Posted by : လက်တွဲဖော် Friday, September 7, 2012


မိန်းကလေးဆိုတာ ဘယ်လောက် ငွေကြေးပြည့်စုံသူပဲဖြစ်ဖြစ် ဘယ်လောက် ပညာဂုဏ်မောက်သူပဲဖြစ်ဖြစ် ဘယ်လောက် ချောမောလှပသူပဲဖြစ်ဖြစ် ဘယ်လောက် ရင့်ကျက်သူပဲဖြစ်ဖြစ် သူတို့  ဝမ်းနည်းကြေကွဲတဲ့အခါ သူတို့  တိုးဝှေ့ ငိုဖို့ ရင်ခွင်တစ်ခုတော့လိုအပ်တယ် ယောကျာ်းလေးဆိုတာ ဘယ်လောက် ဆိုးသွမ်းနေသူပဲဖြစ်ဖြစ် ဘယ်လောက် ကြမ်းတမ်းသူပဲဖြစ်ဖြစ် ဘယ်လောက် မာနထောင်လွှားသူပဲဖြစ်ဖြစ် ဘယ်လောက် ကိုယ့်ကိုနှိမ့်ချပြောဆိုသူပဲဖြစ်ဖြစ် ချစ်သူ မျက်ရည်ကျတဲ့အခါ စိတ်ထားပျော့ညံ့သွားတတ်တယ် မိန်းကလေးအများစုက ချစ်သူကောင်လေး သူ့ ကြောင့်အရာရာပြောင်းလဲတာကို ဂုဏ်ယူတတ်ကြသလို ယောကျာ်းလေးအများစုကလည်း ချစ်သူကောင်မလေးကို အလိုလိုက်၊အကြိုက်ဆောင်ရတာကို နှစ်သက်ကြတယ် အချစ်မှာ သဘောတူညီချက်၊တောင်းဆိုမှု၊ကတိတွေ မလိုပါဘူး တစ်ယောက်ကိုတစ်ယောက် နားလည်ယုံကြည်မှုရှိဖို့ ကပိုပြီးတော့ အဓိကကျတာပါ @ ကဗျာချစ်သူ 020812 ( Thursday ) 08:10pm

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -