Posted by : လက်တွဲဖော် Friday, April 6, 2012


တချိန်ချိန်မှာ ---- တစုံတယောက်နဲ့ ဆုံစည်းရမယ်ဆိုရင် အဲဒီသူဟာ မင်းပဲဖြစ်ချင်တယ်။ တချိန်ချိန်မှာ ---- တစုံတယောက်နဲ့ ချစ်ခွင့်ရမယ်ဆိုရင် အဲဒီသူဟာ မင်းပဲဖြစ်ချင်တယ်။ တချိန်ချိန်မှာ ---- တစုံတယောက်ကို ပိုင်ဆိုင်ခွင့်ရမယ်ဆိုရင် အဲဒီသူဟာလည်း မင်းပဲဖြစ်ချင်တယ်။ တချိန်ချိန်မှာ ---- တစုံတယောက်နဲ့ ဝေးကွာရမယ်ဆိုရင်တော့ နှစ်ခါပြန် သေချင်သေပါစေ အဲဒီသူဟာ ဘယ်တော့မှ မင်းမဖြစ်စေရဘူး။ ဒါပေမယ့် ---- သူငယ်ချင်းတယောက်ကပြောတယ် “အချစ်စစ်ဆိုတာ ပိုင်ဆိုင်ရခြင်းနဲ့လည်း မဆိုင်ဘူး သူရှိနေတယ် ဆိုတဲ့ အသိလေးနဲ့ ပြီးပြည့်စုံတဲ့ ခံစားချက်လေးပါပဲ” တဲ့ ။ ဒါကြောင့် ---- စွန့်လွှတ်ရခြင်းကို ငါမနှစ်သက်လည်း ငါ့နှလုံးသားထဲမှာ မင်းရှိနေရုံနဲ့တင် သိမ်မွေ့ ပြီးပြည့်စုံတဲ့ခံစားချက်လေးတခုနဲ့ ငါ လွမ်းတတ်အောင် ကြိုးစားတော့မယ်။

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -