Posted by : လက်တွဲဖော်
Saturday, February 25, 2012
အွန်လိုင်းမှာချစ်ရုံနဲ့ ပဲ အချစ်စစ်မဟုတ်တော့ဖူးတဲ့လား..။ ပင်လယ်တွေခြားနေရုံနဲ့ ပဲ သံသယတွေများနေတော့မှာလား..။ ကိုင်တွယ် ထိတွေ့  နမ်းရှိုက်ခွင့်မရရုံနဲ့  မရှိဖူးလို့ ငြင်းနေတော့မှာလား..။ နှလုံးသားမှာအစဉ်အမြဲတည်ရှိနေမှာပါ။ ချစ်သူနဲ့ ရုပ်ရှင်အတူသွားမကြည့်နိုင်ပေမယ့် မော်နီတာပေါ်မှာမြင်နေရတဲ့ချစ်သူပုံရိပ်က ကမ္ဘာကျော်မင်းသမီးတွေထက် နှလုံးသားကိုနွေးထွေးစေတာ..။ ချစ်သူနဲ့ အတူ ဟိုဒီအတူမသွားနိုင်ပေမယ့် ချစ်သူဆုတောင်စကားတစ်ခွန်းနဲ့ တင် ပြီးပြည့်စုံစေတာ..။ အနားမှာအတူရှိနေနိုင်တဲ့ မင်းတို့ အချစ်ထက်တော့ မလျှော့နိုင်ပါဖူးနော်..။ မင်းသာကိုယ့်နေရာမှာဆို အနားမှာအဖော်မပြုနိုင်တဲ့ ချစ်သူကို ကိုယ့်လိုမြတ်မြတ်နိုးနိုးချစ်နိုင်ပါ့မလား..
Post a Comment