Posted by : လက်တွဲဖော် Thursday, August 2, 2012


ကောင်လေး က ကောင်မလေးကို မေးတယ်။ `အကယ်၍ ဘ၀ မှာ နောက်ဆုံး တစ်မိနစ်ပဲ အချိန်ရတော့တယ်ဆိုရင် နင်ဘာလုပ်မှာလဲ´ ကောင်မလေးက ကောင်းလေး ရဲ့ မျက်ဝန်းတွေကို ခဏလေးစိုက်ကြည့်ပြီး အကြည့်တွေကို အဝေးမှာ ထားလိုက်တယ်။ ကောင်မလေး က `ငါ...အသက်ကိုတ၀ကြီးရှူ၊ သတ္တိတွေမွေးပြီး ငါချစ်တဲ့သူကို ချစ်ခွင့်ပန် မှာပေါ့´ ကောင်လေးက အသံကျယ်ကြီးရယ် လိုက်တယ်။ `ဟား... နင်ပြောမယ့် တစ်ယောက်က ငါမဟုတ်ကောင်းပါဘူး´ ကောင်မလေး ဘာဆိုဘာမှပြန်မပြောတောဘူး။ ကောင်လေးနဲ့အတူ အကျယ်ကြီးလိုက်ရယ် (ရီ)တယ်။ ရယ် ရင်းနဲ့ မျက်ရည်တွေကျလာတယ်။ `ငတုံး.. ဘ၀ မှာနောက်ဆုံးတစ်မိနစ်ပဲ ကျန်တော့မှ ငါနင့်ကိုချစ်တယ်ဆိုတာ နင်သိမှာလား´ ကောင်မလေး စိတ်ထဲမှာ ရယ်သံတွေထက်ကျယ်အောင် အော်ပြောလိုက်တယ်။ (တစ်ခါတလေ တစ်ဖက်သက် အချစ် ဆိုတာ နှလုံးသားထဲမှာ ပြာဖုံးထားတဲ့ မီးခဲလား။ အမှတ်မထင် လေ တိုက်တဲ့အခါ မီးခဲကရဲရဲတောက်ပြီး သေအောင်ပူတယ်)

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -