Posted by : လက်တွဲဖော်
Thursday, August 2, 2012
ကောင်မလေး က ကောင်လေးကိုမေးတယ်။
ကောင်မလေး ။ ။ `ငါ ချောလားဟင်´
ကောင်လေး ။ ။ `ချောဘူး´
ကောင်မလေး ။ ။ ` နင့်နှလုံးသားထဲ မှာ ငါရှိလား´
ကောင်လေး ။ ။ `ရှိဘူး´
ကောင်မလေး ။ ။ `ငါ အဝေးကို ထွက်သွားရင် နင်ငိုမှာလား´
ကောင်လေး ။ ။ `မငိုဘူး´
ကောင်မလေး ။ ။ `နင် ငါ့ကိုမှ တကယ်မကြိုက်တာ´
ကောင်လေး။ ။ `အင်း´
ဒီတခါ ကောင်မလေး စိတ်ဆိုးပြီး ကောင်လေး ဘေးနားကနေ
ထ သွားတယ်။
ကောင်လေးက ကောင်မလေး လက်ကို လှမ်းဆွဲလိုက်ပြီး
ကောင်လေး ။ ။ ` နင်က မချောဘူး...လှတာ၊ ငါ့နှလုံးသား
ထဲမှာ နင်မရှိဘူး၊ နင်က ငါ့ရဲ့ နှလုံးသားပဲ၊ နင် အဝေးကို ထွက်
သွားရင် ငါမငိုဘူး၊ ငါ...သေမှာ...။ ငါ့နင့်ကို မကြိုက်ဘူး၊ ငါ..
နင့်ကို ချစ်တာ´
Post a Comment