Archive for 04/17/12


(၁) ချစ်သူသေဆုံးပြီးနောက် အသက်ရှင်ကျန်ရစ်သူက မေ့မရနိုင်တဲ့ အမှတ်တရတွေနဲ့ ချစ်သူကို ဆက်ပြီးချစ်နေသတဲ့... ဒါကြောင့်... အချစ်အတွက် အသက်ပေးရတာကို "အချစ်"လို့ မထင်လိုက်နဲ့... တကယ်ချစ်ရင် ချစ်သူအတွက် အသက်ရှင်ပါ။ အိုမင်းတဲ့အထိ အသက်ရှင်ပါ.... (၂) ကိုယ့်ကို သူ မချစ်တော့တဲ့အခါ၊ ခွဲသွားတော့မယ့်အခါ သူ့ကိုချစ်သေးလားလို့ ကိုယ့်ကိုယ်ကိုမေးကြည့်ပါ။ ကိုယ်လည်းသူ့ကို မချစ်တော့ဘူးဆိုရင် ကိုယ့်ကိုယ်ကိုသနားပြီး သူ့ကို မခွဲနိုင်မဖြစ်ပါနဲ့.... တကယ်လို့ သူ့ကို ကိုယ်ချစ်သေးတယ်ဆိုရင် သူပျော်ရွှင်တာကိုပဲ ကိုယ်မြင်ချင်ခဲ့တယ်။ သူပျော်ရွှင်ဖို့ သူချစ်တဲ့သူနဲ့ အတူနေခွင့်ပေးလိုက်ပါ သူထွက်သွားဖို့ မတားပါနဲ့.... သူပျော်ရွှင်ဖို့ ကိုယ်တားခဲ့မိရင် သူ့ကို ကိုယ်တကယ်မချစ်တော့လို့ပါပဲ။ သူ့ကို တကယ်မချစ်တော့ဘူးဆိုမှတော့ သူ နောက်တစ်ယောက်ပြောင်းတာကို ကိုယ်ဘာလို့ ငြိုငြင်နေဦးမလဲ? (၃) ချစ်သူတွေ လမ်းခွဲပြီးနောက် သူငယ်ချင်းဆက် မဖြစ်နိုင်တော့ဘူး။ တစ်ယောက်ကိုတစ်ယောက် ဒဏ်ရာရခဲ့စေလို့.... ချစ်သူတွေ လမ်းခွဲပြီးနောက် ရန်သူလည်း မဖြစ်နိုင်ဘူး။ တစ်ယောက်ကိုတစ်ယောက် ချစ်ခဲ့ဖူးလို့.... ချစ်သူတွေ လမ်းခွဲပြီးနောက် အရင်းနှီးဆုံး သူစိမ်းတွေပဲ ဖြစ်ခဲ့ကြတယ်။ (၄) ကိုယ်ချစ်တဲ့မိန်းကလေးကို မင်္ဂလာဝတ်စုံ ဝတ်မပေးနိုင်ရင် ကျေးဇူးပြုပြီး သူ့အင်္ကျီကြယ်သီးကို ဖြုတ်နေတဲ့ ရှင်လက်တွေ ရပ်လိုက်ပါ။ (၅) ကိုယ်တကယ်ချစ်တဲ့ လူတစ်ယောက်အတွက် "သူ့ကိုဘာကြောင့်ချစ်ရတယ်"ဆိုတဲ့ အကြောင်းပြချက်တွေ မလိုဘူး။ ကိုယ်ပျော်သည်ဖြစ်စေ၊ စိတ်ညစ်သည်ဖြစ်စေ ကိုယ့်ဘေးမှာ သူရှိစေချင်ခဲ့တယ်။ တကယ်အချစ်ဆိုတာ အခက်အခဲကြုံချိန် လက်တွဲမဖြုတ်ခဲ့ဘဲ၊ တောင်းဆိုမှုတွေ မများဘဲ အချင်းချင်း ပေးဆပ်နေတာပဲဖြစ်တယ်။ (၆) ကမ္ဘာပေါ်မှာ ထက်မြက်တဲ့ယောက်ျား၊ လှပတဲ့မိန်းကလေးတွေ အများကြီးရှိတယ်။ ဒါပေမယ့် ကိုယ်နဲ့သင့်တော်တာ တစ်ယောက်ပဲရှိတယ်။ သူတစ်ပါးရဲ့အမြင် အပြောကြောင့် ကိုယ့်အချစ်ကို မပြောင်းလဲလိုက်ပါနဲ့။ သူတစ်ပါးရဲ့အမြင်ထဲမှာ ရှင်သန်ပြီး ကိုယ့်ကိုမပျောက်ဆုံးစေနဲ့ နောက်ပြီး လောဘမကြီးပါနဲ့.... (၇) တကယ်လို့ လူတစ်ယောက်က ကိုယ့်ကို "ချစ်တယ်" လို့ပြောတဲ့အခါ သူ့ကို ယုံကြည်လိုက်ပါ။ တကယ်လို့ ကိုယ့်ကို "မချစ်တော့ဘူး" လို့ပြောတဲ့အခါ သူ့ကို ယုံကြည်လိုက်ပါ။ ဘယ်အချိန်ပဲဖြစ်ဖြစ် ကိုယ့်ကိုမချစ်တော့တဲ့လူတစ်ယောက် ကိုယ့်အနားက ခွဲထွက်သွားတာကို ကံကောင်းခြင်းတစ်မျိုးလို့ မှတ်ယူလိုက်ပါ.... (၈) လူတစ်ယောက်ကိုချစ်တယ်ဆိုရင် သင့်တော်တဲ့အချိန်မှာ သူ့ကိုချစ်ကြောင်း ဖွင့်ပြောပါ။ အဖြေမရခဲ့လည်း အနည်းဆုံးတော့ ကိုယ်ကြိုးစားခဲ့ဖူးလို့ နောင်တဆိုတာ ရှိမှာမဟုတ်ဘူး... အင်တာနက်ပေါ်ကတွေ့တဲ့ "အချစ်"တွေပါ။ ဘာသာပြန် မျှဝေပါတယ်..... နိုင်းနိုင်းစနေ (Thursday, February 11, 2010) Views: 45 Read more: http://www.mm-flashsongs.com/profiles/blog/show?id=5202681%3ABlogPost%3A1135030&xgs=1&xg_source=msg_share_post#ixzz1sIZW7o3Z

အင်တာနက်ပေါ်က "အချစ်"

Posted by : လက်တွဲဖော် 0 Comments

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -