Archive for 09/10/12
''' ယောက်ကျားလေးကမိန်းကလေးကိုချစ်တယ်ဆိုတာ
သူ့ ဘ၀မှာဘယ်လိုသောအခက်အခဲမျိုးနဲ့ ရင်ဆိုင်နေရပါစေ
သူ့ နောက်မှာအားပေးသူတစ်ယောက်အဖြစ်ရှိစေချင်လို့ 
သင့် ကိုချစ်ခဲ့တာ.....''''
'''' မိန်းကလေးကယောက်ကျားလေးကိုချစ်တယ်ဆိုတာ
သူ့ ဘ၀မှာဘယ်လိုခက်ခဲမှုမျိုးနဲ့ ကြုံနေပါစေ
တံတိုင်းသဖွယ်သူ့ အရှေ့ မှာအားကိုးရသူတစ်ယောက်အဖြစ်ရှိစေချင်လို့ 
သင့် ကိုချစ်ခဲ့တာ...'''
ဘ၀ဆိုတာ...
တစ်ယောက်တည်းမှမဖြတ်သန်းနိုင်ရင်
နှစ်ယောက်အတူဖြစ်သန်းတက်ဖို့ ...
တစ်ယောက်နဲ့ တစ်ယောက်လက်တွဲညီစွာလျှောက်လှမ်းနေကြတဲ့
ပေါင်းကူးတံတားလေးတစ်စင်းလိုပါပဲ....။ ။
လွမ်း♠ရိပ်
ချစ်သူ နှစ်ဦး လက်တွဲ ခိုင်မြဲစေဘို့ဆိုလျှင်...
သူမ၏သူငယ်ချင်းများနှင့် နှိုင်းယှဉ်၍ မိမိကိုယ်ကို ဒုတိယဟု မခံယူပါနှင့်
သူငယ်ချင်းနဲ့ချစ်သူ ဘယ်တော့မှ မပြိုင်ဆိုင်သင့်သော အရာတွေပါ။
သင်၏ ချစ်သူတွင်သူငယ်ချင်းများများ ရှိပါစေ....
သူမ၏ ရင်ဘတ်ထဲတွင်မူ သင်က ပထမနေရာ အမြဲရှိနေပြီးသားပါ။
သူမ၏ စိတ်ခံစားမှုကို လွတ်လပ်ပေးထားပါ။
စိတ်ညစ်နေချိန်တွင် သူငယ်ချင်းတစ်ယောက်နဲ့ ရင်ဖွင့်ပါစေ..
တစ်ရံတစ်ခါ ကိုယ် သိခွင့်မရှိသော အကြောင်းအရာများသည်
သူမ၏ သူငယ်ချင်းမှ သိနေမိလျှင် စိတ်မကောင်းမဖြစ်ပါနှင့်
သင့်အား သူမ မှ စိတ်ချမ်းသာစေလို၍ ဖြစ်သည်။
ချစ်သူအစ ထိုဘ၀အား သူမသည်အမြဲ မျှော်လင့်တမ်းတသူဖြစ်နေပါလိမ့်မည်။
ချစ်သူဖြစ်သွားသော်လည်း ချစ်သက် ဘယ်လောက်ကြာကြာ
မေ့ပြစ်ရန်မကြိုးစားပါနှင့်
ကောင်းကွက် ဆိုးကွက် ထိုနှစ်ချက်ထဲမှ သင့်ချစ်သူက သင့်အား ရွေးချယ်ချစ်တက်တာလေးတွေ ရှိနေပါလိမ့်မယ်..
မိမိ ချစ်သူအား မည်သည့်အခါမှ မချုပ်ချယ်ပါနှင့်
လှောင်အိမ်ထဲက ငှက်သည် အပြင်သို့ ထွက်ရန်သာ အမြဲကြံနေတက်တယ်
ထို့ကြောင့် လွပ်လပ်စွာ ထားပါ။
စိတ်ညစ်နေချိန်တွင် အဖေါ်ပြုပေးပါ။
အားငယ်နေချိန်တွင် နှစ်သိမ့်စကားပြောပေးပါ။
ချစ်သူ ဘ၀ ထိုခဏအားပိုင်ဆိုင်ရချိန်တွင် တန်ဘိုးအမြဲတမ်းထားပါ။
ဝေးရာကိုထွက်သွားတဲ့ ဒေါက်ဖိနပ်သံတွေက
ရင်ကိုတည့်တည့် လာမှန်လေ့ရှိတယ်
ကိုယ်တကယ်ချစ်တဲ့သူသာကိုယ့်ကိုတကယ်နာကျင်အောင်လုပ်နိုင်တာပါ။
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာပြီး လိုအင်ဆန္ဒပြည့်ပါစေ.
^ ချစ်သူ သိစေ
►