Posted by : လက်တွဲဖော်
Monday, October 15, 2012
"နင်မရှိတဲ့နောက်"
နင် ပေးခဲ့တဲ့အချစ်က
အရင်လို ချိုမနေတော့ဘူး
နင်ထားခဲ့တဲ့အလွမ်းက
အရင်လို ခါးသက်မနေတော့ဘူး
နင်ခွဲသွားတဲ့ အသဲက
အရင်လို နူးညံမနေတော့ဘူး
နင့်နဲ့တူတဲ့အရိပ်မြင်ရင်
အရင်လို သဲသဲမဲမဲလိုက်မရှာတော့ဘူး
နင့်နဲ့တူတဲ့အသံကြားရင်
အရင်လို ရူးရူးမိုက်မိုက်နားမစွင့်တ
နင်နဲ့တူတဲ့ အချစ်မျိုးကိုလည်း
အရင်လို ငါ ဘယ်သူ့ကိုမှမချစ်တော့ဘူး
ချစ်တက်အောင် သင်ပေးသလို
မေ့တက်အောင်လည်း လမ်းပြပေးခဲ့တယ်
ဒါပေမယ့် တခုဆိုးတာ....
အချစ်ဆိုတာကိုမုန်းတက်အောင်
နင် မသင်ပေးခဲ့တာပါပဲ
သေချာတာတခုကတော့...
ငါ့ အနာဂါတ်လမ်းတွေ ပျောက်ဆုံးသွားတာတောင်
ငါ နင့်ကို မမုန်းသေးဘူး ဆိုတာပါပဲ....
မနောဖြူ
Post a Comment