Archive for 10/15/12


ဝန်ခံပါတယ်......ချစ်သူ
မင်းနဲ့  ဆုံမှပဲ ရင်ခုန်ခြင်း ဆိုတဲ့  အဓိပါယ်ကို
သိရှိသွားခဲ့ တယ်။

ဝန်ခံပါတယ်......ချစ်သူ
မင်းနဲ့ တွေ့ မှပဲ အချစ်စစ်ရဲ့  နက်ရှိုင်းတဲ့ 
သဘာဝကို နားလည်သွားခဲ့ တယ်။

ဝန်ခံပါတယ်.....ချစ်သူ
မင်းနဲ့  ရေမြေခြားသွားမှပဲ အလွမ်းရဲ့ 
ခါးသီးတဲ့  ဝေဒနာ ကို ခံစားတတ်ခဲ့ တယ်။

ဝန်ခံပါတယ်.....ချစ်သူ
မင်းနဲ့  ဝေးသွားမှပဲ နှလုံးသား တစ်ခုလုံးကြေမွပြီး
နာကျင်နေတာ.........

ခေါင်းအုံးထက်က မျက်ရည်လေးတွေက
သက်သေပါချစ်သူရယ်

သဘာဝအလျောက် ပန်းပွင့် လေးနားကို
ပိတုန်းလေးတွေ ၀ဲပျံနေပေမဲ့ 

သစ္စာတရားကို လက်ကိုင်ထား
မင်းတစ်ယောက်ထဲကို သာ ချစ်နေမှာပါ။


လမင်း ခ

မင်းတစ်ယောက်ထဲကို သာ

Posted by : လက်တွဲဖော် 0 Comments

ဒီထက် ပိုကောင်းတဲ့  အချစ် ရှိသေးတယ်လို့ 
မထင်လိုက်ပါနဲ့ 

ခုလက်ရှိ ပိုင်ဆိုင်ထားတဲ့  အချစ်က အကောင်းဆုံးပါ

အကွာအဝေးကြောင့်  အချစ်ကို လက်လွတ်ဖို့ 
မစဉ်းစားပါနဲ့ 

ငွေကြေးမချမ်းသာလို့  ချစ်သူကို မစွန့် လွတ်ပါနဲ့ 
အသုံးမကျတဲ့  လူက လွှဲလို့  လုံးလ၀ရိယ ရှိသူဆိုရင်
သင့် ကို ချမ်းသာအောင် ထားနိုင်ပါတယ်

အချစ်ကို ကျေကျေနပ်နပ် ခံစားတတ်ရင်
ထိခိုက်နာကျင်ရလဲ နောင်တ မရတတ်ဘူး

လူတစ်ယောက်ကို မှားချစ်မိလို့ လဲ
တသက်လုံး အထီးမကျန်ပါစေနဲ့ 

အချစ်က ရိုးရှင်းလေ ပိုပြီး ပျော်ရွင်ဖွယ်ကောင်းလေပါပဲ။

(ချစ်တဲ့  သူတိုင်းပေါင်းဖက်နိုင်ကြပါစေနော်)

မွန်း( လမင်း ခ

အချစ်က ရိုးရှင်း

Posted by : လက်တွဲဖော် 0 Comments


ချစ်သူ ပြောခဲ့ တဲ့  စကားလေးတွေကို
စိတ်ချချင်တယ် ......ချစ်သူရယ်

ချစ်သူပြန်လာမဲ့  နေ့ လေးကို
တံခါးလေး ဖွင့် လို့  ကြိုနေလျှက်ပါ

မခွဲချင်တဲ့  ချစ်သူလေးကို
တမ်းတလို့ ...သတိရပေးပါလား
ချစ်သူရယ်

ချစ်သူ ပြန်လာမဲ့  လမ်းလေးမှာ
ပန်းလေးတွေ ခင်းလို့ 
တလှမ်းချင်းလေး လှမ်းလို့  ပြန်လာခဲ့ ပါကွယ်

သိပ်ချစ်တတ်တဲ့  နှလုံးသားက
စာလေးတွေ စီလို့ 
ချစ်သူ ဆီ ကို အမြဲပို့ နေလျက်ပါ....ချစ်သူရယ်။

ချစ်သူ ဆီ ကို

Posted by : လက်တွဲဖော် 0 Comments

နီးတုန်းကလဲ အချစ်တွေ မလျော့ ခဲ့ သလို
ဝေးနေတုန်းလဲ အချစ်တွေ မပျက်ခဲ့ ဘူးနော်

အချစ်.....မေတ္တာတွေ ကို အရင်းတည်
ကတိသစ္စာတွေ မပျက်ယွင်းပဲ
သက်ဆုံးတိုင် လက်တွဲ သွားကြမယ်နော်။

သက်ဆုံးတိုင်

Posted by : လက်တွဲဖော် 0 Comments

ချစ်သူ....

♥ လွမ်းတယ်လို့ ပြောတော့  စကားလုံးက နှစ်လုံးတည်းနော်
ဒါပေမဲ့  ခံစားရတော့  ပင်းပန်းလွန်းပါတယ်

♥ ချစ်တယ်လို့  ပြောတော့  စကားလုံးက နှစ်လုံးတည်းနော်
ဒါပေမဲ့  တကယ် ချစ်မိပြီဆိုရင် အပြစ်ဆိုတာ မမြင်တော့ ဘူးနော်

♥ ဘ၀ တဲ့  ပြောတော့  စကားလုံးက နှစ်လုံးတည်းနော်
ဒါပေမဲ့  တကယ်တည် ဆောက်မယ်ဆိုရင် မရဘူးဆိုတာ
မရှိပါဘူး...................ချစ်သူရယ်

လမင်း ခင်

မရဘူးဆိုတာ မရှိပါ

Posted by : လက်တွဲဖော် 0 Comments

ငါ့အတွက် နင်က မရှိမဖြစ် မဟုတ်လောက်ဘူး ငါထင်ခဲ့ပေမယ့်

နင်မရှိတဲ့ နေ့ရက်တွေမှာ အထီးကျန်နေခဲ့တာ ဘာကြောင့်လဲ???


ငါ့အတွက် နင့်စကားသံတွေက တေးသွားတွေလောက်နားထောင်မကောင်းခဲ့ပေမယ့်

နင်မရှိတဲ့ နေ့ရက်တွေမှာ နင့်အသံလေးတွေကြားချင်မိတာ ဘာကြောင့်လဲ???


ငါ့အတွက် နင့်ကြင်နာမှု့တွေက တခမ်းတနား မဟုတ်ခဲ့ပေမယ့်

နင်မရှိတဲ့ နေ့ရက်တွေမှာ ငါနင့်ကိုပဲ တမ်းတနေမိတာ ဘာကြောင့်လဲ???


ငါ့အတွက် နင်က အလွမ်းတွေကို မယူဆောင်လာနိုင်လောက်ပါဘူးလို့ငါထင်ခဲ့ပေမယ့်

နင်မရှိတဲ့ နေ့ရက်တွေမှာ ငါသေလောက်အောင် လွမ်းနေရပါလား ချစ်သူရယ်....




အမုန်းမရှိသောအချစ်မရှိသော အလွမ်းမရှိသောသူဖြစ်ရပါစေ

ငါသေလောက်အောင် လွမ်း

Posted by : လက်တွဲဖော် 0 Comments

♥ငါ့ ချစ်သူက သူများတွေလို ရုပ်မလှပါဘူး

ဒါပေမယ့် ဖြူစင်တဲ့စိတ်ထားလေးတွေ သူပိုင်တယ်♥


♥ငါ့ချစ်သူက သူများတွေလို အပြောမချိုပါဘူး

ဒါပေမယ့် ငါ့ကိုပျော်ရွှင်အောင် သူအမြဲထားတယ်♥


♥ငါ့ချစ်သူက သူများတွေလို ချစ်တယ်လို့ခဏခဏမပြောပါဘူး

ဒါပေမယ့် သူ့အသက်ထက်ငါ့ကိုပိုတန်ဖိုးထားတယ်♥


♥ငါ့ချစ်သူက သူများတွေလို လွမ်းဆွေးကြောင်းတွေမပြောတက်ပါဘူး

ဒါပေမယ့် ငါအနားမရှိချိန်ဆို အထီးကျန်နေတက်တယ် ♥


♥ငါ့ချစ်သူက သူများတွေလို ကဗျာ အကောင်းစားတွေမေ၇းတက်ပါဘူး

ဒါပေမယ့် သူနှလုံးသားကလာတဲ့ခံစားချက်ကိုတော့ ကဗျာတပုဒ်အဖြစ်သီကုံးပေးတက်တယ်♥


***ထို့ကြောင့် ***♥***ထို့ကြောင့် ***


♥အရမ်းချစ်ပါသည်။။။။။။။။။။။။။








အမုန်းမရှိသောအချစ်မရှိသော အလွမ်းမရှိသောသူဖြစ်ရပါစေ

အရမ်းချစ်ပါသည်။

Posted by : လက်တွဲဖော် 0 Comments

♥မက်ခဲ့တဲ့ အိမ်မက်တွေတိုင်းမှာ
နင်နေရာအမြဲယူခဲ့တယ်ဆိုတာ နင်သာသိရင် .....

♥တွေးခဲ့ဖူးတဲ့ အနာဂါတ်မှာ
နင့်အကြောင်းမပါရင်မပြီးခဲ့ဘူးဆိုတာ နင်သာသိရင် .....

♥မျော်လင့်ခဲ့ဖူးတဲ့ မနက်ဖြန်တိုင်း
နင့်နားမှာ အမြဲ၇ှိချင်ခဲ့တာ နင်သာသိရင် .....

♥အမြဲတမ်းစိတ်ကောက်တက်ပေမယ်
နင့်ကို ငါအရမ်းချစ်တယ်ဆိုတာ နင်သာသိရင် ......

♥နင်သာသိရင်....

♥အဝေးဆုံးကို ဘယ်တော့မှထွက်မသွားပါနဲ့ချစ်သူရယ် .....





အမုန်းမရှိသောအချစ်မရှိသော အလွမ်းမရှိသောသူဖြစ်ရပါစေ

ထွက်မသွားပါနဲ့ချစ်သူရယ် .....

Posted by : လက်တွဲဖော် 0 Comments

♥ချစ်သူတွေ ချစ်တက်လာလေ သ၀န်တိုလေ

♥ချစ်သူတွေ ချစ်တက်လာလေ ရန်ဖြစ်လေ

♥ချစ်သူတွေ ချစ်တက်လာလေ အပျောက်မခံနိုင်လေ

♥ချစ်သူတွေ ချစ်တက်လာလေ အပြစ်ရှာတက်လေ

♥ချစ်သူတွေ ချစ်တက်လာလေ တန်ဖိုးထားလေ

♥ချစ်သူတွေ ချစ်တက်လာလေ အဆုံးရှုံးမခံနိုင်လေ

♥ချစ်သူတွေ ချစ်တက်လာလေ နီးစပ်ဖို့ကြိုးစားလေ

♥ချစ်သူတွေ ချစ်တက်လာလေ ....

♥ချစ်သူတွေ ချစ်တက်လာလေ..........

♥ချစ်သူတွေ ချစ်တက်လာလေ....................ပိုပို ချစ်လေပါပဲ♥♥♥




♥အမုန်းမရှိသောအချစ်မရှိသော အလွမ်းမရှိသောသူဖြစ်ရပါစေ♥

ချစ်တက်လာလေ ....

Posted by : လက်တွဲဖော် 0 Comments

 

"နင်မရှိတဲ့နောက်"


နင် ပေးခဲ့တဲ့အချစ်က
အရင်လို ချိုမနေတော့ဘူး

နင်ထားခဲ့တဲ့အလွမ်းက
အရင်လို ခါးသက်မနေတော့ဘူး

နင်ခွဲသွားတဲ့ အသဲက
အရင်လို နူးညံမနေတော့ဘူး

နင့်နဲ့တူတဲ့အရိပ်မြင်ရင်
အရင်လို သဲသဲမဲမဲလိုက်မရှာတော့ဘူး

နင့်နဲ့တူတဲ့အသံကြားရင်
အရင်လို ရူးရူးမိုက်မိုက်နားမစွင့်တက်တော့ဘူး

နင်နဲ့တူတဲ့ အချစ်မျိုးကိုလည်း
အရင်လို ငါ ဘယ်သူ့ကိုမှမချစ်တော့ဘူး

ချစ်တက်အောင် သင်ပေးသလို
မေ့တက်အောင်လည်း လမ်းပြပေးခဲ့တယ်

ဒါပေမယ့် တခုဆိုးတာ....
အချစ်ဆိုတာကိုမုန်းတက်အောင်ပါ
နင် မသင်ပေးခဲ့တာပါပဲ

သေချာတာတခုကတော့...
ငါ့ အနာဂါတ်လမ်းတွေ ပျောက်ဆုံးသွားတာတောင်
ငါ နင့်ကို မမုန်းသေးဘူး ဆိုတာပါပဲ....


မနောဖြူ

"နင်မရှိတဲ့နောက်"

Posted by : လက်တွဲဖော် 0 Comments

♥♥ချစ်သူရဲ့ အရမ်းချစ်တယ်ကွာလို့ ပြောတက်တဲ့စကားတခွန်းတိုင်းမှာ
ရင်ခုန်သံနဲ့ပျော်ရွှင်ခြင်းတွေ ကပ်ကပ်ပါသွားတက်တယ်

♥♥ချစ်သူရဲ့ အရမ်းလွမ်းတယ်ကွာလို့ ပြောတက်တဲ့စကားတခွန်းတိုင်းမှာ
လွမ်းဆွေးမှု့နဲ့ တမ်းတမှု့တွေ ကပ်ကပ်ပါသွားတက်တယ်

♥♥ချစ်သူရဲ့ စိတ်ညစ်တယ်ကွာလို့ပြောတဲ့စကားတခွန်းတိုင်းမှာ
ဝမ်းနည်းမှု့နဲ့ နှစ်သိမ့်ပေးချင်စိတ်တွေ ကပ်ကပ်ပါသွားတက်တယ်

♥♥ထာဝရအတွက်ပေါ့ အရမ်းချစ်တယ်♥♥




♥♥အမုန်းမရှိသောအချစ်မရှိသော အလွမ်းမရှိသောသူဖြစ်ရပါစေ♥♥

အရမ်းချစ်တယ်♥♥

Posted by : လက်တွဲဖော် 0 Comments


တခါ တခါ ပါတ်ဝန်းကျင်ကြောင့်သင်တို့ချစ်ခြင်းကို
မလိုလားအပ်သောအနှောက်အယှက်ဖြစ်ပေါ်စေတက်ပါတယ်
ထိုသို့သော ကိစ္စများ ရှိလာသောအခါ
ပါတ်ဝန်းကျင်အား လစ်လှုရှူ့ လိုက်ပါ
သင့် နှင့်တသက်လုံး ပေါင်းဖက်ရမှာ သင့်ပါတ်ဝန်းကျင်မဟုတ်ပါဘူး
သင်နှင့်သင့်ချစ်သူပါ......... ။
တစ်ယောက်နဲ့တစ်ယောက်ယုံကြည်မှု့ ၊နားလည်မှု့များနှင့်
ရှေ့ဆက်နိုင်မှသာ ချစ်ခရီးလမ်း လှပနိုင်မည်လေ...။





အမုန်းမရှိသောအချစ်မရှိသော အလွမ်းမရှိသောသူဖြစ်ရပါစေ

ချစ်ခရီးလမ်း

Posted by : လက်တွဲဖော် 0 Comments

သစွာဆိုတာပြောသလောက်လွယ်ပေမယ့်
တကယ်တမ်း တည်ဖို့တော့ ခက်ပါတယ်..........♥♥♥

ချစ်သူနှစ်ယောက်မှာ တစ်ယောက်က သစွာရှိပြီ
နောက်တစ်ယောက်က သစွာမရှိရင်လဲ မရသလို........♥♥♥

တစ်ယောက်က တကယ်ချစ်ပြီ နောက်တစ်ယောက်က
စိတ်ပျော်ရွင်ဖို့ ခဏတာအချစ်မျိုးဆိုလဲ သစွာဖောက်ရာရောက်ပါတယ်........♥♥♥

သစွာဆိုတာပြောသလောက် လွယ်ပေမယ့် တကယ်တည်ဖို့တော့ ခက်ပါတယ်........♥♥♥

သစ္စာ

Posted by : လက်တွဲဖော် 0 Comments

တိတ်တခိုးနဲ့ ကြိတ်ပိုးတဲ့ငါ
အချစ်တွေလဲ တိုးပြီးရင်းတိုးလာ
မိန်းခလေးရယ်
မင်းလေးမသိသလိုပါပဲလား...

သိအောင်ပြောပြချင်တယ် ဒါပေမယ့်

ငါ့ ပါပါး နဲ့ မာမား သုံးနေတယ် ...နင်မဆောင့် နှိုင်ရင်တော့

ငါ့ရဲ့ ချက်ဘောက်ထဲမှာ Message ပို့ထားလိုက်ပါနော်..

Message ပို့ထားလိုက်ပါနော်

Posted by : လက်တွဲဖော် 0 Comments

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -