♥♥ချစ်စကားပါးပေးပါ♥♥ လေထုနဲ့  အတူ မိုးစက်လေးနဲ့ အတူ ချစ်စကားပါးပေးပါ.............. ငါ့ချစ်သူ တိမ်တိုက်လေးတွေ ရွေ့ သလို ငါ့နားရွေ့ လာမလားး ငှက် ကလေးတွေ က မင်းက ငါ့ကိုချစ်တဲ့ အကြောင်းလာပြောမလား လေညှင်းလေးတွေတိုက်တော့  သက်ရွက်လေးတွေလှူပ်သွားသလို မင်းကို သတိယ တမ်းတစိတ်တွေနဲ့ ရာသီ ပြောင်းလဲ ..ရွှေ့လျှားးနေတိုင်း ငါ့ “အသဲနှလုံးလေး မင်းကိုချစ်ခြင်း ပျော်ဝင်စီးဆင်းပြီး သိမ်မွေ့နူးညံမှုတွေနဲ့အတူ လှူပ်ခါနေတယ် ချစ်သူရယ်..... ဘယ်အရာဝတ္တု ကမင်းနဲ့ ငါ့ အကြား အတားဆီးဖြစ်ခဲ့ သလဲ အဲ့ ဒီအတားအဆီးတွေရော မင်းဖြတ်သန်းနိုင်ပါ့ မလား ငါ့ နှလုံးသားရှိရာ ရပ်ဝန်းကို မင်းဘယ်အချိန် ရောက်လာမလဲ ငါ့ အတွေး ငါ့ စိတ်ကူးတွေ ငါ့ အိမ်မက်တွေထဲမှာ မင်း အမြဲတမ်း ရှိနေတယ် ချစ်သူရယ်................... မင်း က ငါ့ ကိုချစ်တဲ့ အကြောင်းတွေ.လေထုပါးပါးလေးတွေနဲ့  အတူသတင်းပါးပေးပါ............ တိမ်တိုက်လေးတွေနဲ့ အတူသတင်းပါးပေးပါ............. မင်း နေထိုင်ရာရပ်ဝန်းမှာလဲ လေထုပါးပါးလေးတွေ တိမ်ထုပါးပါးလေးတွေ မိုးစက်လေးတွေနဲ့ အတူု ငါ မင်းဘေးမှာ ငါ့အချစ် တွေနဲ့အတူအမြဲရောက်ရှိနေတယ် ချစ်သူ သူတို့ သာ စကားပြောတတ်ခဲ့ မယ် ဆိုရင် ငါ့ နှလုံးသားလေးဟာ ငါ သိပ်ချစ်တဲ့ မင်းကို ငါ ချစ်တဲ့ အကြောင်းတွေပြန်ပြောပြလိမ့်မယ်ချစ်သူရယ်............. မင်းကိုချစ်ခဲ့ တာ.. သံသရာအဆက်ဆက်ဘ၀အဆက်ဆက်ပါ မင်းသတင်းလေးတွေကိုအမြဲတမ်း ငါ့ နှလုံးသားလေးက စောင့်ကြိုနေတယ် ချစ်သူ............... ကြယ်လေးတွေနဲ့ လမင်းကြီးသာ စကားပြောတတ်မယ်ဆိုလည်း ငါ့မင်းကို ချစ်တဲ့အကြောင်းတွေ ပြန်ပြောပြနိုင်မယ်ထင်တယ်ချစ်သူရယ်။
Post a Comment