Posted by : လက်တွဲဖော် Saturday, February 25, 2012

ငါအခုထိနင့်ကိုတမ်းတနေမိတုန်းပဲ..
ဒါဟာ အတိတ်တွေကို ငါပြန်အသက်သွင်းချင်နေတဲ့သဘောတော့မဟုတ်ဘူး..
နင်ဟာအခုအချိန်ထိ ငါစွန့် လွှတ်နိုင်တဲ့အရာတွေထဲမှာ မပါဝင်နိုင်သေးရုံလောက်ပါပဲ.....

ငါအခုထိ ညစဉ်ညတိုင်း နင့်ကိုအရင်ကလို အိပ်မက်မက်နေမိတုန်းပဲ..
ဒါဟာ ...ငါ့မှာအခြားစွဲလမ်းစရာတွေမရှိလို့ တော့မဟုတ်ဘူး..
နင်ဟာအခုအချိန်ထိ ငါ့ရဲ့ အစွဲလမ်းဆုံးအရာတခုအဖြစ်
မပြောင်းမလဲရှိနေသေးရုံလောက်ပါပဲ....

ငါအခုထိ နင့်ပုံရိပ်တွေကို မြင်ယောင်နေမိတုန်းပဲ..
ဒါဟာ ငါအရမ်းကိုအထီးကျန်နေပါတယ်လို့  ငါဆိုလိုချင်နေတဲ့သဘောတော့မဟုတ်ဘူး..
ငါတယောက်ထဲအားငယ်နေခဲ့တဲ့အချိန်တွေ...အထီးကျန်နေခဲ့တဲ့အချိန်တွေတိုင်း နင်ငါ့ဘေးနားမှာရှိနေခဲ့ဘူးတယ်ဆိုတဲ့ခံစားချက်ကို ငါမမေ့နိုင်သေးရုံလောက်ပါပဲ....

ငါအခုထိ နင့်ကို ရူးရူးမိုက်မိုက်နဲ့ ချစ်နေမိတုန်းပါပဲ..
ဒါဟာ ငါ့နားမှာ ငါ့ကိုနင့်လိုချစ်မယ့်သူမရှိဘူးဆိုတဲ့သဘောတော့မဟုတ်ဘူး...
ကိုယ့်နှလုံးသားထဲမှာအမြဲရှိနေတာဘယ်သူဆိုတာကို သိပ်တော်တဲ့နင့်လို ငါမသိဟန် မဆောင်တတ်သေးရုံလောက်ပါပဲ.....

အခု...
ငါဟာ နင်မဟုတ်တဲ့အခြားသူတယောက်နဲ့ အေးချမ်းစွာလက်တွဲနေနိုင်တုန်းပဲ...
ဒါ ငါသိပ်ကိုပျော်နေပါတယ်ဆိုတဲ့အဓိပ္ပါယ်တော့ မသက်ရောက်ဘူးနော်...
ဘယ်အရာကိုမှရွေးချယ်ခွင့်မရှိနိုင်တဲ့ငါ့ဘ၀ကို ကောင်းကောင်းနားလည်သဘောပေါက်ထားခဲ့တဲ့ နင်.. နားလည်သဘောက်ပေါက်ထားရက်နဲ့တောင် ငါ့လက်ကိုဖမ်းဆုပ်ထားဖို့  မစဉ်းစားခဲ့တဲ့ နင်… ငါ့အတွက်ပျော်ရွှင်မှုဟာဘာဆိုတာကို သိရက်နဲ့မသိဟန်ဆောင်ပြီး ငါ့ကိုအေးအေးဆေးဆေး စွန့်လွှတ်နိုင်ခဲ့တဲ့ နင်..
အဲဒီလိုအတ္တုကီးတဲ့ ငါချစ်ရတဲ့နင် ဆိုတဲ့လူတယောက် ငါ့ကို လျှောက်စေချင်ခဲ့တဲ့လမ်းကို ငါအခုကိုးစားပြီးလျှောက်ုကည့်နေရုံသက်သက်လောက်ပါပဲ....









-- ဆုဝေဖြိုး --
See More

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -