Archive for 10/29/12
ကောင်မလေး : ငါတို့လက်ထပ်ပြီးတဲ့အခါ နင်ဆေးလိပ်လုံးဝမသောက်ရဘူးေ
ကောင်လေး : Ok!
ကောင်မလေး : အရက်လည်းမသောက်ရဘူး ...
ကောင်လေး : ကောင်းပြီလေ
ကောင်မလေး : Night Club လည်းမတက်ရဘူး ...
ကောင်လေး : အင်းပါ ..
ကောင်မလေး : နင့်သူငယ်ချင်းတွေနဲ့လည်း အရင်လို ညနက်သန်းခေါင်ထိ ဘောလုံးပွဲတွေ တူတူမကြည့်ရဘူး ...
ကောင်လေး : အင်!
ကောင်မလေး : နောက်ထပ်ရော ဘာတွေစွန့်လွှတ်နိုင်သေးလဲ??
ကောင်လေး : နင့်ကို လက်ထပ်ဖို့ စိတ်ကူး!!
★★★★★★★★★★★★★★★★★★★★★★★★★★
ချစ်သူကို အတိုင်းအတာတစ်ခုထက် ပိုပြီး ချုပ်ချယ်ခြင်းဟာ သူ့ကို ဆုံးရှုံးဖို့အတွက် လမ်းစတစ်ခုပါပဲ ♥
သူ့ကို ဆုံးရှုံးဖို့အတွက် လမ်းစတစ်ခု
နေကောင်းလား တဲ့
အမှတ်တမဲ့မို့ယောင်ရမ်းပြီ
အဆင်ပြေပါစေ တဲ့
သတိမထားမိပဲမျက်ရည်လေးဝဲပြီ
ပြီးတော့မှ သတိထားမိတာ ဖုန်းထဲ Message ၀င်လာတာပါလား.~~ !_!
....လွမ်းလိုက်တာဟာ...
.......နေကောင်းတယ် မှတ်လား...
...........နင်လည်းငါ့လိုပဲ
.........အတူတူရှိနေချင်တယ်
နင် သတိတရMessage ပို့တိုင်း
နင့်ဆီ ပြန်ရောက်နေကျMessage က "အင်း" တလုံးပဲ ဖြစ်နေတက်တယ်နော်..ဒါပေမယ့်
"ရင်ဝှက်စာ"
အတူတူပါပဲ
သတိရတယ် ချစ်သူ
အမှတ်တရတွေများလွန်းတော့
အခံရခက်တဲ့ ရင်ခွင်က တချက်တချက် ထထငိုတယ်
အတူတူပါပဲ
လွမ်းမိတယ် ချစ်သူ
အတိတ်တွေကို တမ်းတမိပြန်တော့
ရင်နာစရာတွေက တစ်နင့်နင့်နဲ့ရင်ဘက်ကိုစူး
ဒီလိုပါပဲ အချစ်ဆိုတာ
ချစ်ပြီးရင် ဝေး ...ဝေးပြီးရင် လွမ်းရတာပဲ မဟုတ်လား
နင်မြင်နိုင်ပါစေ ချစ်သူ
ငါ့ကဗျာတွေထဲမှာ ချစ်ခြင်းတွေ ကိန်းအောင်းနေတယ်
နင်မြင်နိုင်ပါစေ ချစ်သူ
ငါ့စကားလုံးတွေမှာ မေတ္တာတရားတွေ သိုဝှက်ထားတယ်
နင်မြင်နိုင်ပါစေ ချစ်သူ
ငါ တသက်လုံး နင့်တယောက်ကိုပဲ ချစ်နေမယ်ဆိုတာ နင်မြင်နိုင်ပါစေဟာ..။
အမုန်းမရှိသောအချစ်မရှိသော အလွမ်းမရှိသောသူဖြစ်ရပါစေ
နေကောင်းလား
သို့...ချစ်သူ
ချစ်သူ ...
တခါတလေ စိတ်ဓါတ်ပျော့ညံ့ပါ
မနေတတ်အောင်လွမ်းတယ်ဆိုတဲ့စကား
မင်းနှုတ်ဖျားက ကြားဖူးချင်လို့ပါ။
ချစ်သူ ...
တခါတလေ အပိုတွေပြောစမ်းပါ
အရမ်းချစ်တယ်ဆိုတဲ့ စကား
မလိုအပ်လဲ ထပ်ကြားချင်လွန်းလို့ပါ ။
ချစ်သူ ...
တခါတလေ ဟန်ဆောင်နေကြည့်ပေးစမ်းပါ
ငါမရှိရင် မဖြစ်တော့သလိုဘဝမျိုး
ဟုတ်နိုးနိုးနဲ့ တိတ်တခိုး ကျေနပ်နေချင်လို့ပါ ။
ချစ်သူ ...
တခါတလေ အပိုတွေပြောစမ်းပါ
အရမ်းချစ်တယ်ဆိုတဲ့ စကား
မလိုအပ်လဲ ထပ်ကြားချင်လွန်းလို့ပါ ။
ချစ်သူ ...
တခါတလေ ဟန်ဆောင်နေကြည့်ပေးစမ်းပါ
ငါမရှိရင် မဖြစ်တော့သလိုဘဝမျိုး
ဟုတ်နိုးနိုးနဲ့ တိတ်တခိုး ကျေနပ်နေချင်လို့ပါ ။