မစိုချင်တဲ့ သူကိုမှ ဥပေက္ခာမိုးက ငြိုးတတ်တယ်တဲ့လား ထီးကလေး တစ်ချောင်းတောင် မရှိတဲ့ နှလုံးသား သူ စိုစေချင်မှတော့ ရင်ဘတ်ကို ပိတ်မထားတော့ဘူး မိန်းကလေးရေ အမှတ်တရ February လွန်ခဲ့တဲ့နှစ် ဖေဖော်ဝါရီတုန်းက သစ္စာပန်းတွေ ကျွန်တော် ပျိုးခဲ့တယ် ဒီနှစ် ဖေဖော်ဝါရီမှာ သစ္စာပန်းတွေ ကျွန်တော် ခူးခွင့်မရခဲ့ဘူး နောက်နှစ် ဖေဖော်ဝါရီရောက်ရင်လည်း သစ္စာပန်းတွေ ကျွန်တော် ခူးခွင့်ရဦးမယ် မထင်ဘူး . . . . ဒီလိုနဲ့ပဲ ဖေဖော်ဝါရီ ရောက်တိုင်း နွေဦး သစ်ရွက်တွေဟာ သစ္စာရနံ့ ကိုမျှော်ရင်းနဲ့ပဲ လေပြေ အဝှေ့မှာ စတေးခံလိုက်ကြတယ် . . . . ဘယ်ဘက်ရင်အုံကို ဖွင့်ပြီး လမ်းမှားလာတဲ့ ငါးတစ်ကောင်ကို ကြိုဆိုမိခဲ့တာလား ပိုက် မချထားဘူး အစာနဲ့လည်း မမျှားခဲ့ဘူး ဧရာဝတီရဲ့ နွေဦး ညနေခင်းဟာ ဗန်ဂိုးရဲ့ နေကြာပန်း ပန်ချီလို ၀ါရင့်ရင့်နဲ့ လှတယ် ကျွန်တော်ဟာ ငါးကလေး ၀င်လာတာကို ၀ါရင့်ရင့် ညနေခင်းမှာ ထိုင်ကြည့်နေဖြစ်ခဲ့တယ် . . . . မစိုချင်တဲ့ သူကိုမှ ဥပေက္ခာမိုးက ငြိုးတတ်တယ်တဲ့လား ထီးကလေး တစ်ချောင်းတောင် မရှိတဲ့ နှလုံးသား သူ စိုစေချင်မှတော့ ရင်ဘတ်ကို ပိတ်မထားတော့ဘူး မိန်းကလေးရေ ရွာချလိုက်စမ်းပါတော့ စိုမှာ မစိုးမှတော့ အလွမ်းတွေ ယိုဖိတ်လည်း တိုးတိတ်စွာ ကျေနပ်လိုက်ပါ့မယ် နာကျင်ခြင်းတွေ စုံးစုံးမြုပ်မတတ်ပါပဲ . . . .
Post a Comment