Archive for 09/03/12
မိန်းမတယောက်ရဲ့အလှက
သူ့ကိုမချစ်တဲ့ယောက်ကျားတယောက်အတွက်
ဆွဲဆောင်မှုအရာမှာ သုညပဲ
ယောက်ကျားတယောက်ရဲ့ ကြွယ်ဝချမ်းသာမှုကလည်း
သူ့ကိုမချစ်တဲ့မိန်းမတယောက်အတွက်
ဖမ်းစားထားနိုင်မှုအရာမှာ ဗလာသက်သက်ပဲ
သင်ရုပ်ချောသည်ဖြစ်စေ ၊ ကြွယ်ဝချမ်းသာသည်ဖြစ်စေ
သင့်ကိုချစ်တဲ့လူတယောက်ရဲ့အချစ်ဟာ
အဲဒီအချက်အလက်တွေအပေါ်ကိုအခြေခံလေ့မရှိဘူး
တကယ်တမ်း သင့်ကိုမချစ်တဲ့လူတယောက်အတွက်
သင့်ရဲ့လှပမှု ၊ ကြွယ်ဝချမ်းသာမှုတွေဆိုတာ
ခဏတဖြုတ် ငေးကြည့်ရရုံသာသာလောက်ထက်
ဘာစိတ်ဝင်စားစရာမှ ပိုပြီးမပေးနိုင်ပါဘူး
တကယ်တော့လူတယောက်ကို
သင်တသက်လုံးဆွဲဆောင်ထားနိုင်တယ်ဆိုတာ
သင့်ရဲ့အပေါ်ယံပိုင်ဆိုင်မှုတွေကြောင့်မဟုတ်ဖူး
သူတို့ရဲသင့်အပေါ်ထားရှိတဲ့ တခုတည်းသောချစ်မြတ်နိုးတဲ့စိတ်ကြောင့်ပါပဲ
ခင်မင်လျက်
ကောင်မလေးရဲ့ကောင်ကလေး
တခါတလေသင့်ချစ်သူသင့်အပေါ်ကလေးဆန်တဲ့အခါ
နားလည်ပေးလိုက်ပါ
သူတို့တွေ့ရဲ့လက်တွေ့ဘဝကလူကြီးဆန်ရလွန်းတဲ့အခါ
သင်နဲ့တွေ့ရင်ကလေးဆန်သွားတတ်ပါတယ်
တခါတလေ သင့်ချစ်သူကလူကြီးဆန်ချင်တဲ့အခါ
နားလည်ပေးလိုက်ပါ
သူတို့တွေရဲ့ လက်တွေ့ဘဝကကလေးတယောက်လိုနေထိုင်ရတဲ့အခါ
သင်နဲ့တွေ့ရင် လူကြီးတယောက်လိုပြောဆိုဆုံးမချင်တတ်ပါတယ်
တချို့လူတွေက သူတို့လက်တွေ့ဘဝမှာမရနိုင်တဲ့အရာတွေကို
သူတို့ချစ်သူတွေနဲ့တွေ့တဲ့အခိုက်ရယူတတ်ကြတယ်
လက်တွေ့ဘဝမှာ ပြောခွင့်မရတဲ့အကြောင်းအရာ ၊
လက်တွေ့ဘဝမှာနေခွင့်မရတဲ့ဘဝအနေထားတွေကို
ချစ်သူနဲ့တွေ့ရင်နေချင်တတ်ကြတယ်
တချို့လူတွေအတွက်
ချစ်သူဆိုတာသူတို့လက်တွေ့ဘဝမှာမရနိုင်တဲ့စိတ်ကူးယဉ်မှုလေးတွေကို
ဖန်တီးရယူပေးနိုင်တဲ့ တခုတည်းသောကမ္ဘာလေးပဲလေ။ ။
ခင်မင်လျက်
ကောင်မလေးရဲ့ကောင်ကလေး
“ တစ်စုံတစ်ယောက်က ကိုယ့်ကို လိုအပ်နေတဲ့အချိန်မှာ ကိုယ်ကBusy လို့ပြောရတာ အရမ်းလွယ်တယ်
ဒါပေမယ့် တစ်စုံတစ်ယောက်ကို ကိုယ်လိုအပ်နေတဲ့အချိန်မှာ Busy လို့ကြားရတာ အရမ်းနာကျင်ဖို့ကောင်းတယ် ”
►