ချစ်သူ နှစ်ဦး လမ်းခွဲပြီးတဲ့နောက်
သူတို့ဟာ
တစ်ယောက်ကို တစ်ယောက် နာကျင်မှုတွေပေးခဲ့တဲ့အတွက်
`သူငယ်ချင်း´ ပြန်မဖြစ်နိုင်တော့ဘူး။
သူတို့ဟာ
တစ်ယောက်ကို တစ်ယောက် သေလောက်အောင် ချစ်ခဲ့ကြတဲ့အတွက်
`ရန်သူ´ လည်းမဟုတ်ပြန်ဘူး။
သူတို့ဟာ
လမ်းမှာ မျက်နှာချင်းဆိုင်တွေ့ရင်တောင်
တစ်ယောက်နဲ့ တစ်ယောက်
ပြုံးပြလို့ မရတော့တဲ့
အရင်းနှီးဆုံး သူစိမ်းတွေ။
Post a Comment