Posted by : လက်တွဲဖော်
Monday, October 29, 2012
နေကောင်းလား တဲ့
အမှတ်တမဲ့မို့ယောင်ရမ်းပြီ
အဆင်ပြေပါစေ တဲ့
သတိမထားမိပဲမျက်ရည်လေးဝဲပြီ
ပြီးတော့မှ သတိထားမိတာ ဖုန်းထဲ Message ၀င်လာတာပါလား.~~ !_!
....လွမ်းလိုက်တာဟာ...
.......နေကောင်းတယ် မှတ်လား...
...........နင်လည်းငါ့လိုပဲ
.........အတူတူရှိနေချင်တယ်
နင် သတိတရMessage ပို့တိုင်း
နင့်ဆီ ပြန်ရောက်နေကျMessage က "အင်း" တလုံးပဲ ဖြစ်နေတက်တယ်နော်..ဒါပေမယ့်
"ရင်ဝှက်စာ"
အတူတူပါပဲ
သတိရတယ် ချစ်သူ
အမှတ်တရတွေများလွန်းတော့
အခံရခက်တဲ့ ရင်ခွင်က တချက်တချက် ထထငိုတယ်
အတူတူပါပဲ
လွမ်းမိတယ် ချစ်သူ
အတိတ်တွေကို တမ်းတမိပြန်တော့
ရင်နာစရာတွေက တစ်နင့်နင့်နဲ့ရင်ဘက်ကိုစူး
ဒီလိုပါပဲ အချစ်ဆိုတာ
ချစ်ပြီးရင် ဝေး ...ဝေးပြီးရင် လွမ်းရတာပဲ မဟုတ်လား
နင်မြင်နိုင်ပါစေ ချစ်သူ
ငါ့ကဗျာတွေထဲမှာ ချစ်ခြင်းတွေ ကိန်းအောင်းနေတယ်
နင်မြင်နိုင်ပါစေ ချစ်သူ
ငါ့စကားလုံးတွေမှာ မေတ္တာတရားတွေ သိုဝှက်ထားတယ်
နင်မြင်နိုင်ပါစေ ချစ်သူ
ငါ တသက်လုံး နင့်တယောက်ကိုပဲ ချစ်နေမယ်ဆိုတာ နင်မြင်နိုင်ပါစေဟာ..။
အမုန်းမရှိသောအချစ်မရှိသော အလွမ်းမရှိသောသူဖြစ်ရပါစေ
Post a Comment