Posted by : လက်တွဲဖော် Sunday, October 28, 2012


✿ ညီမလေးရေ ...

ပိုက်ဆံ ၃၀၀ လောက်ရှိရုံနဲ့ အင်တာနက်သုံးလို့ရတဲ့ ခေတ်ကြီးထဲမှာ ( သူ့အပြင်လက်တွေ့ဘ၀အကြောင်း ဘာမှမသိဘဲ သူပြောသမျှပဲ သိရရုံနဲ့ ) Online ပေါ်က လူတစ်ယောက်ကို မျက်လုံးစုံမှိတ်ပြီး မယုံလိုက်နဲ့!!

ကိုယ့်ဂုဏ်သိက္ခာ ကိုယ့်အဆင့်အတန်းနဲ့ကိုယ်နေတဲ့ ညီမလေး ... အဆင့်အတန်းမရှိတဲ့ မတော်တရော်တွေနဲ့ ချစ်ကြိုက်မိမှာ စိုးလို့ပါ ...


✿ ညီမလေးရေ ...

ကိုယ့်ဘေးက လူတွေကိုတောင် ယုံလို့မရတဲ့ ခေတ်ကြီးထဲမှာ တစ်ခါမှ မမြင်ဖူးတဲ့ လူတစ်ယောက်ကို ရာနှုန်းပြည့် မယုံကြည်လိုက်နဲ့!!

အာမခံချက်မရှိတဲ့ ချစ်ခြင်းတစ်ခုအတွက် ညီမလေး ခံစားရမှာ စိုးလို့ပါ ...

✿ ညီမလေးရေ ...

အချိန်ဆိုတာ ပြန်အစားမရနိုင်တဲ့ လောကကြီးမှာ နီးစပ်ဖို့မသေချာတဲ့ လူတစ်ယောက်အတွက် Online ပေါ်မှာပဲ အအိပ်ပျက် အစားပျက် အချိန်မဖြုန်းမိစေနဲ့!!

ဘ၀ရှေ့ရေးအတွက် ကြိုးစားသင်ယူနေတဲ့ ညီမလေးရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေ အလဟဿဆုံးရှုံးမှာ စိုးလို့ပါ ...

✿ ညီမလေးရေ ...

ကိုယ့်အသားပါတာမှ မဟုတ်ဘဲဆိုပြီး Online ပေါ်မှာ ရည်းစားအများကြီး မထားပါနဲ့ ... Facebook ပေါ်မှာလည်း Relationship တွေ ခဏခဏ မချိန်းပါနဲ့!!

ရည်းစားများတာ ဂုဏ်ယူစရာမဟုတ်တဲ့အတွက် နောက်ကွယ်မှာ ညီမလေးကို သူများတကာ လက်ညှိုးထိုး မေးငေါ့ကြမှာ စိုးလို့ပါ ...
"လူတိုင်းလက်လှမ်းမီတဲ့ ပစ္စည်းဟာ ဈေးပေါတဲ့ပစ္စည်း" ဆိုတာလည်း ညီမလေး မမေ့နဲ့လေ ....


( Facebook ပေါ်မှ ညီမငယ်များ အားလုံးအတွက်!! )

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -