Posted by : လက်တွဲဖော် Monday, February 13, 2012

ဖေဖော်ဝါရီ၁၄ရက်နေ့ဟာ အားလုံးသိကြတဲ့အတိုင်း ချစ်သူများနေ့ဖြစ်ပါတယ်.. ဒီနေ့မှာ မိမိချစ်ခင် မြတ်နိုးရတဲ့ သူကို နှစ်သက်စဖွယ် အမှတ်တရ လက်ဆောင် လေးများ ပေးပြီး မိမိရဲ့ ချစ်ခင်မှု အလေးထားမှု တို့ကို ဖော်ပြခွင့်ရတဲ့ နေ့လေး တစ်နေ့လဲ ဖြစ်ပါတယ်… မိမိချစ်ခင်တဲ့သူနဲ့ အတူတူ အမှတ်ရစရာ နေရာတစ်ခုခုကို သွားရောက် လှည်ပတ်ခြင်း၊ စားသောက်ဆိုင် တစ်ခုခုမှာ ချစ်သူနဲ့အတူတူ သွားရောက် စားသောက်ခြင်း၊ ချစ်သူများနေ့နဲ့ ပါတ်သက်တဲ့ ပွဲတစ်ခုခုကို အတူတူယှဉ်တွဲ တက်ရောက်ခြင်း တို့ကို ပြုလုပ်နိုင်ပါသေးတယ်… မိမိချစ်ခင် မြတ်နိုးရသူကို စိတ်ကူးယဉ်ဆန်ဆန် (Romantic) ဖြစ်မဲ့ လက်ဆောင်လေးတွေ ပေးဖို့ ရွေးချယ် ရတာကိုက ရင်ခုန် စိတ်လှုပ်ရှားစရာ ကောင်းပါတယ်..


















ကဲ…….. သင်ရော ချစ်သူအတွက် ဘယ်လို လက်ဆောင်မျိုးလေး ရွေးချယ် ပြီးပြီလဲ.. ကိုယ်ပေးတဲ့ လက်ဆောင်ကို ချစ်သူက နှစ်သက် သဘောကျမယ်၊ တန်ဖိုးထားမယ်ဆိုရင် ပေးရတဲ့သူအတွက်အရမ်းကို ကျေနပ်ပီတိ ဖြစ်ဖို့ ကောင်းပါတယ်.. တစ်ချို့ကလဲ ကိုယ့်ချစ်သူကို လက်ဆောင်တော့ ပေးချင်ပါတယ်… ဘာပေးလို့ ပေးရမှန်းမသိ ဖြစ်နေတာမျိုး ရှိကြပါတယ်.. ခုချိန်ထိ မစဉ်းစားရသေးသူများ ရှိနိုင်ပါ သေးတယ်.. ပြီးတော့လည်း ချစ်သူများနေ့ဆိုတာ အိမ်ထောင်သည်တွေနဲ့ မဆိုင်ဘူးထင်ပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေသူများ အတွက် ကျွန်မကလဲ ၀ိုင်းကူပြီး စဉ်းစားပေးချင်ပါတယ်.. ဘာတွေ လုပ်မလဲ၊ ဘာလက်ဆောင်လေး ပေးရင်ကောင်းမလဲ.. စဉ်းစားကြည့် ရအောင်နော်….
ပထမဦးဆုံး စဉ်းစားသင့်တဲ့ လက်ဆောင်လေး တစ်ခုကတော့ လက်ဝတ် ရတနာပါ… လက်ဝတ်ရတနာ ဆိုတာ သင့်ရဲ့ခံစားမှုကို ဖော်ပြလို့ အကောင်းဆုံး လက်ဆောင်ပါတဲ့.. မင်းဟာကိုယ့်ဘ၀အတွက် အရေးအကြီးဆုံး. တန်ဖိုးအထားရဆုံးသူ ဖြစ်ပါတယ်လို့ ဖော်ပြတဲ့ သဘောလဲ ဖြစ်ပါတယ်.. အဖိုးတန် လက်ဝတ် ရတနာကို ပေးမယ်ဆိုရင် မချစ်ခင် မနှစ်သက်တဲ့သူ မရှိလောက်ပါဘူးနော်… ဒါကြောင့်မိမိရဲ့ အလေးအနက် အထားဆုံး ဘ၀ရဲ့ အရေးပါဆုံး သူကိုပေးသင့်တဲ့ လက်ဆောင်လေး တစ်ခုကတော့ လက်ဝတ်ရတနာ တစ်ခုခုပါ..… လက်ဆောင် လက်ခံမဲ့ သူက ယောက်ျားလေးဆိုခဲ့ရင် လက်ပတ်နာရီလို၊ လက်စွပ်လို လက်ဆောင် မျိုးလေးတွေနဲ့ သင့်တော်ပါတယ်.. လက်ဝတ် ရတနာလေး တစ်ခုခု တော့ ပေးချင်ပါရဲ့. ငွေကြေးအခြေအနေ ငဲ့ညှာနေရသေးလို့ပါ ဆိုတဲ့သူတွေအတွက် နောက်တစ်မျိုး ထပ်စဉ်းစား ကြည့်စို့နော်..

perfumes

ချစ်သူများနေ့မှာ ပေးဖို့ အများဆုံး ရွေးချယ်ကြတဲ့ လက်ဆောင် နောက်တစ်မျိုးက ရေမွှေးဖြစ်ပါတယ်.. ရေမွှေးဟာ အမျိုးသား၊ အမျိုးသမီး အပြန်အလှန် ပေးလို့ရတဲ့ လက်ဆောင် တစ်ခုဖြစ်ပါတယ်… ရေမွှေးဆိုတာလဲ သဘောမကျ ၊ မနှစ်သက်သူ နည်းပါးတဲ့ ချစ်စရာ လက်ဆောင် တစ်ခုပါ. ရေမွှေးလက်ဆောင် ပေးတယ် ဆိုတာလဲ မိမိရဲ့ အလေး အနက် ထားခြင်းကို ဖော်ပြတဲ့ တင်္ကေတတစ်ခုလို့ ဆိုပါတယ်… သို့သော် သေချာရမဲ့ အရာက မိမိ လက်ဆောင် ပေးမဲ့သူဟာ ရေမွှေး နှစ်သက်တဲ့သူ၊ သုံးစွဲတဲ့သူ ဟုတ်ရဲ့လား ဆိုတာပါဘဲ.. ရေမွှေးအနံ့ မခံနိုင်တဲ့ သူကို လက်ဆောင် ပေးခဲ့မိရင် မိမိလက်ဆောင်ကြောင့် ကြည်နူးရမဲ့ အစား စိတ်အနှောက်အယှက် လေးများတောင် ဖြစ်သွား နိုင်ပါသေးတယ်.. ရေမွှေးကြိုက်သူ မဟုတ်ဘူး၊ ဒါမှမဟုတ် သူ့အကြောင်းကို သေချာမသိသေးဘူး ဆိုရင်တော့ နောက်ထပ် တစ်မျိုးကို စဉ်းစား ကြည့်ကြပါ ဦးစို့နော်…



နောက်ထပ် ရွေးချယ်စရာ လက်ဆောင်ကတော့ ချစ်သူများနေ့အတွက် တန်ဖိုးလဲ မများလှဘဲ လက်ခံရတဲ့သူရဲ့ စိတ်ကို ရွှင်လန်းစေမဲ့ ပန်းလက်ဆောင် ဘဲဖြစ်ပါတယ်. အများဆုံး ရွေးချယ်တဲ့ပန်းကတော့ နှင်းဆီပန်းဖြစ်ပေမဲ့ လှလှပပ ပြင်ဆင်ထားတဲ့ ဘယ်ပန်းမဆို သင့်တော် ပါတယ်…. Floral service တွေမှာ ကြိုတင်မှာကြားပြီး ငွေချေထားခဲ့မယ် ဆိုရင် ကိုယ်တိုင် ပို့စရာမလိုဘဲ ချစ်သူ့အိမ်အရောက် ပို့ပေးတဲ့ ၀န်ဆောင်မှု မျိုးကို ရွေးချယ်လို့ ရနေပါပြီ…. ပန်းအစစ်ကို ပေးချင်တယ် ဆိုရင်တော့ စောစောစီးစီး ကြိုတင် မှာကြားထားဖို့ လိုပါတယ်.. အဲဒီနေ့မှာမှ သွားမှာမယ် ဆိုရင်တော့ ပန်းအစစ်ရဖို့ မလွယ်ကူပါဘူး… မိမိစိတ်ကူး ရှိတဲ့ ပန်းခြင်းလေးပုံစံ ကိုဘဲဖြစ်ဖြစ်.. ဆိုင်က ပြုလုပ်ပေးမဲ့ ပန်းခြင်း(သို့မဟုတ်) ပန်းစည်းကိုဘဲ ဖြစ်ဖြစ်ပေးနိုင်ပါတယ်… ၀ါသနာပါရင် ကိုယ်တိုင်ပြုလုပ်တဲ့ပန်းခြင်း၊ ပန်းစည်းလေးကို ပေးလို့ ရပါတယ်…. နှစ်သက်ရာ ဒီဇိုင်းလေးတွေကို ရွေးချယ်လို့ ချစ်သူကို ပျော်ရွှင်အောင် ပြုလုပ်ပေးနိုင်ပါတယ်…. ပန်းပွင့် ပန်းခြင်းတင်မက အပွင့်ပါတဲ့ပန်းအိုး သို့မဟုတ် သစ်ပင်ငယ်ဘဲ ဖြစ်ဖြစ်၊ အချို့ကတော့ ဘွန်ဇိုင်းလို့ခေါ်တဲ့ အပင်ပုလေးတွေကိုလဲ လက်ဆောင် ပေးကြ ပါသေးတယ်. အပင်လေး၊ ပန်းအိုးလေး တွေကို နှစ်သက်ရာ ဖဲကြိုးလေး ချည်နှောင်လိုက်မယ်ဆိုရင် အမြင်မှာပိုလှပြီး အလေးအနက် ထားရာလဲ ကျပြီပေါ့နော်..

English Handmade Chocolate Gift  

 

File:Chocolate gift.jpg

 

chocolate gift box


 




















နောက်တစ်မျိုးကတော့လူငယ်တွေကြားမှာ ရေပန်းစားတဲ့ ချောကလက် လက်ဆောင်ဖြစ်ပါတယ်.. ချောကလက်ကိုတော့ ချစ်သူများနေ့မှာ မပါမပြီးလို့ သဘောထားကြသူ များပါတယ်.. မိမိနှစ်သက်တဲ့ ဒီဇိုင်းမျိုးစုံနဲ့ ချောကလက်တွေကို ဆိုင်မှာ အလွယ်တကူ ၀ယ်ယူလို့ရပါတယ်.. လူငယ်တွေ အတွက်တော့ ချောကလက်က လက်ဆောင်ပေးလို့ သင့်တော်ပေမဲ့ လူလတ်ပိုင်းများအနေနဲ့ ချောကလက် လက်ဆောင်က နဲနဲ ကလေးဆန်တယ် လို့ ထင်ရပါတယ်.. သို့သော်လဲ ချစ်သူက ချောကလက် ကြိုက်တတ်တဲ့သူ ဆိုရင်တော့ လက်ဆောင်အဖြစ်သာ ရွေးချယ် လိုက်ပါ.. ချစ်သူများနေ့အတွက် အထူးပြုလုပ် ထားတဲ့ ကိတ်မုန့် ဆန်းဆန်းလေး ဆိုရင်လဲ သင့်ချစ်သူ သဘောကျနိုင်ပါသေးတယ်…

 Elegant Reflections Collection purse design mirror compacts

































































နောက်ထပ် ရွေးချယ်စရာ လက်ဆောင်ကတော့ တစ်ကိုယ်ရေ သုံးနဲ့ အလှအပ ပစ္စည်းများ၊ ဖန်စီ ပစ္စည်းလေးများ ဖြစ်ပါတယ်.. ယောက်ျားလေး တွေကိုတော့ Roll On ၊ After Shave၊ အင်္ကျီ၊ ပုဆိုး၊ ဘောပင်၊ စာအုပ် စသဖြင့် ရွေးချယ်နိုင်ပြီး.. မိန်းခလေးများ အတွက်တော့ Lotion၊ shampoo၊ make up၊ lipstick အမျိုးမျိုးနဲ့ အထည် ဆန်းလေးများ၊ ဖိနပ်၊ အိတ် စသည်တို့ကိုလဲ ရွေးချယ် နိုင်ပါတယ်. ငယ်ရွယ်သူများ အတွက်တော့ ချစ်ခင်စရာ အရုပ်လှလှလေးများ ကိုလဲ လက်ဆောင်ပေးလို့ သင့်တော်ပါတယ်.. ကီးချိန်းလှလှများ၊ စာအုပ်လေးများ၊ ခွက်ဒီဇိုင်း ဆန်းလေးများ၊ ၂ယောက်တွဲ ပုံလေး ထည့်ထားတဲ့ photo stand လေး၊ သီချင်းကောင်းလေးတွေ ရွေးပြီး ထည့်ထားတဲ့ MP3 ၊ MP4၊ Hand Set များ၊ ဦးထုပ်လေးများ စိတ်ကူးရှိသလို ရွေးချယ်နိုင်ပါတယ်… အထူးသဖြင့်တော့ ချစ်သူများနေ့အတွက် အဓိက ရွေးချယ်တဲ့ အရောင်ဟာ ပန်းရောင်ဖြစ်သော်လည်း ၄င်းအရောင်ဟာ လူငယ်များနဲ့ သင့်တော်သော်လည်း အသက်အရွယ် ရင့်ကျက်သူများအနေနဲ့ အခြားအရောင်ကို ရွေးချယ်သင့်ပါတယ်.။















မိမိချစ်သူဟာ တည်ငြိမ်ရင့်ကျက်သူ၊ စာပေ၀ါ သနာပါသူ ဆိုရင်တော့ စာအုပ် ကောင်းကောင်း လေးတွေကို အမှတ်တရ စာသားလေးတွေ ရေးသားပြီး လက်ဆောင် ပေးနိုင်ပါတယ်.. သီချင်း ကြိုက်တတ်သူ ဆိုရင် သူနှစ်သက်မဲ့ သီချင်းခွေ သော်လည်းကောင်း၊ ကောင်းနိုးရာရာ သီချင်းတို့ကို လက်ရွေးစင် ကူးပြီးတော့လည်း ပေးနိုင် ပါတယ်.. ချစ်သူများနေ့ အတွက် သီးသန့်အစီအစဉ် အနေနဲ့ တင်ဆက်တဲ့ သီချင်း လက်ဆောင် နေရာမှာလဲ ချစ်သူ အတွက် အချစ်သီချင်းကောင်းလေးကို သီချင်း လက်ဆောင် တောင်းပေးလို့လဲရပါတယ်..

 
ချစ်သူနဲ့အတူတူ ဆိုင်တစ်ခုခုမှာ စားသောက်ကြဖို့ ရည်ရွယ်ထားတယ် ဆိုရင်တော့ လူတွေ ဆူညံမဲ့ဆိုင်မျိုး၊ ဈေးကြီးကြီးပေးရတဲ့ ဆိုင်မျိုးထက် တိတ်ဆိတ်ပြီး လူသူရှင်းလင်းတဲ့၊ စိတ်ကူးယဉ် ဆန်ဆန် ပြင်ဆင်ထားတဲ့ ဆိတ်ငြိမ်တဲ့ သီးသန့် ဆိုင်လေးတွေက ချစ်သူ၂ယောက်ရဲ့ ခံစားချက် တွေကို ပိုပြီး အမှတ်ရစေမှာပါ… ရင်ခုန်စရာလဲ ပိုပြီး ကောင်းပါ လိမ့်မယ်.. မိမိအိမ်မှာ ချစ်သူနဲ့အတူ ညစာစားပွဲလေး ကျင်းပခွင့်ရမယ် ဆိုရင်တော့ သင်ဟာ အလွန်ကံကောင်း ပါတယ်… ညစာစားပွဲလေးကို မိမိစိတ်ကြိုက် ပြင်ဆင်ခွင့်ရလို့ပါ… ထိန်ထိန်လင်းနေမဲ့ မီးရောင်အစား.. မီးရောင် ခပ်မှိန်မှိန်(သို့မဟုတ်) မလင်းတလင်း ဖရောင်းတိုင်မီးကို ပန်းလှလှလေး များနဲ့ စိတ်ကူးရှိသလို အလှဆင်ထားမယ်၊ ပန်းအိုးလှလှလေး တွေကို ပြင်ဆင်ထားမယ် ဆိုရင်တော့ ရင်ခုန်စရာ ကောင်းတဲ့ ညစာစားပွဲ ဖြစ်လာပြီပေါ့နော်….
Happy Valentine Card
အဝေးတစ်နေရာ ရောက်နေလို့ မိမိချစ်သူကို လက်ဆောင်ပေးခွင့် မသာဘူး ဆိုရင်တောင် ခင်မင်တဲ့ သူငယ်ချင်း တစ်ယောက်ယောက်ကို အကူအညီ တောင်းပြီး မိမိပေးချင်တဲ့ လက်ဆောင်လေးကို ၀ယ်ခိုင်းလို့ ချစ်သူဆီအရောက် ပို့ပေးခိုင်းလို့ ရပါတယ်.. ဒီလိုအကူအညီမျိုးကို လူတိုင်းက လိုလိုလားလားနဲ့ ကူညီပေးချင် ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင်… ဘာမှမပေးနိုင်ဘူး ဆိုရင်တောင် မိမိခံစားချက်ကို ရေးထားတဲ့ စာသားလေးနဲ့ ပို့စကဒ် လေး တစ်ခုခု၊ ကဗျာလေးပါတဲ့ ကဒ်လေးတစ်ခုခုတော့ အနည်းဆုံးတော့ ပေးလို့ ရပါသေးတယ်နော်…






















ချစ်သူများနေ့မှာ လက်ဆောင် ပေးတယ်ဆိုတာ ငယ်ရွယ်သူများမှ၊ ချစ်သူ သမီးရည်းစားများ မှသာ ပေးလို့ရတာ မဟုတ်ပါဘူးတဲ့.. မိမိ ချစ်ခင်ရတဲ့သူ ဘယ်သူ့ကိုမဆို လက်ဆောင် ပေးကြပါတယ်.. မိမိရဲ့ မိခင်၊ ဖခင်၊ မိသားစု ၊ ဆွေမျိုး မိတ်ဆွေ၊ သူငယ်ချင်း၊ လုပ်ဖော် ကိုင်ဖက်၊ အချင်းချင်းလဲ လက်ဆောင် ပေးလို့ ရပါတယ်.. အိမ်ထောင်ရှင် များကလဲ ချစ်သူများနေ့ဟာ ငါတို့နဲ့ ဘာမှ မသက်ဆိုင်ဘူးလို့ ပြောလို့ မရပါဘူး.. လူတိုင်း၊ အသက်အရွယ် မရွေး သက်ဆိုင်ပါတယ်… မိမိရဲ့ခင်ပွန်း၊ ဇနီးတို့ကိုလဲ အမှတ်တရ လက်ဆောင် မပေးတောင်မှ မိမိအိမ်ကို ခါတိုင်းနဲ့ မတူအောင် ပြင်ဆင်ထားခြင်း၊ special dinner ပွဲလေးကို ချစ်စရာပြင်ဆင်ပြီး ၂ယောက်ထဲ ဖြစ်ဖြစ်၊ မိသားစုလိုက် ဖြစ်ဖြစ် ချစ်သူများနေ့ကို ကျင်းပနိုင်ပါတယ်.. အမျိုးသားကလဲ အိမ်အပြန်မှာ မိမိအိမ်သူသက်ထား အံ့သြ သွားအောင် ပန်းစည်း လှလှလေး၊ သို့မဟုတ် သူနှစ်သက်မဲ့ လက်ဆောင် တစ်ခုခုကို ရုတ်တရက် ပေးလိုက်မယ်ဆိုရင် ဘယ်သူက ၀မ်းမသာဘဲ နေမလဲနော်… ဒီလိုလေး လုပ်ပေးလိုက်ခြင်းအားဖြင့် အိမ်ထောင်ရေးကို ပိုပြီးနွေးထွေးတဲ့ ဆက်ဆံရေးမျိုး ဖြစ်လာဖို့ အထောက်အကူ အများကြီး ပေးနိုင်ပါတယ်… တစ်ဦးနဲ့ တစ်ဦးလဲ ချစ်ခင် တွယ်တာစိတ်၊ မြတ်နိုး ကြင်နာတဲ့စိတ်တွေ ပိုပြီး ရှိလာနိုင်ပါတယ်… တနည်းအားဖြင့် ငယ်မူငယ်သွေးနဲ့ လန်းဆန်းတဲ့ အချစ်တွေ ပြန်လည် ရရှိနိုင်တဲ့နည်းလည်း ဖြစ်ပါတယ်။















 DOUBLE WHITE PEARLS WITH PEARL DROP JEWELRY Specialty 3 Piece Boxed Set

လက်ဆောင်ပေးလိုက်လို့ ကုန်ဆုံးသွားတဲ့ ငွေကြေးနဲ့၊ ပြန်ရလိုက်တဲ့ ပျော်ရွှင် စိတ်ချမ်းသာမှုဟာ နှိုင်းယှဉ်လို့မရအောင် ကွားခြား လှပါတယ်နော်.. ကိုယ်ပေးတဲ့ လက်ဆောင်ကို ကိုယ်ချစ်ခင် မြတ်နိုးရသူ၊ ကိုယ့်အိမ်သူသက်ထား၊ ကိုယ့်မိတ်ဆွေ သူငယ်ချင်းတွေက နှစ်သက် သဘော ကျတယ် ဆိုရင်ဘဲ ဘယ်လောက်တောင်များ စိတ်ချမ်းသာစရာ ကောင်းထားပါသလဲရှင်.. ဘယ်သူမဆို ကိုယ့်ကို အလေးထား ဂရုစိုက်တာကို သဘောမကျဘဲ ရှိမလဲနော်.. မေတ္တာဆိုတဲ့ အရာဟာ အသွားအပြန် ရှိတယ်ဆိုတဲ့ နိယာမ စကားလေးလိုပါဘဲ.. ကိုယ်က ဂရုစိုက်မှ သူကလည်း ကိုယ့်ကို ပြန်ပြီး ဂရုစိုက်မယ် ကြင်နာမယ် မဟုတ်ပါလားနော်.

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -