည်တွေ စိတ်ဝိဥာဉ်ကို ဖြတ်ဆင်းပြီှးနှလုံးသား ကို ဆေးကြောပစ်လိုက်တာက `ငါ့´အတွက် အကောင်းဆုံးသော `ဒေါသ´ဖြေနည်းတစ်ခု။ နင့် အကြောင်းတွေးလိုက်တိုင်း ခုဆို... `ငါ´ တိတ်တိတ်လေး `ငို´ တယ်။

`ငို´ တယ်။

Posted by : လက်တွဲဖော် 0 Comments

တချို့လူတွေ တွေ့ဆုံဖို့ အခွင့်အရေး မရှိဘူး။ တကယ်တမ်း တွေ့ဆုံဖို့ အခွင့်အရေးရှိတော့လည်း တွေဝေမိကြပြန်တယ်။ တချို့ကိစ္စတွေ လုပ်ဖို့ အခွင့်အရေး မရှိဘူး။ အခွင့်အရေး ရလာတော့လည်း မလုပ်ချင်တော့ပြန်ဘူး။ တချို့စကားတွေ နှလုံးသားထဲမှာ သိမ်းထားတယ်။ ပြောဖို့ အခွင့်အရေးမရှိဘူး။ ပြောဖို့ အခွင့်ကြုံလာတော့လည်း ပြောမထွက်တော့ပြန်ဘူး။ တချို့ `အချစ်´တွေ ချစ်ဖို့ အခွင့်အရေးမရဘူး။ သူ့ကို ချစ်ဖို့ အခွင့်အရေးရတော့လည်း မချစ် ချင်တော့ဘူး။ တချို့ကုန်ပစ္စည်းတွေမှာ သက်တမ်းကုန်ဆုံးရက်ရှိသလို တချို့ အချစ် တွေမှာလည်း သက်တမ်းကုန်ဆုံးရက်ဆိုတာရှိပါတယ်။

လူတွေ

Posted by : လက်တွဲဖော် 0 Comments

ကောင်မလေး နှစ်ယောက်စကားပြောနေတယ်။ ပထမ ကောင်မလေးက `ယောကျာ်းတွေ ဆိုတာ ကြက်သွန်နီနဲ့တူတယ်။ ငါတို့တွေ သူတို့ကို အကြောင်း သေချာစုံစမ်းကြည့်တဲ့အခါ ကြက်သွန်နီကို တလွာခြင်းခွာတာနဲ့တူတယ်။ ခွာရင်းနဲ့ မျက်ရည်ကျရတယ်။ နောက်မှသိလိုက်ရတယ်။ သူတို့မှာ နှလုံးသားမှမရှိဘဲ´ ဒုတိယ ကောင်မလေးက ` တကယ်တော့ နင်ထင်သလိုမဟုတ်ပါဘူး။ ငါတို့တွေက သူတို့ နှလုံးသားကို တလွာခြင်းခွာနေတာပါ။ အစကတည်းက သူက နှလုံးသားတခုလုံး နင့်ကို ပုံအပ်ပြီးပြီပဲလေ။ နင်မှ သူ့ကိုမယုံတာ´ (သံသယ ဆိုတာကို မျက်လုံးထဲ ထည့်ထားတဲ့အခါမှ ခုလုခုလုနဲ့ အမြင်ဘယ်ကြည်တော့မလဲ)

ကောင်မလေး နှစ်ယောက်

Posted by : လက်တွဲဖော် 0 Comments

ကောင်မလေး ။ ။ ငါက အရပ်လည်းမမြင့်ဘူး။ သူများတွေလို ခန္ဓာကိုယ်လဲ ကြည့်မကောင်ဘူး။ ကောင်လေး ။ ။ ငါလိုချင်တာ မော်ဒယ် တစ်ယောက်မှမဟုတ်တာ။ ကောင်မလေး ။ ။ ငါ လှလည်းမလှဘူး။ ကောင်လေး ။ ။ ငါလိုချင်တာ မင်းသမီး တစ်ယောက်မှ မဟုတ်တာ။ ကောင်မလေး ။ ။ ငါ ထမင်းဟင်းလည်း မချက်တတ်ဘူး။ိကောင်လေး ။ ။ ငါလိုချင်တာ စားဖိုမှုးတစ်ယောက်မှ မဟုတ်တာ။ ကောင်မလေး ။ ။ ငါ ပညာအရည်အချင်းကလည်း သာမာန်ပဲ။ ကောင်လေး ။ ။ ငါလိုချင်တာ ပညာတတ်လွန်းနေတဲ့ မိန်းမတစ်ယောက်မှ မဟုတ်တာ။ ကောင်မလေး ။ ။ ဒါ ဆို နင်က ဘာကိုလိုချင်တာလဲ။ ကောင်လေး ။ ။ ငါလိုချင်တာ နင့် ကိုပဲ။ ဒါကိုနင်နားလည်လား။

ကောင်မလေး ။ကောင်လေး

Posted by : လက်တွဲဖော် 0 Comments

လူ တစ်ယောက်ကိုချစ်မိတဲ့အခါ `သဲ´ ကိုလက်နဲ့ ဆုတ် ကိုင်ထားသလိုပါပဲ။ တင်းတင်းကျပ်ကျပ်ဆုတ်ထားလေ လက်ထဲမှာ `သဲ´က လျော့လေလေ။ လူ တစ်ယောက်ကို လွမ်းမိတဲ့အခါ `ရေ´ တစ်ခွက်သောက်မိသလိုပါပဲ။ အချိန်တွေကြာလာတာနဲ့အမျှ သောက်မိတဲ့ ရေတွေက တစက် ပြီး တစက် `မျက်ရည်´ တွေအဖြစ်ပြောင်းလဲကုန်တော့တာပဲ။

`သဲ´ ရေ

Posted by : လက်တွဲဖော် 0 Comments

လေးစားမှု မရှိရင် `အချစ်´ က ထွက်ပြေးသွားလိမ့်မယ်။ ဂရုစိုက်မှု မရှိရင် `အချစ်´ က ပျင်းနေလိမ့်မယ်။ ရိုးသားမှု မရှိရင် `အချစ်´ က ပျှော်ရွင်မှာမဟုတ်ဘူး။ ယုံကြည်မှု မရှိရင်တော့ `အချစ်´ က ဘယ်တော့မှ မြဲမှာမဟုတ်ဘူး။

အချစ်

Posted by : လက်တွဲဖော် 0 Comments

ကောင်လေး က ကောင်မလေးကို မေးတယ်။ `အကယ်၍ ဘ၀ မှာ နောက်ဆုံး တစ်မိနစ်ပဲ အချိန်ရတော့တယ်ဆိုရင် နင်ဘာလုပ်မှာလဲ´ ကောင်မလေးက ကောင်းလေး ရဲ့ မျက်ဝန်းတွေကို ခဏလေးစိုက်ကြည့်ပြီး အကြည့်တွေကို အဝေးမှာ ထားလိုက်တယ်။ ကောင်မလေး က `ငါ...အသက်ကိုတ၀ကြီးရှူ၊ သတ္တိတွေမွေးပြီး ငါချစ်တဲ့သူကို ချစ်ခွင့်ပန် မှာပေါ့´ ကောင်လေးက အသံကျယ်ကြီးရယ် လိုက်တယ်။ `ဟား... နင်ပြောမယ့် တစ်ယောက်က ငါမဟုတ်ကောင်းပါဘူး´ ကောင်မလေး ဘာဆိုဘာမှပြန်မပြောတောဘူး။ ကောင်လေးနဲ့အတူ အကျယ်ကြီးလိုက်ရယ် (ရီ)တယ်။ ရယ် ရင်းနဲ့ မျက်ရည်တွေကျလာတယ်။ `ငတုံး.. ဘ၀ မှာနောက်ဆုံးတစ်မိနစ်ပဲ ကျန်တော့မှ ငါနင့်ကိုချစ်တယ်ဆိုတာ နင်သိမှာလား´ ကောင်မလေး စိတ်ထဲမှာ ရယ်သံတွေထက်ကျယ်အောင် အော်ပြောလိုက်တယ်။ (တစ်ခါတလေ တစ်ဖက်သက် အချစ် ဆိုတာ နှလုံးသားထဲမှာ ပြာဖုံးထားတဲ့ မီးခဲလား။ အမှတ်မထင် လေ တိုက်တဲ့အခါ မီးခဲကရဲရဲတောက်ပြီး သေအောင်ပူတယ်)

သေအောင်ပူတယ်)

Posted by : လက်တွဲဖော် 0 Comments

ချစ်သူ နှစ်ဦး လမ်းခွဲပြီးတဲ့နောက် သူတို့ဟာ တစ်ယောက်ကို တစ်ယောက် နာကျင်မှုတွေပေးခဲ့တဲ့အတွက် `သူငယ်ချင်း´ ပြန်မဖြစ်နိုင်တော့ဘူး။ သူတို့ဟာ တစ်ယောက်ကို တစ်ယောက် သေလောက်အောင် ချစ်ခဲ့ကြတဲ့အတွက် `ရန်သူ´ လည်းမဟုတ်ပြန်ဘူး။ သူတို့ဟာ လမ်းမှာ မျက်နှာချင်းဆိုင်တွေ့ရင်တောင် တစ်ယောက်နဲ့ တစ်ယောက် ပြုံးပြလို့ မရတော့တဲ့ အရင်းနှီးဆုံး သူစိမ်းတွေ။

အရင်းနှီးဆုံး သူစိမ်းတွေ။

Posted by : လက်တွဲဖော် 0 Comments

ချစ်သူ နှစ်ဦး ကြိုးတံတားလေး တစ်ခုကို ဖြစ်လျောက်တဲ့အခါ ကောင်လေး က ကောင်မလေး ကိုပြောတယ်။ ကောင်လေး။ ။`ငါ့ လက်တွေကို ကိုင်ထား´ ကောင်မလေး။ ။`ငါ နင့်လက်ကို ကိုင်ထားတာနဲ့ နင် ငါ့လက်ကို ကိုင်ထားတာ အတူတူပဲမဟုတ်လား´ ကောင်လေး။ ။ `အကယ်၍ ငါနင့်လက်ကို ကိုင်ထားရင် တနေ့နေ့တချိန်ချိန်မှာ အခက်အခဲတစ်ခုခုကြောင့် နင့်လက်ကို ငါလွတ်ကောင်းလွတ်နိုင်တယ်။ ဒါပေမယ့် နင် ငါ့လက်တွေကို ကိုင်ထားရင်...ငါ...နင့်ကိုယုံတယ်။ နင်...ငါ့ကိုဘယ်တော့မှ လက်လွတ်မှာမဟုတ်ဘူး။

လက်လွတ်မှာမဟုတ်ဘူး။

Posted by : လက်တွဲဖော် 0 Comments

ရည်းစားဟောင်း နဲ့ သူ့ချစ်သူ ကို သင် တွေ့လိုက်ရတဲ့အခါ မနာလိုဖြစ်မနေပါနဲ့။ နှမြောတသသ ဖြစ်မနေပါနဲ့။ ငယ်ငယ်တုန်းက ဖေဖေနဲ့ မေမေ ပြောဖူးတယ်မဟုတ်လား။ `မဆော့တော့တဲ့ အရုပ်ဟောင်း တွေကို ဘ၀ ပေးကံမကောင်းလို့ `အရုပ်´မ၀ယ်နိုင်တဲ့ သူတွေကို ပေးကမ်းလိုက်ပါလို့´။ `သင်´ ၀မ်းနည်းမနေပါနဲ့။ `အရုပ်´ အသစ်သာ ၀ယ်ပစ်လိုက်ပါ။

အသစ်သာ ၀ယ်ပစ်လိုက်ပါ။

Posted by : လက်တွဲဖော် 0 Comments

ကောင်မလေး က ကောင်လေးကို မေးတယ်။ ကောင်မလေး။ ။ `ငါ့ကို တစ်နေ့မှာ ဘယ်နှစ်နာရီ သတိရလဲဟင်´ ကောင်လေး။ ။` ၁၆နာရီ´ ကောင်မလေး။ ။ `ဟင်...ကျန်တဲ့ ၈ နာရီမှာ ဘာလို့သတိမရတာလဲ´ ကောင်လေး။ ။ `ကျန်တဲ့ ၈ နာရီမှာ နင့်ကို အိပ်မက်မက်ပြီး အိပ်နေလို့ပေါ့´

အိပ်နေလို့ပေါ့´

Posted by : လက်တွဲဖော် 0 Comments

ကောင်မလေး က ကောင်လေးကိုမေးတယ်။ ကောင်မလေး ။ ။ `ငါ ချောလားဟင်´ ကောင်လေး ။ ။ `ချောဘူး´ ကောင်မလေး ။ ။ ` နင့်နှလုံးသားထဲ မှာ ငါရှိလား´ ကောင်လေး ။ ။ `ရှိဘူး´ ကောင်မလေး ။ ။ `ငါ အဝေးကို ထွက်သွားရင် နင်ငိုမှာလား´ ကောင်လေး ။ ။ `မငိုဘူး´ ကောင်မလေး ။ ။ `နင် ငါ့ကိုမှ တကယ်မကြိုက်တာ´ ကောင်လေး။ ။ `အင်း´ ဒီတခါ ကောင်မလေး စိတ်ဆိုးပြီး ကောင်လေး ဘေးနားကနေ ထ သွားတယ်။ ကောင်လေးက ကောင်မလေး လက်ကို လှမ်းဆွဲလိုက်ပြီး ကောင်လေး ။ ။ ` နင်က မချောဘူး...လှတာ၊ ငါ့နှလုံးသား ထဲမှာ နင်မရှိဘူး၊ နင်က ငါ့ရဲ့ နှလုံးသားပဲ၊ နင် အဝေးကို ထွက် သွားရင် ငါမငိုဘူး၊ ငါ...သေမှာ...။ ငါ့နင့်ကို မကြိုက်ဘူး၊ ငါ.. နင့်ကို ချစ်တာ´

နင့်ကို ချစ်တာ´

Posted by : လက်တွဲဖော် 0 Comments

တစ်နေ့နေ့မှာ ငါ နင့်ကို လွမ်းသလိုမျိုး နင် ငါ့ကို လွမ်းလာလိမ့်မယ်။ တစ်နေ့နေ့မှာ ငါ နင့်ကို အလိုရှိသလိုမျိုး နင် ငါ့ကို အလိုရှိလာလိမ့်မယ်။ တစ်နေ့နေ့မှာ ငါ နင့်ကို ချစ် ခဲ့သလိုမျိုး နင် ငါ့ကို ချစ် လာလိမ့်မယ်။ ဒါပေမယ့် ငါ...နင့်ကို ချစ်နေတော့မှာ မဟုတ်ဘူး။

တစ်နေ့နေ့မှာ

Posted by : လက်တွဲဖော် 0 Comments

တယောက်ယောက်ကို လွမ်းနေလား ... ခေါ်လိုက်ပါ။ တွေ့ချင်နေလား ... ဖိတ်ခေါ်လိုက်ပါ။ နားလည်စေချင်လား ... ရှင်းပြလိုက်ပါ။ မေးစရာ တွေရှိနေပြီလား ... မေးလိုက်ပါ။ တစုံတရာကို မကြိုက်ဖူးလား... ပြောလိုက်ပါ။ တခုခုကို နှစ်သက်နေလား ... နှစ်သက်ကြောင်းပြောလိုက်ပါ။ တခုခုကို လိုချင်နေလား ... တောင်းယူကြည့်ပါ။ တစုံတယောက်ကို ချစ်နေပြီလား ... သင် သူ့ကို ချစ်ကြောင်း ပြောလိုက်ပါ။ ကျွန်တော်တို့ မှာ ဘ၀ ဆိုတာ တစ်ခုပဲရှိပါတယ်။ အရိုးရှင်းဆုံး နေထိုင်သွားကြရအောင်။

အရိုးရှင်းဆုံး

Posted by : လက်တွဲဖော် 0 Comments

မိုးယုစံရဲ့ အသက် ၂၁ ပြည့်မွေးနေ့ လန်ဒန်မြို့ ကောလင်းဒေးကျောင်းတွင် ကျင်းပ

DSC_0014


DSC_0010





DSC_0034


DSC_0047


DSC_0060



လန်ဒန်သို့ ဖျော်ဖြေရေး အစီအစဉ်များဖြင့် ခေတ္တရောက်ရှိနေတဲ့ မင်းသမီး မိုးယုစံရဲ့အသက် (၂၁) နှစ်ပြည့် မွေးနေ့ပွဲလေးကို ယနေ့ ဇူလိုင်လ ၁၁ ရက်နေ့ လန်ဒန်မြို့ သာသနရံသီဝိဟာရမှ ဆရာတော် ဦးဥတ္တရနှင့် တကွ သံဃာတော်များကို ဆွမ်းဆပ်ကပ်ပြီး ကျင်းပခဲ့ပါတယ်။ မိုးယုစံနှင့်အတူ အခြားအနုပညာရှင်များဖြစ်သည့် ဂျင်းနီ၊ ထွန်းထွန်း၊ တင်မောင်ဆန်းမင်းဝင်း နှင့် ရွှေတံဆိပ် ၁၉  ဆုရှင် ရွာစား သီရိမောင်မောင် ဝိုင်းတော်သားများမှလည်း မွေးနေ့ဆုတောင်း ပြုလုပ်ပေးခဲ့ကြပါတယ်။ ထို့နောက် မွေးနေ့ရှင် မိုးယုစံမှ မွေးနေ့ကိတ်ခွဲပြီး တက်ရောက်လာသည့် မိတ်ဆွေများကို ကျွေးမွေးခဲ့ပါတယ်။ မွေးနေ့မှသည် အောင်မြင်မှုများစွာ ဆက်တိုက်ပိုင်ဆိုင်နိုင်ပါစေ။

မိုးယုစံရဲ့အသက် (၂၁);နှစ်ပြည့်;မွေးနေ့ပွဲလေး

Posted by : လက်တွဲဖော် 0 Comments

အသွင်တူမှ အိမ်သူဖြစ်ရမှာလား

အိမ်သူဖြစ်ပြီးမှ အသွင်တူအောင်

စိတ်တူကိုယ်တူ

အေးအတူ ပူမမျှပဲ

သူ့ဘ၀နဲ့ ကိုယ့်ဘဝ

ပေါင်းစည်းပြုပြင်ပြီး

 

ထာဝရကြည်နူး ပျော်ရွှင်ဖွယ်

ဘ၀အိမ်လေးဆောက်မယ်ဆိုရင်ကော မဖြစ်ဘူးလား ။

 

အသွင်တူ အိမ်သူဖြစ်ပြီးမှ

ယောက်ျားကလဲ

အိမ်ဦးသခင် ငါအရှင်ပဲလို့

စိတ်မှာ အမှတ်မှား

ပျော်ရာမှာနေ ကြုံရာမှာစား

ဇနီးမယားအလှတရားကို

လမ်းဘေးက ပျော်တော်ဆက်မယ်လောက်

တန်းဖိုးမထား

ဖောက်ပြန်တာကို

ဂုဏ်တစ်ခုလို သဘောထားပြီး

ဇနီးမယားရဲ့ အတွင်းစိတ်ကို ၀င်မကြည့်ပဲ

သန်းခေါင်ယံ

အိမ်အရောက်မှာ

မျက်ရည်စိုးစိုး

မောလို့အိပ်ပျော်နေတဲ့

မိန်းမဘေးမှာ ငွေအပုံပေးယုံနဲ့

ပြီးပြည့်စုံနဲ့

အိမ်ထောင်လင်ယောက်ျားဘ၀လား  ။

 

အသွင်ကတူတူ ဒီလင်ယူပြီး

ဇနီးမယား သက်ထားသခင်

ဒီနာမည်နှင့်

 

ချက်ပြုတ် လျှော်ဖွတ်

ဒီအလုပ်တွေ ဘေးချထားပြီ

အိမ်အပြင်မှာ လူတကားနဲ့

အိမ်ဦးနတ်လင်

အ တင်းမှစလို့

အိုဘားမား အသားမဲတာအဆုံး

အတင်းစုံ သတင်းစုံနဲ့

ဒိုဘီမှာတော့ အ၀တ်တွေ

မွဲခြောက်ခြောက်နဲ့ပေါ့

ရှောပင်ဆိုတာ

လင်တော်မောင် ငွေထုတ်စက်ရှိသလား

အတွေးမှာထားပြီး

ဒစ်စကောင့်လေးချလို့ ၀ယ်လိုက်တာလို့

ဆင်ခြေ ဆင်လက် ဆင်တစ်ကောင်လုံးနဲ့

ဝယ်တဲ့ ပစ္စည်းတွေကတော့

လင်တော်မောင်ရဲ့ ပါးလှပ်လှပ် အိပ်ကပ်လေးကို

လောင်ပြုံးလေးပြုံးလို့ပေါ့ ။

 

လင်းနဲ့မယား

လျှာနဲ့သွား

ဒီစကားတွေ ဘေးထားလိုက်ပါ

သွားကလဲ ၀ါးဖို့ထားပြီး

လျှာကလဲ အရသာခံ

မတော်လို့ ကိုက်မိရင်တောင်

သွားကလဲ လျှာလေးနားသွားလို့ရယ်

လျှာကလဲ ငါ့နေရာငါမနေ

အပြင်ထွက်လို့ ကိုက်မိပါလားလို့

နားလည်မှု့ နှလုံးသားကိုခြံလေးခတ်ပြီး

အပြစ်မမြင် အချစ်သစ်ပင်လေးတွေ အရိပ်ရအောင်စိုက်လို့ရယ်

 

ဘ၀အိမ်လေးမှာ အတူတကွ ထာဝရနဲ့

လက်တွဲသွားတာ

အိမ်ထောင်သည်များရဲ့

နှိုင်းယှဉ်လို့မရတဲ့ 

ဘ၀အလှတရားပါ ။

 

 

Posted by လွင်ပြင်လှိုင်းငယ်

လင်နဲ့မယား

Posted by : လက်တွဲဖော် 0 Comments

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -