Posted by : လက်တွဲဖော် Monday, October 15, 2012


ဝန်ခံပါတယ်......ချစ်သူ
မင်းနဲ့  ဆုံမှပဲ ရင်ခုန်ခြင်း ဆိုတဲ့  အဓိပါယ်ကို
သိရှိသွားခဲ့ တယ်။

ဝန်ခံပါတယ်......ချစ်သူ
မင်းနဲ့ တွေ့ မှပဲ အချစ်စစ်ရဲ့  နက်ရှိုင်းတဲ့ 
သဘာဝကို နားလည်သွားခဲ့ တယ်။

ဝန်ခံပါတယ်.....ချစ်သူ
မင်းနဲ့  ရေမြေခြားသွားမှပဲ အလွမ်းရဲ့ 
ခါးသီးတဲ့  ဝေဒနာ ကို ခံစားတတ်ခဲ့ တယ်။

ဝန်ခံပါတယ်.....ချစ်သူ
မင်းနဲ့  ဝေးသွားမှပဲ နှလုံးသား တစ်ခုလုံးကြေမွပြီး
နာကျင်နေတာ.........

ခေါင်းအုံးထက်က မျက်ရည်လေးတွေက
သက်သေပါချစ်သူရယ်

သဘာဝအလျောက် ပန်းပွင့် လေးနားကို
ပိတုန်းလေးတွေ ၀ဲပျံနေပေမဲ့ 

သစ္စာတရားကို လက်ကိုင်ထား
မင်းတစ်ယောက်ထဲကို သာ ချစ်နေမှာပါ။


လမင်း ခ

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -