Archive for 09/07/12
အချစ်ဆိုတာ မိုးရွာတိုင်း ပွင့်တဲ့ ပန်းကလေး မဟုတ်ပါဘူး
ငါ့ရဲ့ အချစ်တွေ ဟာ မင်းနဲ့ တွေ့ မှ ဖူးပွင့်လာတာပါ
ငါ့ရဲ့ တည်ငြိမ်နေတဲ့ စိတ်တွေ ဟာ လွင်ပြင်မှာ တစ်ပင်တည်းပေါက်နေတဲ့ အပင်လို ရာသီဥတုဒဏ်ကို ကြံကြံခံ လူတက်ကြီး တစ်ယောက်လို နေခဲ့ ပေမဲ့ မင်းရဲ့ ညင်သာ တဲ့ လေပြေညင်းလို အချစ်တွေ ဟာ ငါ့ရဲ့ နှလုံးသားကို နိုး ထ လာစေအောင်တစ်ခါတည်း တိုက်ခက်သွားခဲ့ပြီလေ
တစ်ခုခု ကို လိုချင်တောင့်တကြရင်
လူတွေက ဆုတွေအမျိုးမျိုးတောင်းကြတယ်
ငါလည်းအပါအ၀င် ပေါ့
ငါလည်း ည ကဆုတောင်းခဲ့တယ်
ဘာမှ မလိုချင်ပါဘူး
ငါလိုချင်တာ တစ်ခုတည်းပါ
ကြယ်လေးတွေကို ကြည့် ပြီးတော့
တစ်နေ့နေ့တော့
မင်းနဲ့ဆုံဆည်းနိုင်ပါစေလို့
ကောင်လေး တစ်ယောက်က သင့်ကို တကယ်ချစ်လာတဲ့ အခါ ခုလို အပြု အမူ (၉)ချက်ကို လုပ်လာပါလိမ့်မယ်
၁၊ သင် ၀မ်းနည်းနေတဲ့အခါ...သူက မအေးချမ်းဘူး....
၂၊ သင် ၀မ်းသာတဲ့အခါ...သူက ပိုပြီး ၀မ်းသာတယ်...
၃၊ အမြဲလိုလို သင့်အတွက် လိုအပ်တာတွေ ၀ယ်လာပေးတတ်တယ်...သူ့အတွက်တောင် ဘယ်တော့မှ ၀ယ်သုံးလေ့မရှိဘူး..
၎၊ သင့်အလိုကို လိုက်လျောတတ်တယ်...
၅၊ သင့်ရဲ့ မိသားစုကို အရမ်း ဂရုစိုက်တယ်...
၆၊ တခါတလေ သူစိတ်ဆိုးပေမဲ့ သင်နဲ့ ရန်မဖြစ်ဘူး...စိတ်ဆိုးပြီးရင် အချိန်တန်ရင် ပြန်ခေါ်တယ်...
၇၊ သင့်ရဲ့ ခံစားချက်ကို အလေးထားတယ်....
၈၊ သူ့ရဲ့ အပေါင်းအသင်းတွေရှေ့မှာ သင်ကောင်းကြောင်း ကြွားလေ့ရှိတယ်...
၉၊ သင့်အပေါ်မှာ ၇ိုးသားတယ်...ဘယ်တော့မှ မလိမ်ဘူး...မလှည့်စားဘူး...
မိန်းကလေးတွေက သူ့ကို ရယ်မောစေနိုင်တဲ့ ယောက်ျားလေးကို မှတ်ထားတတ်သတဲ့။
ယောက်ျားလေးတွေက သူ့ကို ငိုစေနိုင်တဲ့ မိန်းကလေးကို မှတ်ထားတတ်သတဲ့။
ဒါပေမယ့် မိန်းကလေးတွေက သူ့ကိုငိုစေတဲ့ ယောက်ျားလေးနားမှာပဲ နေခဲ့တတ်ကြပြီး
ယောက်ျားလေးတွေက သူ့ကိုရယ်စေတဲ့ မိန်းကလေးနားမှာပဲ နေခဲ့တတ်ကြတယ်။
အဝေးရောက်ချစ်သူ (သို့) အွန်လိုင်းချစ်သူ
စိတ်ကူးနဲ့ရူးတယ်လို့ပဲဆိုဆို
အတွေးလေဟာနယ်ထဲ ရွက်လွှင့်နေတယ်ပဲပြောပြော
အနေဝေးနေတဲ့ ချစ်သူတွေအတွက်တော့
ချစ်ခြင်းတရားကို
စိတ်ကူးနဲ့ရင်ခုန် အတွေးနဲ့ခံစား
ချစ်ရသူရဲ့အပြုံးကို ပုံဖော်ကြည့်ရုံနဲ့တင်
ကြည်နူးပျော်ရွှင်ကျေနပ် နေရတာမို့
ချစ်ရသူရေ
မက်ဆေ့ခ်ျတွေစောင့်မျှော်ရင်း
အီးမေးလ်တွေ အချိန်မှန်ပို့ရင်း
ချက်ခ်မေးလ်ကို အကြိမ်ကြိမ်ပြန်ဖတ်ရင်း
မင်းအွန်လိုင်းလာမယ့်အချိန်ကို ရင်ခုန်မျှော်လင့်ရင်း
မင်းနဲ့နီးရတော့မယ့် မဝေးတော့တဲ့အချိန်တွေကိုလက်ချိုးရေ
ငါ ... တကယ် ရူးတော့မယ်ထင်ပါရဲ့ လေ ...
(အဝေးချစ်နဲ့ချစ်နေရသူများအတွက် ပါနော် .... )
@ ကဗျာချစ်သူ
သင့်ကိုသိပ်ချစ်တဲ့ချစ်သူတစ်ယောက် ပိုင်ဆိုင်ထားတယ်ဆိုရင်
သူ့ ကို ဘယ်တော့မှ နာကျင်အောင်မလုပ်ပါနဲ့ 
သူကကြင်နာတတ်တဲ့ချစ်သူဆိုရင် အာရုံစူးစိုက်မှုရှိအောင်
သင်က ထိန်းသိမ်းပေးရမယ်
အာရုံစူးစိုက်မှုရှိတဲ့ချစ်သူဆိုရင် တိုးတက်လိုစိတ်ရှိအောင်
သင်က တိုက်တွန်းပေးရမယ်
တိုးတက်အောင်ကြိုးစားနေတဲ့ချစ်သူဆိုရင် သူအောင်မြင်လာတဲ့နေ့ ရောက်အောင်
သင်က စောင့်ဆိုင်းနိုင်ရမယ်
သင့်ဘက်ကလည်း
အချစ်ကို တာရှည်ခိုင်မြဲစေတဲ့ ယုယကြင်နာမှု
အချစ်ကို ချိုမြိန်စေတဲ့ စိတ်ချင်းဖလှယ်မှု
အချစ်ကို နွေးထွေးစေတဲ့ ဂရုစိုက်မှု
အချစ်ကို ပျော်ရွှင်ချမ်းမြေ့စေတဲ့ ရိုးသားပွင့်လင်းမှု
ပြန်ပေးနိုင်ရမယ်
ဒါပေမယ့်
ချစ်သူကို စိတ်အနာတရဖြစ်အောင်တော့ မလုပ်မိပါစေနဲ့ 
အရမ်းစိတ်နာကျင်အောင်လုပ်မိတဲ့အခါ သင့်ကို ဘယ်လောက်ချစ်ချစ်
စွန့် ပစ်သွားနိုင်ပါတယ်
တကယ်တော့ အချစ်မှာ
ယုံကြည်မှုပေးနိုင်သူတစ်ယောက် နဲ့ 
နားလည်မှုပြန်ပေးနိုင်သူတစ်ယောက်ပဲ လိုအပ်တာပါ
ဒီလိုသာ ယုံကြည် ၊ နားလည်မှုတွေနဲ့  အချစ်စစ်မှန်သွားခဲ့ရင်
နေ့ တိုင်းဟာ ချစ်သူများနေ့  ဖြစ်နေမှာပါ .....
@ကဗျာချစ်သူ
310712 ( TUESDAY ) 09:35am
မိန်းကလေးဆိုတာ
ဘယ်လောက် ငွေကြေးပြည့်စုံသူပဲဖြစ်ဖြစ်
ဘယ်လောက် ပညာဂုဏ်မောက်သူပဲဖြစ်ဖြစ်
ဘယ်လောက် ချောမောလှပသူပဲဖြစ်ဖြစ်
ဘယ်လောက် ရင့်ကျက်သူပဲဖြစ်ဖြစ်
သူတို့  ဝမ်းနည်းကြေကွဲတဲ့အခါ
သူတို့  တိုးဝှေ့ ငိုဖို့ ရင်ခွင်တစ်ခုတော့လိုအပ်တယ်
ယောကျာ်းလေးဆိုတာ
ဘယ်လောက် ဆိုးသွမ်းနေသူပဲဖြစ်ဖြစ်
ဘယ်လောက် ကြမ်းတမ်းသူပဲဖြစ်ဖြစ်
ဘယ်လောက် မာနထောင်လွှားသူပဲဖြစ်ဖြစ်
ဘယ်လောက် ကိုယ့်ကိုနှိမ့်ချပြောဆိုသူပဲဖြစ်ဖြစ်
ချစ်သူ မျက်ရည်ကျတဲ့အခါ
စိတ်ထားပျော့ညံ့သွားတတ်တယ်
မိန်းကလေးအများစုက
ချစ်သူကောင်လေး သူ့ ကြောင့်အရာရာပြောင်းလဲတာကို
ဂုဏ်ယူတတ်ကြသလို
ယောကျာ်းလေးအများစုကလည်း
ချစ်သူကောင်မလေးကို အလိုလိုက်၊အကြိုက်ဆောင်ရတာကို
နှစ်သက်ကြတယ်
အချစ်မှာ
သဘောတူညီချက်၊တောင်းဆိုမှု၊ကတိတွေ
မလိုပါဘူး
တစ်ယောက်ကိုတစ်ယောက် နားလည်ယုံကြည်မှုရှိဖို့ ကပိုပြီးတော့
အဓိကကျတာပါ
@ ကဗျာချစ်သူ
020812 ( Thursday ) 08:10pm
ငါ့ကို မကျေနပ်ရင်
ရန်တွေ့ ပြစ်လိုက်ပါ၊ပေါက်ကွဲပြစ်လိုက်ပါ
စိတ်ထဲမှာ မျိုသိပ်မထားပါနဲ့ 
မျိုသိပ်ပါများပြီး ငါ့ကိုသိပ်ချစ်ပါတယ်ဆိုတဲ့
နင့်ရင်ထဲက
အချစ်တွေလျော့သွားမှာကြောက်လို့ ပါ
ငါ့ကို စိတ်ဆိုးနေရင်
အော်ဟစ်ပြစ်လိုက်ပါ၊စကားများပြစ်လိုက်ပါ
နှုတ်ဆိတ်ပြီးတော့ မနေပါနဲ့ 
ခံစားချက်တွေများပြီး နှုတ်ဆိတ်နေခဲ့ရင်
ပွက်ပွက်ဆူအောင်ချစ်ပါတယ်ဆိုတဲ့ နင့်နှလုံးသွေးတွေ
အေးခဲသွားမှာ ငါကြောက်လို့ ပါ
ငါ့ကို မကျေနပ်ရင်၊စိတ်ဆိုးနေရင်
လမ်းခွဲမယ်ဆိုတဲ့စကားလုံးတော့ ဘယ်တော့မှ
ပြောထွက်မလာပါနဲ့ နော်
အရာရာကို စွန့် လွှတ်ဖို့ အတွက် ခံနိုင်ရည်ရှိပေမယ့်
နင့်ကိုစွန့် လွတ်ပြီး ငါတစ်ယောက်တည်းရပ်တည်ဖို့ 
ခံနိုင်ရည်ရှိလာမှာ မဟုတ်လို့ ပါ
ချစ်သူ
မင်းမှမသိပဲကွယ်
အရာရာကိုအလျော့ပေး နင့်ကိုအမြတ်တနိုး
ချစ်နေတယ်ဆိုတာ
ချစ်သူ
မင်းမှမသိပဲကွယ်
ငါက ချစ်ပြီးရင် ဘယ်တော့မှမမုန်းတတ်တော့ဘူးဆိုတာကိုလေ .....
@ကဗျာချစ်သူ
010812 ( Wednesday ) 08:50 am
►