Archive for 10/28/12


ကောင်လေး: နင်ဘာလို့ ငါ့ကို နေရာတကာ လိုက်ပြီး သ၀န်တိုနေတာလဲ??? ဘာလဲ?? နင်က ငါ့ကို မယုံဘူးလား??

ကောင်မလေး: ဟင့်အင်း! ငါနင့်ကို အကြွင်းမဲ့ ယုံပါတယ် ... ဒါပေမယ့် နင့်ဘေးက ကောင်မလေးတွေကိုတော့ ငါမယုံဘူး ;(

ကောင်လေး: ဘာပဲဖြစ်ဖြစ် ငါက နင့်ချစ်သူလေ ... နင်ငါ့ကိုပိုင်ဆိုင်ထားပြီးပြီပဲ ...


ကောင်မလေး: မပိုင်ဆိုင်ရသေးခင် လက်လွှတ်လိုက်ရတာထက် ပိုင်ဆိုင်ပြီးမှ ဆုံးရှုံးသွားရတဲ့အဖြစ်က ပိုပြီးခံစားရတယ် ....
အဲ့ဒီခံစားချက်ကို လက်ခံနိုင်လောက်တဲ့အထိတော့ ငါ့နှလုံးသားက မရင့်ကျက်သေးဘူးဟာ ...

မရင့်ကျက်သေးဘူးဟာ

Posted by : လက်တွဲဖော် 0 Comments

ကောင်မလေးတစ်ယောက် နောက်ကနေ ကောင်လေးတစ်ယောက် တကောက်ကောက် လိုက်နေတယ် …

ကောင်မလေး : နင်ဘာလို့ ငါ့နောက်ကနေ တကောက်ကောက်လိုက်နေတာလဲ ?

ကောင်လေး : နင်ကအရမ်းချစ်စရာကောင်းလို့ပေါ့ … ငါတော့ နင့်ကိုချစ်မိသွားပြီထင်တယ် ...


ကောင်မလေး : တကယ်လား ?? … ဒါပေမယ့် နင်ငါ့သူငယ်ချင်းကို မတွေ့ဖူးသေးလို့ပါ … သူကငါ့ထက် အများကြီးပိုလှပါတယ် … ဟော … ပြောရင်းဆိုရင်း နင့်နောက်ဘက်ကနေ လမ်းလျှောက်လာတာ သူပေါ့ …

(ကောင်လေးလည်း စိတ်ဝင်တစားနဲ့ နောက်ကိုလှည့်ကြည့်လိုက်တယ် … ဒါပေမယ့် ဘယ်သူ့ကိုမှ မတွေ့ဘူး)

ကောင်လေး : (စိတ်ဆိုးဟန်ဖြင့်) နင်က ငါ့ကို ဟာသလုပ်နေတာလား ?? ငါ့နောက်မှာ ဘယ်သူ့ကိုမှ မတွေ့ပါဘူး …

ကောင်မလေး : (ခေါင်းကိုခါလိုက်ပြီး) ဟာသလုပ်တာ မဟုတ်ဘူး … နင့်စိတ်ကိုသိချင်လို့ စမ်းလိုက်တာပါ … တကယ်လို့ နင်သာငါ့ကိုတကယ်ချစ်ရင် … ငါ့ထက်လှပါတယ်ဆိုတဲ့ သူငယ်ချင်းကို နင်စိတ်ဝင်တစား နောက်လှည့်ကြည့်နေမှာ မဟုတ်ဘူးလေ …

◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆

အချစ်ဆိုတာ လူတယောက်ရဲ့ အနက်ရှိုင်းဆုံး ခံစားမှုတွေကို ကိုယ့်နှလုံးသားနဲ့ ထွေးပွေ့ထားတတ်ခြင်းပါ …
အပေါ်ယံအမြင်နဲ့ နှစ်သက်သဘောကျရုံသက်သက် မဟုတ်ပါဘူး …

★ပိုးဟပ်ဖြူ★

နင့်ကိုချစ်မိသွားပြီထင်တယ်

Posted by : လက်တွဲဖော် 0 Comments

တချိန်တုန်းက တယောက်နဲ့တယောက် သိပ်ချစ်ကြတဲ့ ချစ်သူနှစ်ဦးရှိတယ် ။
မမျှော်လင့်ဘဲ တနေ့မှာ ကောင်မလေး သေဆုံးသွားခဲ့တယ် ။

အဲဒီအခါ ကောင်လေးက ယူကြုံးမရဖြစ်ပြီး အချိန်ရှိတိုင်း ကောင်မလေးကိုပဲ တမ်းတနေခဲ့တယ်။ ကောင်မလေးကိုလွမ်းတိုင်း နေ့တိုင်းနီးပါးကျနေရတဲ့
မျက်ရည်တွေခမ်းခြောက်ဖို့ သူ့ကိုယ်သူနှစ်သိမ့်ခဲ့သလို Joker တရုပ်အဖြစ်နဲ့လည်း အပူမျက်နှာကို ဟန်လုပ်ပြုံးပြရင်း လူတွေကိုပျော်ရွှင်အောင်လုပ်ပေးရင်းနဲ့ ဖြေသိမ

့်ခဲ့တယ်။
ဒါပေမယ့် မျက်ရည်တွေ ခြောက်ခမ်းသွားဖို့ကိုတော့ သူကိုယ်တိုင်အပြင် ဘယ်သူကမှ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ။

တနေ့ .. .. ..
ကောင်လေးနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတုန်း အိပ်မက်ထဲမှာ သူ့ချစ်သူကောင်မလေးကို နတ်ပြည်မှာ တွေ့ခဲ့တယ်။ နတ်သမီးပေါင်းမြောက်မြားစွာနဲ့အတူ သူသိပ်ချစ်ရတဲ့ တဦးတည်းသော ချစ်သူလေးပေါ့ ။

နတ်သမီးတိုင်းလိုလို ရွှေရောင်ပြိုးပျက်တဲ့အဝတ်အစားတွေ ဝတ်ဆင်ထားကြပြီး လက်ထဲမှာ အလင်းရောင်ရှိတဲ့ ဖယောင်းတိုင်တစ်တိုင်စီ ကိုင်ဆောင်ထားကြတယ် ။

အဲဒီမှာ သူ သတိထားမိလိုက်တာက သူ့ချစ်သူကောင်မလေးက ရွှေရောင်ပြိုးပြိုးပျက်ပျက်ဝတ်စုံလေးကိုတော့ ဝတ်ဆင်ထားပါရဲ့ ။ ဒါပေမယ့် သူမ လက်ထဲက ဖယောင်းတိုင်က အလင်းရောင်ကင်းမဲ့နေတယ် ။

သူ .. ကောင်မလေးကို မေးလိုက်တယ် ။
" သဲ .. သူများတွေရဲ့ ဖယောင်းတိုင်တွေအကုန်လုံး အလင်းရောင်ရှိပါလျက်နဲ့ သဲရဲ့ဖယောင်းတိုင်ကျတော့ ဘာလို့ အလင်းရောင်ကင်းမဲ့နေရတာလဲ " တဲ့ ။ ။

ကောင်လေးရဲ့ အမေးစကားကို ကောင်မလေး ပြန်ဖြေခဲ့တယ် ။
" ကို .. နင်က ငါ့ရဲ့အလင်းရောင်လေးလေ ။ နင်ငိုနေမှတော့ ငါ့ဖယောင်းတိုင်လေးလည်း ဘယ်အလင်းရောင်ရှိနိုင်ပါ့မလဲ ။ နင် မငိုပါနဲ့နော် ။ " တဲ့ ♥





{မယ်ပိုး}

နင် မငိုပါနဲ့နော်

Posted by : လက်တွဲဖော် 0 Comments

ညတစ်ညမှာ ယောက်ျားတစ်ယောက် အရက်မူးမူးနဲ့ အိမ်ပြန်ရောက်လာပြီး ပစ္စည်းတွေကို ပစ်ပေါက်ရိုက်ခွဲနေရင်းက အော့အန်ပြီးတော့ ကြမ်းပြင်ပေါ်လဲကျသွားတယ် … သူ့မိန်းမက သူ့ကို ဆွဲထူပြီး အခန်းထဲပို့ပြီးတဲ့အခါ အန်ဖတ်တွေနဲ့ ရှုပ်ပွနေတဲ့ ပစ္စည်းတွေကို ရှင်းလင်းခဲ့တယ် …

နောက်တစ်နေ့မနက် ယောက်ျားနိုးလာတဲ့အခါမှာ မနေ့ညက အဖြစ်ကိုစဉ်းစားပြီး သူ့မိန်းမ သူ့ကို အရမ်းစိတ်ဆိုးဒေါသထွက်နေပြီလို့ ထင်နေတယ် … သူ့မိန်းမနဲ့ ရန်မဖြစ်ရပါစေနဲ

့လို့လည်း ဆုတောင်းနေတာပေါ့ …

ဒါပေမယ့် သူအိပ်ယာကနေ ထထိုင်လိုက်တဲ့အခါ ဘေးကစားပွဲပေါ်မှာတင်ထားတဲ့ စာရွက်တစ်ရွက်ကို တွေ့လိုက်တယ် …


“မနက်စာအတွက် ကို ကြိုက်တဲ့ မုန့်ဟင်းခါး စားပွဲပေါ်မှာ ပြင်ပေးထားတယ်နော် …
ဝယ်စရာတွေရှိလို့ ဈေးသွားလိုက်ဦးမယ် …
ကိုအလုပ်မသွားခင် အရောက်ပြန်လာခဲ့မယ် …
အရမ်းချစ်တယ် …”


စာကိုဖတ်ပြီးတဲ့အချိန်မှာ သူအရမ်းအံ့သြသွားပြီး သူ့သားကိုမေးလိုက်တယ် ..

“မနေ့ညက ဘာတွေဖြစ်ခဲ့တာလဲ??”

သားက ပြန်ဖြေလိုက်တယ် …


“မနေ့ညက အဖေအရမ်းမူးပြီး လဲကျသွားတဲ့အချိန်မှာ အမေ အဖေ့ကို အိပ်ယာထဲ တွဲခေါ်လာပြီး အဖေ့ ဖိနပ်တွေ အကျီင်္တွေ ချွတ်ပေးနေတုန်း အဖေက မျက်စိတောင် မဖွင့်နိုင်ဘဲ ပြောလိုက်တယ်လေ …

♥ ဟေ့ ကောင်မလေး!ငါ့ကို မထိနဲ့ … ငါ့တစ်ယောက်တည်း ထားခဲ့ … ငါ့မှာ အိမ်ထောင်ရှိတယ်!! ♥

တဲ့ …”


✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿


ဘယ်လိုအခြေအနေမျိုးမှာမဆို သင့်ချစ်သူအပေါ် သစ္စာရှိပါ!!
သင်သာ သူ့ကို တကယ် တန်ဖိုးထားရင် သူလည်း သင့်တန်ဖိုးကိုသိပြီး သင့်ကို ပြန်တန်ဖိုးထားပါလိမ့်မယ်

ငါ့မှာ အိမ်ထောင်ရှိတယ်!

Posted by : လက်တွဲဖော် 0 Comments

 
"ချစ်တယ်" လို့တစ်ခွန်းပြောရုံနဲ့ အချစ်တစ်ခုက ပြီးပြည့်စုံတာမဟုတ်ဘူး ။
တစ်ယောက်ကိုတစ်ယောက် သတိရစေမယ့်အမှတ်တရမျိုးလေးတွေ ဖန်တီးတတ်ရတယ် ။
ဥပမာ - သူ့အတွက် ကိုယ်ကိုယ်တိုင်ကဗျာရေးပေးတာမျိုး သီချင်းစပ်ပေးတာမျိုး သူသဘောကျမယ့်ကိစ္စတစ်ခုခုကို အတူတကွလုပ်ဆောင်ပေးတာမျိုး ။ ♥ ။


Facebook မှာ Relationship တင်ရုံနဲ့ အချစ်တစ်ခုကပြီးပြည့်စုံတာ မဟုတ်ဘူး ။
ကိုယ်ချစ်တဲ့သူ သဘောကျနှစ်သက်စေမယ့် အရာလေးတွေလည်း ဖန်တီးပေးတတ်ရတယ် ။
ဥပမာ - နံနက်ခင်းတိုင်း သူ့ wall ပေါ်တက်ပြီး ♥ morning my love ♥ လို့နှုတ်ဆက်ပေးတာမျိုး သူရေးတဲ့စာလေးတွေ ကဗျာလေးတွေ သူတင်တဲ့ဓါတ်ပုံလေးတွေကို ဂရုတစိုက်နဲ့ comment ပေးပေးတာမျိုး ။ ♥ ။


ကိုယ့်ချစ်သူကို အရမ်းချစ်လို့ တန်ဖိုးထားလို့ သူ့ကိုသဝန်တိုနေရုံနဲ့ အချစ်စစ်တစ်ခုဖြစ်လာမှာ မဟုတ်ဘူး ။
တချို့ကိစ္စရပ်တွေက သည်းခံသင့်ရင် သည်းခံပြီး ခွင့်လွှတ်သင့်ရင် ခွင့်လွှတ်ပေးရတယ် ။ ယုံကြည်ပေးရတယ် ။ အရာရာမှာချုပ်ချယ်နေရုံနဲ့တော့ သာယာတဲ့အချစ်တစ်ခုဖြစ်လာမှာ မဟုတ်ဘူး ။ ♥ ။


တကယ်တော့ ..
"အချစ်စစ်" တစ်ခုဖြစ်တည်ဖို့အတွက် "နားလည်ခွင့်လွှတ်တတ်မှု" နဲ့ "ယုံကြည်မှု" ပဲ လိုတာပါ ။ ။






{မယ်ပိုး}

"ချစ်တယ်"

Posted by : လက်တွဲဖော် 0 Comments

ချစ်သူနဲ့ အဆင်ပြေချင်ရင် ဒါလေးတွေကို ရှောင်
--------------------------------------------------

(၁) “တော်ပြီ… နင်နဲ့ ငါလမ်းခွဲတာပဲကောင်းတယ်”

ဘယ်လိုအခြေအနေရောက်ရောက် ကိုယ့်ဘက်က သူ့ကို လမ်းမခွဲနိုင်သေးဘူးဆိုတာသေချာရင်… ဟန်ဆောင်ပြီး လမ်းခွဲမယ်ဆိုတဲ့စကားကို မပြောမိပါစေနဲ့… ကိုယ့်ချစ်သူက ကိုယ့်ကို တကယ်ချစ်တဲ့သူဆိုရင်… သူတော်တော်ခံစားရပါတယ်… ဒီစကားက သူမကြားချင်ဆုံးစကားပါပဲ… ပြီးတော့ ကိုယ်က လမ်းခွဲစကားကို ခဏခဏ စိတ်ဆိုးတိုင်းပြောနေရင်… သူ့ဘက်က ကိုယ့်ကို တဖြည်းဖြည်း အထင်လွဲလာတတ်တယ်…



(၂) “အရင်ရည်းစားကို ဘယ်လောက်ထိချစ်ခဲ့လဲဟင်”

ချစ်သူရဲ့  အရင်ရည်းစားအကြောင်းကို ခဏခဏမမေးမိပါစေနဲ့… သူစိတ်ရှုပ်လာတတ်တယ်… ငါ့ချစ်သူက ငါ့ကို ဒီလောက်တောင်မယုံဘူးလား… နားမလည်ပေးနိုင်ဘူးလားဆိုပြီး တွေးလာတတ်တယ်… သိထားသင့်ရုံလောက်မေးထားသင့်ပါတယ်… ခဏခဏ စိတ်ရှိတိုင်း လိုက်လိုက်ပြီး မမေးပါနဲ့ … တော်ကြာကိုယ့်ကြောင့် သူ့အရင် ရည်းစားအကြောင်းပြောပြရပါများပြီး ... စိတ်ပြန်လည်သွားမှ ဒုက္ခ…



(၃) ကိုယ့်ချစ်သူကို လူ့ရှေ့သူ့ရှေ့မှာ မအော်မိပါစေနဲ့ … မဆူမိပါစေနဲ့

ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် မာနကမသေးဘူး … သူတို့ ဘယ်လောက်မှားနေမှားနေ မအော်သင့်ပါဘူး… သူတို့ကို သိက္ခာကျစေတဲ့အတွက် ကိုယ့်ကို စိတ်နာသွားတတ်တယ်… ပြီးတော့ကိုယ့်ကိုလည်း အဆင့်မရှိတဲ့လူ လို့ထင်သွားတတ်ပါတယ် …



(၄) ကိုယ့်ချစ်သူကျူးလွန်ခဲ့တဲ့ အရင်က အပြစ်တွေကို ခဏခဏ ပြန်မပြောမိပါစေနဲ့

ကိုယ့်ကိုရော အရင်က အပြစ်တွေ ခဏခဏ ပြန်ပြန်ပြီး လာပြောနေရင်ကြိုက်မလား… ဘယ်ကြိုက်မလဲ … စိတ်ညစ်တာပေါ့… သူတို့လဲ ဒီလိုပဲ… ကိုယ်က ပွစိပွစိနဲ့ အရင်က ဟာတွေပြန်ပြန် ပြောနေရင် စိတ်ညစ်ကြမှာပါ …



(၅) “ဒါလေးတောင် မသိဘူးလား” (သို့) “ဒီလောက်တော့ လုပ်နိုင်ရမှာပေါ့”

ကိုယ့်ချစ်သူကို ဘယ်လောက်ပဲ အားမလို အားမရ ဖြစ်ဖြစ် ဒီလိုပြောလိုက်ရင် သူစိတ်ထိခိုက်သွားလိမ့်မယ်… သူ့ကို ဘယ်နည်းနဲ့မှ အထင်သေးတဲ့ စကားမျိုး မပြောမိစေနဲ့… ကိုယ်သူ့ကို တကယ်ချစ်တယ် ဆိုရင် သူ့ကို တန်ဖိုးထားပြီး လေးစားသင့်ပါတယ် ...



(၆) ကိုယ့်ချစ်သူကို ဘယ်လောက်ပဲ ဒေါသဖြစ်နေနေ မဆဲမိပါစေနဲ

ရှေ့မှာ ပြောခဲ့သလိုပဲ တကယ်ချစ်ရင် တန်ဖိုးထားသင့်ပါတယ် … သူကတချိန်ချိန်မှာ ကိုယ့်ရဲ့  အိမ်ထောင်ဖက် ဖြစ်မှာလေ… (ရည်ရွယ်ထားရင်ပေါ့) ဒီတော့ တယောက်ကို တယောက် လေးလေးစားစား ဆက်ဆံတာ အကောင်းဆုံးပါပဲ…



(၇) “နင်နဲ့ ချစ်သူဖြစ်ပြီးကတည်းက ငါ့မှာ သူငယ်ချင်းကို သိပ်မရှိတော့ဘူး … အဲဒါ နင့်ကြောင့် ”

သူနဲ့ ချစ်သူဖြစ်ပြီးတဲ့နောက် သူ့အတွက်ပဲ အချိန်တွေပေးဖြစ်ပြီး ကိုယ်က သူငယ်ချင်းတွေနဲ့ အဆက်အဆံကြဲသွားတတ်ပါတယ် … အဲဒါ ကိုယ့်ချစ်သူကြောင့်လို့ အပြစ်မတင်သင့်ဘူး ... ဘာလို့လဲ ဆိုတော့ သူ့ကို ချစ်လို့ ကိုယ်ပြောင်းလဲသွားတာလေ… သူက အတင်း သူငယ်ချင်းတွေကို မပေါင်းရဘူးဆိုပြီး ဖြတ်ခိုင်းတယ် ဆိုရင်တော့ တမျိုးပေါ့…



(၈) “ကိုကလေ တခါတခါ အခြောက်နဲ့တူတယ် သိလား”

ဒါကတော့ မိန်းကလေးများအတွက် အထူးသတိပြုစရာပါ ... တခါတလေ ကိုယ့်ကောင်လေးက အခြောက်နဲ့ တူသွားတဲ့ အပြုအမူတချို့  ရှိမှာပါ … ဒါပေမယ့် အခြောက်နဲ့ တူတယ်လို့ သွားပြောလိုက်ရင်တော့ မကောင်းပါဘူး … သူငယ်ချင်းတွေကြားထဲဆို ပိုဆိုးတာပေါ့ ... သူ့ကို စော်ကားရာရောက်ပြီး သူစိတ်ဆိုးသွားလိမ့်မယ်… တကယ်ခြောက်နေတဲ့ လူတချို့  တောင် သူတို့ကို အခြောက်နဲ့ တူတယ်လို့ ပြောရင် မကြိုက်ကြပါဘူး…



(၉) ကိုယ့်ချစ်သူရဲ့  ဆွေမျိုးတွေ မိဘတွေ မကောင်းကြောင်း ဘယ်တော့မှ မပြောမိပါစေနဲ့ …

တကယ်မကောင်းလို့ ပါးစပ်ကနေထုတ်ညည်းချင်တယ်ဆိုရင်တောင် သူ့ရှေ့မှာ မညည်းမိပါစေနဲ့… သူ့ဆွေမျိုး သူ့မိဘကို ကိုယ့်ဆွေမျိုး ကိုယ့်မိဘလိုပဲ သဘောထားပေးပါ …



(၁၀) ကိုယ့်ချစ်သူကို ဘယ်သူနဲ့မှ မနှိုင်းပါနဲ့ ...

ကိုယ့်ချစ်သူကို ကိုယ့်ရဲ့  သူငယ်ချင်းတွေနဲ့ မနှိုင်းပါနဲ့ ... ကိုယ့်သူငယ်ချင်းရဲ့  ရည်းစားတွေနဲ့လည်း မနှိုင်းနဲ့ … ဖြစ်နိုင်ရင် ဘယ်သူနဲ့မှ မနှိုင်းပါနဲ့ … တယောက်ယောက်နဲ့ခိုင်းနှိုင်းပြီး ပြောခံရခြင်းက သူ့ရင်ကို နာကျင်စေပါလိမ့်မယ် ...

★ပိုးဟပ်ဖြူ

ချစ်သူနဲ့ အဆင်ပြေချင်ရင်

Posted by : လက်တွဲဖော် 0 Comments

ညီမလေးရေ ...

ကိုယ်မကြုံဖူးတဲ့ အတွေ့အထိတွေ အယုအယတွေကြောင့် တစ်သက်လုံး တန်ဖိုးရှိရှိ ထိန်းသိမ်းလာတဲ့ ညီမလေးရဲ့ အပျိုစင်ဘ၀ကို မဆုံးရှုံးစေနဲ့!!

ချစ်သူဆိုတာ ဆုံးရှုံးသွားရင် အစားပြန်ရနိုင်ပေမယ့် ညီမလေးရဲ့ အပျိုစင်ဘ၀ကတော့ ဘယ်တော့မှ ပြန်ရနိုင်မှာ မဟုတ်ဘူး ...


တစ်သက်လုံး ထိန်းသိမ်းလာခဲ့ပြီးမှ တဒင်္ဂလေးနဲ့ မဖျက်ဆီးလိုက်မိစေနဲ့!!

ညီမလေးရဲ့ အပျိုစင်ဘ၀လေး ပျက်စီးသွားတဲ့ နောက်ကွယ်မှာ မကောင်းတဲ့ အကျိုးဆက်တွေက ညီမလေးကို စောင့်ကြိုနေလိမ့်မယ် ...

✿ ညီမလေးရဲ့ ပတ်ဝန်းကျင်အလယ် လူ့အသိုင်းအ၀ိုင်းအလယ်မှာ အရင်လို စိတ်သန့်သန့်နဲ့ ခေါင်းမော့ပြီး နေနိုင်ဖို့ ခက်ခဲလိမ့်မယ် ...

✿ အရင်ကရှိတဲ့ self-confidence တွေ ပျောက်ဆုံးကုန်လိမ့်မယ် ...

✿ အရေးအကြီးဆုံးက မတော်တဆ ကိုယ်ဝန်တွေ ဘာတွေ ရှိလာခဲ့ရင် ညီမလေးအတွက် ဘ၀ပျက်မတတ်အခက်အခဲတွေနဲ့ ရင်ဆိုင်လာရလိမ့်မယ် ...

အဲ့ဒီအခါ ညီမလေးဒုက္ခရောက်မယ့်လမ်းရယ် အပြစ်မရှိတဲ့ လူသားတစ်ဦး ဒုက္ခရောက်ရမယ့် လမ်းရယ် ... ဒီနှစ်လမ်းပဲ ညီမလေးရွေးခွင့်ရှိတော့မယ် ...

ညီမလေး စိတ်ဆင်းရဲခံချင်မှာမဟုတ်သလို လူသတ်သမားလည်း ဖြစ်ချင်မှာ မဟုတ်ပါဘူး ...

ဒါကြောင့် ....

ကိုယ့်ကိုကိုယ် ထိန်းနိုင်အောင် ကြိုးစားပါ ညီမလေးရယ် ...

ဘာမဟုတ်တဲ့ ခံစားမှုတွေကြောင့် ညီမလေးရဲ့ ဘ၀မပျက်ပါစေနဲ့ ...

ညီမလေးရဲ့ မိဘတွေလည်း မျက်ရည်မကျရစေနဲ့ ...

ကိုယ့်ကိုယ်ကို ထိန်းသိမ်းတတ်တဲ့ တန်ဖိုးရှိတဲ့ မြန်မာမိန်းကလေးတစ်ယောက် ဖြစ်ပါစေကွယ် ♥♥♥


( Facebook ပေါ်မှ ညီမငယ်များ အားလုံးအတွက်!! )

ညီမလေးရေ ...

Posted by : လက်တွဲဖော် 0 Comments

✿ ညီမလေးရေ ...

ပိုက်ဆံ ၃၀၀ လောက်ရှိရုံနဲ့ အင်တာနက်သုံးလို့ရတဲ့ ခေတ်ကြီးထဲမှာ ( သူ့အပြင်လက်တွေ့ဘ၀အကြောင်း ဘာမှမသိဘဲ သူပြောသမျှပဲ သိရရုံနဲ့ ) Online ပေါ်က လူတစ်ယောက်ကို မျက်လုံးစုံမှိတ်ပြီး မယုံလိုက်နဲ့!!

ကိုယ့်ဂုဏ်သိက္ခာ ကိုယ့်အဆင့်အတန်းနဲ့ကိုယ်နေတဲ့ ညီမလေး ... အဆင့်အတန်းမရှိတဲ့ မတော်တရော်တွေနဲ့ ချစ်ကြိုက်မိမှာ စိုးလို့ပါ ...


✿ ညီမလေးရေ ...

ကိုယ့်ဘေးက လူတွေကိုတောင် ယုံလို့မရတဲ့ ခေတ်ကြီးထဲမှာ တစ်ခါမှ မမြင်ဖူးတဲ့ လူတစ်ယောက်ကို ရာနှုန်းပြည့် မယုံကြည်လိုက်နဲ့!!

အာမခံချက်မရှိတဲ့ ချစ်ခြင်းတစ်ခုအတွက် ညီမလေး ခံစားရမှာ စိုးလို့ပါ ...

✿ ညီမလေးရေ ...

အချိန်ဆိုတာ ပြန်အစားမရနိုင်တဲ့ လောကကြီးမှာ နီးစပ်ဖို့မသေချာတဲ့ လူတစ်ယောက်အတွက် Online ပေါ်မှာပဲ အအိပ်ပျက် အစားပျက် အချိန်မဖြုန်းမိစေနဲ့!!

ဘ၀ရှေ့ရေးအတွက် ကြိုးစားသင်ယူနေတဲ့ ညီမလေးရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေ အလဟဿဆုံးရှုံးမှာ စိုးလို့ပါ ...

✿ ညီမလေးရေ ...

ကိုယ့်အသားပါတာမှ မဟုတ်ဘဲဆိုပြီး Online ပေါ်မှာ ရည်းစားအများကြီး မထားပါနဲ့ ... Facebook ပေါ်မှာလည်း Relationship တွေ ခဏခဏ မချိန်းပါနဲ့!!

ရည်းစားများတာ ဂုဏ်ယူစရာမဟုတ်တဲ့အတွက် နောက်ကွယ်မှာ ညီမလေးကို သူများတကာ လက်ညှိုးထိုး မေးငေါ့ကြမှာ စိုးလို့ပါ ...
"လူတိုင်းလက်လှမ်းမီတဲ့ ပစ္စည်းဟာ ဈေးပေါတဲ့ပစ္စည်း" ဆိုတာလည်း ညီမလေး မမေ့နဲ့လေ ....


( Facebook ပေါ်မှ ညီမငယ်များ အားလုံးအတွက်!! )

ညီမလေးရေ ...

Posted by : လက်တွဲဖော် 0 Comments

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -