Posted by : လက်တွဲဖော် Friday, September 7, 2012


ငါ့ကို မကျေနပ်ရင် ရန်တွေ့ ပြစ်လိုက်ပါ၊ပေါက်ကွဲပြစ်လိုက်ပါ စိတ်ထဲမှာ မျိုသိပ်မထားပါနဲ့  မျိုသိပ်ပါများပြီး ငါ့ကိုသိပ်ချစ်ပါတယ်ဆိုတဲ့ နင့်ရင်ထဲက အချစ်တွေလျော့သွားမှာကြောက်လို့ ပါ ငါ့ကို စိတ်ဆိုးနေရင် အော်ဟစ်ပြစ်လိုက်ပါ၊စကားများပြစ်လိုက်ပါ နှုတ်ဆိတ်ပြီးတော့ မနေပါနဲ့  ခံစားချက်တွေများပြီး နှုတ်ဆိတ်နေခဲ့ရင် ပွက်ပွက်ဆူအောင်ချစ်ပါတယ်ဆိုတဲ့ နင့်နှလုံးသွေးတွေ အေးခဲသွားမှာ ငါကြောက်လို့ ပါ ငါ့ကို မကျေနပ်ရင်၊စိတ်ဆိုးနေရင် လမ်းခွဲမယ်ဆိုတဲ့စကားလုံးတော့ ဘယ်တော့မှ ပြောထွက်မလာပါနဲ့ နော် အရာရာကို စွန့် လွှတ်ဖို့ အတွက် ခံနိုင်ရည်ရှိပေမယ့် နင့်ကိုစွန့် လွတ်ပြီး ငါတစ်ယောက်တည်းရပ်တည်ဖို့  ခံနိုင်ရည်ရှိလာမှာ မဟုတ်လို့ ပါ ချစ်သူ မင်းမှမသိပဲကွယ် အရာရာကိုအလျော့ပေး နင့်ကိုအမြတ်တနိုး ချစ်နေတယ်ဆိုတာ ချစ်သူ မင်းမှမသိပဲကွယ် ငါက ချစ်ပြီးရင် ဘယ်တော့မှမမုန်းတတ်တော့ဘူးဆိုတာကိုလေ ..... @ကဗျာချစ်သူ 010812 ( Wednesday ) 08:50 am

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -