Archive for 02/25/12

အချစ်ဇာတ်လမ်းလေးတစ်ပုဒ် . . ကောင်လေးက သူ့ကောင်မလေးကို စိန်ခေါ်တယ်...သူ့ကို တစ်ရက်လုံး မဆက်သွယ်ပဲနေနိုင်ရင် တသက်လုံးချစ်ပြမယ် ~ သူ့ကိုဖုန်းမခေါ် Message လဲမပို့ရဘူးဆိုပြီး ပြောတယ်... ကောင်မလေးကလည်း စိန်လိုက်.. ပေါ့. . ဆိုပြီးတစ်နေကုန် မဆက်သွယ်ပဲနေတယ်. . ဒါပေမဲ့ သူမ မသိလိုက်တာက ... သူ့ကောင်လေးဟာ ၂၄နာရီပဲ အသက်ရှင်ရတော့မယ့် သူဆိုတာကိုပဲ ~~~ နောက်တစ်ရက် သူ့ကောင်လေးက မဆက်သွယ် မဆက...်သွယ် နဲ့ . .စိတ်ပူဒေါသထွက်စွာနဲ့ပဲ ညနေပိုင်းမှာ ကောင်လေးအိမ်ကို ရောက်သွားတော့ . .သူ့အလောင်းဘေးနားမှာ စာလေးတစ်စောင် ရှိနေလေရဲ့ ... "သဲ .. ကိုယ့်ကိုမဆက်သွယ်ပဲ သဲ နေနိုင်တယ်ဟုတ်? တော်လိုက်တဲ့ ငါ့ချစ်သဲ. . အဲ့လိုပဲ နေ့တိုင်းနေနိုင်ပါစေကွာ ".. တဲ့

အဲ့လိုပဲ နေ့တိုင်းနေနိုင်ပါစေကွာ

Posted by : လက်တွဲဖော် 0 Comments
တကယ်လို့ သင်ဟာ ငါးဆိုရင် ကောင်းကင်ပြာကို မစွဲလမ်းပါနဲ့။ တကယ်လို့ သင်ဟာ ငှက်ဆိုရင် ပင်လယ်ပြာကို မတမ်းတပါနဲ့။ အထီးကျန်လို့ လူတစ်ယောက်ကို မှားချစ်မိတာမျိုး ...... မှားချစ်မိလို့လည်း တစ်သက်လုံး အထီးကျန်တာမျိုး မဖြစ်ပါစေနဲ့... . By: Nine Nine Sanay @ နိုင်းနိုင်းစနေ
Posted by : လက်တွဲဖော် 0 Comments
မိန်းကလေးတွေရဲ့ ဂုဏ်ယူစရာက...ကောင်လေးဘယ်နှယောက်ထားဖူးတယ်ဆိုတာမဟုတ်ဘူး...တကယ်တော့ သူမရဲ့ ချစ်သူက သူမအတွက် တခြားမိန်းကလေးတွေ အကုန်လုံးကို ငြင်းပယ်နိုင်စေတဲ့ အစွမ်းဖြစ်တယ်... ယောကျာ်းလေးတွေရဲ့ ဂုဏ်ယူစရာက ... ကောင်မလေးဘယ်နှယောက်နဲ့တွဲဖူးတယ်ဆိုတာမဟုတ်ဘူး...တကယ်တော့.. သူ့ရဲ့ချစ်သူ ကောင်မလေးအတွက် တခြားမိန်းကလေးအားလုံးကို ငြင်းပယ်နိုင်တဲ့ သစ္စာရှိမှုဖြစ်တယ်...

မိန်းကလေးတွေရဲ့ ဂုဏ်ယူစရာက

Posted by : လက်တွဲဖော် 0 Comments
အွန်လိုင်းမှာချစ်ရုံနဲ့ ပဲ အချစ်စစ်မဟုတ်တော့ဖူးတဲ့လား..။ ပင်လယ်တွေခြားနေရုံနဲ့ ပဲ သံသယတွေများနေတော့မှာလား..။ ကိုင်တွယ် ထိတွေ့  နမ်းရှိုက်ခွင့်မရရုံနဲ့  မရှိဖူးလို့ ငြင်းနေတော့မှာလား..။ နှလုံးသားမှာအစဉ်အမြဲတည်ရှိနေမှာပါ။ ချစ်သူနဲ့ ရုပ်ရှင်အတူသွားမကြည့်နိုင်ပေမယ့် မော်နီတာပေါ်မှာမြင်နေရတဲ့ချစ်သူပုံရိပ်က ကမ္ဘာကျော်မင်းသမီးတွေထက် နှလုံးသားကိုနွေးထွေးစေတာ..။ ချစ်သူနဲ့ အတူ ဟိုဒီအတူမသွားနိုင်ပေမယ့် ချစ်သူဆုတောင်စကားတစ်ခွန်းနဲ့ တင် ပြီးပြည့်စုံစေတာ..။ အနားမှာအတူရှိနေနိုင်တဲ့ မင်းတို့ အချစ်ထက်တော့ မလျှော့နိုင်ပါဖူးနော်..။ မင်းသာကိုယ့်နေရာမှာဆို အနားမှာအဖော်မပြုနိုင်တဲ့ ချစ်သူကို ကိုယ့်လိုမြတ်မြတ်နိုးနိုးချစ်နိုင်ပါ့မလား..

အချစ်စစ်မဟုတ်တော့ဖူးတဲ့လား..။

Posted by : လက်တွဲဖော် 0 Comments
ငါအခုထိနင့်ကိုတမ်းတနေမိတုန်းပဲ..
ဒါဟာ အတိတ်တွေကို ငါပြန်အသက်သွင်းချင်နေတဲ့သဘောတော့မဟုတ်ဘူး..
နင်ဟာအခုအချိန်ထိ ငါစွန့် လွှတ်နိုင်တဲ့အရာတွေထဲမှာ မပါဝင်နိုင်သေးရုံလောက်ပါပဲ.....

ငါအခုထိ ညစဉ်ညတိုင်း နင့်ကိုအရင်ကလို အိပ်မက်မက်နေမိတုန်းပဲ..
ဒါဟာ ...ငါ့မှာအခြားစွဲလမ်းစရာတွေမရှိလို့ တော့မဟုတ်ဘူး..
နင်ဟာအခုအချိန်ထိ ငါ့ရဲ့ အစွဲလမ်းဆုံးအရာတခုအဖြစ်
မပြောင်းမလဲရှိနေသေးရုံလောက်ပါပဲ....

ငါအခုထိ နင့်ပုံရိပ်တွေကို မြင်ယောင်နေမိတုန်းပဲ..
ဒါဟာ ငါအရမ်းကိုအထီးကျန်နေပါတယ်လို့  ငါဆိုလိုချင်နေတဲ့သဘောတော့မဟုတ်ဘူး..
ငါတယောက်ထဲအားငယ်နေခဲ့တဲ့အချိန်တွေ...အထီးကျန်နေခဲ့တဲ့အချိန်တွေတိုင်း နင်ငါ့ဘေးနားမှာရှိနေခဲ့ဘူးတယ်ဆိုတဲ့ခံစားချက်ကို ငါမမေ့နိုင်သေးရုံလောက်ပါပဲ....

ငါအခုထိ နင့်ကို ရူးရူးမိုက်မိုက်နဲ့ ချစ်နေမိတုန်းပါပဲ..
ဒါဟာ ငါ့နားမှာ ငါ့ကိုနင့်လိုချစ်မယ့်သူမရှိဘူးဆိုတဲ့သဘောတော့မဟုတ်ဘူး...
ကိုယ့်နှလုံးသားထဲမှာအမြဲရှိနေတာဘယ်သူဆိုတာကို သိပ်တော်တဲ့နင့်လို ငါမသိဟန် မဆောင်တတ်သေးရုံလောက်ပါပဲ.....

အခု...
ငါဟာ နင်မဟုတ်တဲ့အခြားသူတယောက်နဲ့ အေးချမ်းစွာလက်တွဲနေနိုင်တုန်းပဲ...
ဒါ ငါသိပ်ကိုပျော်နေပါတယ်ဆိုတဲ့အဓိပ္ပါယ်တော့ မသက်ရောက်ဘူးနော်...
ဘယ်အရာကိုမှရွေးချယ်ခွင့်မရှိနိုင်တဲ့ငါ့ဘ၀ကို ကောင်းကောင်းနားလည်သဘောပေါက်ထားခဲ့တဲ့ နင်.. နားလည်သဘောက်ပေါက်ထားရက်နဲ့တောင် ငါ့လက်ကိုဖမ်းဆုပ်ထားဖို့  မစဉ်းစားခဲ့တဲ့ နင်… ငါ့အတွက်ပျော်ရွှင်မှုဟာဘာဆိုတာကို သိရက်နဲ့မသိဟန်ဆောင်ပြီး ငါ့ကိုအေးအေးဆေးဆေး စွန့်လွှတ်နိုင်ခဲ့တဲ့ နင်..
အဲဒီလိုအတ္တုကီးတဲ့ ငါချစ်ရတဲ့နင် ဆိုတဲ့လူတယောက် ငါ့ကို လျှောက်စေချင်ခဲ့တဲ့လမ်းကို ငါအခုကိုးစားပြီးလျှောက်ုကည့်နေရုံသက်သက်လောက်ပါပဲ....









-- ဆုဝေဖြိုး --
See More

ငါအခုထိနင့်ကိုတမ်းတနေမိတုန်းပဲ

Posted by : လက်တွဲဖော် 0 Comments

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -