Archive for 04/06/12


တချိန်ချိန်မှာ ---- တစုံတယောက်နဲ့ ဆုံစည်းရမယ်ဆိုရင် အဲဒီသူဟာ မင်းပဲဖြစ်ချင်တယ်။ တချိန်ချိန်မှာ ---- တစုံတယောက်နဲ့ ချစ်ခွင့်ရမယ်ဆိုရင် အဲဒီသူဟာ မင်းပဲဖြစ်ချင်တယ်။ တချိန်ချိန်မှာ ---- တစုံတယောက်ကို ပိုင်ဆိုင်ခွင့်ရမယ်ဆိုရင် အဲဒီသူဟာလည်း မင်းပဲဖြစ်ချင်တယ်။ တချိန်ချိန်မှာ ---- တစုံတယောက်နဲ့ ဝေးကွာရမယ်ဆိုရင်တော့ နှစ်ခါပြန် သေချင်သေပါစေ အဲဒီသူဟာ ဘယ်တော့မှ မင်းမဖြစ်စေရဘူး။ ဒါပေမယ့် ---- သူငယ်ချင်းတယောက်ကပြောတယ် “အချစ်စစ်ဆိုတာ ပိုင်ဆိုင်ရခြင်းနဲ့လည်း မဆိုင်ဘူး သူရှိနေတယ် ဆိုတဲ့ အသိလေးနဲ့ ပြီးပြည့်စုံတဲ့ ခံစားချက်လေးပါပဲ” တဲ့ ။ ဒါကြောင့် ---- စွန့်လွှတ်ရခြင်းကို ငါမနှစ်သက်လည်း ငါ့နှလုံးသားထဲမှာ မင်းရှိနေရုံနဲ့တင် သိမ်မွေ့ ပြီးပြည့်စုံတဲ့ခံစားချက်လေးတခုနဲ့ ငါ လွမ်းတတ်အောင် ကြိုးစားတော့မယ်။

တချိန်ချိန်မှာ

Posted by : လက်တွဲဖော် 0 Comments

မနက်အိပ်ရာထချိန် မက်ဆေ့တို ဒါမှမဟုတ် miss call မြင်ရတာကို ငါနှစ်သက်တယ် ရာသီဥတုအေးပြီဆို အနွေးထည်ထပ်ဖို့ ပြောတဲ့လူရှိတာကို ငါနှစ်သက်တယ် စိတ်ညစ်ချိန် အဖော်ပြုပေးသူ၊ ငါ့ကိုရယ်အောင်လုပ်သူရှိတာကို ငါနှစ်သက်တယ် ဖျားနာချိန် ဆေးသောက်ဖို့ ဂရုစိုက်တဲ့လူရှိတာကို ငါနှစ်သက်တယ် စောစောအိပ်နော်လို့ ပြောတတ်တဲ့လူရှိတာကို ငါနှစ်သက်တယ် ညတိုင်း ဂွတ်နိုက်လို့ ပြောတတ်တဲ့လူရှိတာကို ငါနှစ်သက်တယ် ဒီနေ့ အဆင်ပြေလား? ပျော်ရဲ့လား? စိတ်ချမ်းသာရဲ့လို့ မေးတတ်တဲ့လူရှိတာကို ငါနှစ်သက်တယ် မနက်ထလာတိုင်း fb မှာ စာတိုလေးချန်ထားတတ်တဲ့လူရှိတာကို ငါနှစ်သက်တယ် အဲဒီစာတိုလေးက သူ့စိတ်ထဲကတကယ်လာတဲ့ စကားဆိုရင် ငါပိုနှစ်သက်တယ် ဒါတွေကို ငါနှစ်သက်သလို သူလည်း နှစ်သက်မှာပဲ.... သူနှစ်သက်အောင် ငါလည်း လုပ်နိုင်တတ်ရမယ်..

ငါနှစ်သက်သလို သူလည်း နှစ်သက်မှာပဲ...

Posted by : လက်တွဲဖော် 0 Comments

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -