Archive for 01/06/13
တချို့သူတွေက ပြောကြတယ်
တယောက်ကို တယောက် မြင်မြင်ချင်း ချစ်ခဲ့ကြတာတဲ့..
ကျနော်တို့နှစ်ယောက်ကတော့
အချစ်ဆိုတာကို
မမြင်မစမ်းနဲ့ ရူးရူးမူးမူးချစ်ခဲ့ကြတာ
ယုံကြည်မှု့တွေကို တည်ဆောက်ရင်းနဲ့
အိမ်မက်လေးတွေ မက်ခဲ့ကြတယ်..။
တယောက်ကိုတယောက် စနောက်ရင်းနဲ့
ပျော်ရွှင်စရာလေးတွေ ဖန်တီးခဲ့ကြတယ်..။
အမှတ်တမဲ့လေးတွေကို အမှတ်တရအဖြစ် ရေတွက်ရင်းနဲ့
မမေ့နိုင်စရာနေ့လေးတွေ အဖြစ် သတ်မှတ်ကြတယ်..။
ဒီလိုနဲ့..
နားလည်မှု့တွေ အပြန်အလှန်ထားရှိရင်း
အကြင်နာတွေ ပိုပိုတိုးလာတဲ့ အခါ
ချစ်သူရေ..
ငါ နင့်နဲ့ အပြင်မှာ အမြန်ဆုံးဆုံချင်ပြီဟာ..
(လွမ်းဝေ)
အမြန်ဆုံးဆုံချင်ပြီဟာ.
တခါတရံ..
ထိခိုက်နာကျင်မူတွေ နင်ပေးပေမယ့်..
ငါကတော့ စိတ်မဆိုးပါဘူး..။
တခါတရံ..
နာကျင်မူအတွက် ၀မ်းနည်းပေမယ့်..
နင့်ကို အပြစ်တခုမှ မပြောပါဘူး..။
တခါတရံ..
နင်က sorry လို့ပြောနေပေမယ့်..
ငါက ခွင့်လွှတ်ပြီးသားဖြစ်နေပါပြီ..။
နင်အမှားတွေ လုပ်နေပေမယ့်..
ငါကတော့ ကိုယ့်ကိုယ်ကို အပြစ်ပေးနေမိတာဟာ..
နင်ကို အရမ်းချစ်တဲ့ သက်သေတချို့ပဲဖြစ်လိမ့်မယ်..။
မင်းအလင်္ကာ
ထိခိုက်နာကျင်မူတွေ နင်ပေးပေမယ့်..
ငါကတော့ စိတ်မဆိုးပါဘူး..။
တခါတရံ..
နာကျင်မူအတွက် ၀မ်းနည်းပေမယ့်..
နင့်ကို အပြစ်တခုမှ မပြောပါဘူး..။
တခါတရံ..
နင်က sorry လို့ပြောနေပေမယ့်..
ငါက ခွင့်လွှတ်ပြီးသားဖြစ်နေပါပြီ..။
နင်အမှားတွေ လုပ်နေပေမယ့်..
ငါကတော့ ကိုယ့်ကိုယ်ကို အပြစ်ပေးနေမိတာဟာ..
နင်ကို အရမ်းချစ်တဲ့ သက်သေတချို့ပဲဖြစ်လိမ့်မယ်..။
မင်းအလင်္ကာ
တခါတရံ..
နင်နဲ့အမြန်ဆုံးပြန်ဆုံဖို့က ငါ့ရဲ့အကြီးမားဆုံးမျှော်လင့်ချက်လေ ♥
♥ ငါအကြောက်ဆုံးက အနေဝေးလို့ နင်သွေးအေးသွားမှာကိုပဲ ♥
နင်နဲ့ငါဝေးနေတဲ့အခါ ...♥ အပြန်အလှန်ပို့ကြတဲ့ SMS တွေက ငါတို့ရဲ့ ဆုံစည်းရာပေါ့ ♥
♥ ဖုန်းထဲက နင့်အသံလေးက ငါ့အတွက် အသက်ဆက်ဖို့ဆေးပဲ ♥
♥ အကွာအဝေးဆိုတာကြီးကို တွေးမိတဲ့အခါတိုင်း ငါအရမ်းဝမ်းနည်းတယ် ♥
♥ နင်နဲ့အမြန်ဆုံးပြန်ဆုံဖို့က ငါ့ရဲ့အကြီးမားဆုံးမျှော်လင့်ချ
♥ ငါအကြောက်ဆုံးက အနေဝေးလို့ နင်သွေးအေးသွားမှာကိုပဲ ♥
♥ ငါအမြဲတမ်းဆုတောင်းနေပါတယ် ... ငါတို့အချစ်တွေ ထာဝရရှင်သန်နေပါစေ .. လို့ ♥
နင်နဲ့ငါဝေးနေတဲ့အခါ ...
တခါတလေ ငါအတ္တတွေတအားများနေသလိုဘဲ
နင်ကို ဘယ်လောက်ဘဲနားလည်တယ် ပြောပြော
ငါအတ္တကို ရှေ့တန်းတင်နေတုန်းဘဲ
တခါတလေ ငါကိုယ်ငါ စိတ်ဆိုးတယ် ဒါပေမယ့်
နင်အရှေ့ရောက်ရင် အမြဲပြုံးပြီနေတတ်ပေမယ့်
ရင်ထဲမှာ ငိုနေတာကို နင်သိအောင် ငါမပြောပြခဲ့တဲ့အတွက်လေ
တခါတလေ ငါကိုယ်ငါ မုန်းတယ် ဒီလောက်ဘာကြောင့်
အစွဲအလမ်းကြီးတာလဲဆိုပြီးတော့ နင်မှငါအတွက်
မဖြစ်နိုင်မှန်း သိနေတာဘဲ ဘာကြောင့် နင်အနားမှာ
တွယ်ကပ်နေတုန်းဘဲ
အချစ်ဆိုတာရယူခြင်း မဟုတ်ဘဲ ပေးဆပ်ခြင်းဆိုရင်
အဲဒီအချစ်ဆိုတဲ့ အရာကို ငါနာကျည်းမိတယ်
ငါအတ္တကို
ငါ အလိုမလိုက်နိုင်တော့တဲ့ အခါမျိုးတွေမှာ
နင် ငါ့ကို သ၀န်တိုမှုတွေ လျော့ကျလာတယ် . . .
ငါ နင့်အတွက် အချိန်မပေးနိုင်တဲ့အခါမျိုးတွေမှာ
နင် အပြစ်မမြင်တော့ပဲ လွတ်လပ်စွာနေတတ်လာတယ် . . .
ငါ့အမှားတွေလုပ်မိလို့ တောင်းပန်တဲ့အခါမျိုးတွေမှာ
နင့်ဘက်က ခံစားချက်မပါတော့သလို ငါ့ကိုခွင့်လွတ်တတ်လာတယ် . . .
နင်လိုအပ်ချိန်တွေမှာ အရင်လို ငါမနေပေးနိုင်တော့သလို
ငါလိုအပ်ချိန် တွေမှာလဲ နင် အရင်လို မနေပေးတော့ဘူး . . .
ငါ နင့်ကိုအရမ်းချစ်နေတဲ့ အချိန်မှာတော့
ငါ့ကိုစိတ်ပျက်မသွားမိပါစေနဲ့ ချစ်သူ . . .
အချစ်စစ်ဆိုတာ ရှာရခက်တယ် ဆိုတာ နင်သိမှာပါ ချစ်သူ . .
အချစ်စစ်ဆိုတာ
ကောင်လေး ။ ။ နင် နေရောကောင်းရဲ့လား ?
ကောင်မလေး ။ ။ သိပ်မကောင်းဘူး ...
ကောင်လေး ။ ။ ဘယ်လိုဖြစ်တာလဲ ... မနေ့ကမှ အကောင်းကြီးရှိသေးတယ်
ကောင်မလေး ။ ။ အင်း ... အအေးမိသွားတာ !
ကောင်လေး ။ ။ ဘာ! ဘယ်လိုဖြစ်တာလဲ??
ကောင်မလေး ။ ။ ရေခဲမုန့် သွားစားမိလိုက်လို့ ...
ကောင်လေး ။ ။ နင်ရူးနေလား??? အေးချမ်းနေတဲ့အချိန် အဲ့ရေခဲမုန့်တွေ မစားပါနဲ့! ဒီမိုးရာသီလေးတော့ နည်းနည်းသည်းခံပါလို့ ငါနင့်ကိုမပြောဘူးလား?? နင့်ကိုယ်နင် ဘာသားနဲ့ထုထားတယ် မှတ်နေလဲ?? နင့်မှာ ဦးနှောက် မရှိဘူးလား?? ကလေးလည်း မဟုတ်တော့ဘူး ... ကိုယ့်ကိုယ်ကို ဂ၇ုစိုက်မှပေါ့ ။
.... ကောင်မလေးလည်း ကောင်လေးကိုလှမ်းဖက်ပြီး အပြုံးလေးနဲ့ပြောလိုက်တယ် ..
ကောင်မလေး ။ ။ နင် အဲ့လို ငါ့အပေါ် စိတ်ပူပြီး ဆူတာလေးကို ခံချင်လို့ နင်မစားနဲ့လို့ တားထားတဲ့ ရေခဲမုန့်တွေကို စားတာ ... ကဲ သိပြီလား ??
ကောင်လေး ။ ။ အမ် ... အရူးမလေး ;-*
❤ ကောင်မလေးတွေဟာ ကိုယ့်ချစ်သူရဲ့ ဂရုစိုက်မှုကို ရဖို့အတွက် ပုံစံမျိုးစုံနဲ့ ကြိုးစားတတ်ကြတယ် ^_^ ❤
.ပိုးဟပ်ဖြူ.
< Heart Canteen >
ကိုယ့်ချစ်သူရဲ့ ဂရုစိုက်မှု
တကယ်ကျေနပ်ရဲ့လား
သူမရှိတဲ့ အချိန်မှာ တကယ်ဘဲ
သင်ပျော်အောင်နေနိုင်ခဲ့လား
တကယ်အပျော်အစစ်မှဟုတ်ရဲ့လား
သူရဲ့ တစ်ခါတလေ ကပ်သီကပ်သပ်နိုင်တဲ့
စကားတွေကြောင့် တခါတခါ စိတ်ရှုပ်ပေမယ့်
သူအနားမှာမရှိရင် သင်တကယ်ပျော်နိုင်ရဲ့လား
တကယ်မေ့နိုင်ရဲ့လား
လူတစ်ချို့ပြောတယ် အချစ်ဆိုတာ
နောက်တစ်ယောက်ထပ်ထားလဲ
အရင်အချစ်သူကိုမေ့နိုင်ပါတယ်တဲ့
တကယ်ရောမေ့နိုင်ရဲ့လား ။
တကယ်မေ့နိုင်တယ်ဆိုရင်
အဲဒီလူကို တကယ်မချစ်ခဲ့လို့ပါဘဲ
လူတစ်ယောက်က
ဘ၀မှာတခါဘဲနှစ်နှစ်ကာကာချစ်ဖူးတယ်တဲ့
ပထမအချစ်ကို မေ့ပြီ နောက်တစ်ယောက်ကို
နှစ်နှစ်ကာကာချစ်ရင်တော့ အဲဒီလူရဲ့ .........
အချစ်က အခုမှတွေ့တာပါဘဲ ။
တကယ်ချစ်သောသူများနဲ့ တွေ့နိုင်ပါစေ
တကယ်ချစ်သောသူများနဲ့ တွေ့နိုင်ပါစေ
သူမပေါ့ !!
ထစ်ခနဲရှိ ကျွန်တော့်ကို စိတ်ကောက်တတ်တဲ့ကောင်မလေး ။
သူမပေါ့ !!
ကျွန်တော့်ကို အနိုင်ရတဲ့အခါ ပျော်ရွှင်နေတတ်သူလေး ။
သူမပေါ့ !!
ကျွန်တော့်ကို အချိန်ပြည့်သဝန်တိုတတ်တဲ့ ကောင်မလေး ။
သူမပေါ့ !!
ကျွန်တော် စိတ်ဆိုးတဲ့အခါ ကျွန်တော့ကိုမချော့တဲ့အပြင် သူကပြန်ပြီး စိတ်ဆိုးသွားတတ်တဲ့ ခပ်ဆိုးဆိုးကောင်မလေး ။
သူမပေါ့ !!
အဲဒီလို ကလေးဆိုးလေးက ကျွန်တော်ဝမ်းနည်းတဲ့အချိန်မှာတော့ လူကြီးတစ်ယောက်လို အားပေးတတ်သူလေး ။
သူမပေါ့ !!
ကျွန်တော့ကို ချစ်တယ်လို့ ခဏခဏပြောတတ်တဲ့ ကောင်မလေးက အဲဒီ"သူမ"လေးပေါ့
သူမပေါ့ !!
အမှန်တကယ် မကြင်နာချင်လျက်နဲ့..
ငါကို ချစ်တယ်လို့ နင်မပြောပါနဲ့...။
အမှန်တကယ် ရင်ထဲမှာမရှိပါပဲနဲ့..
ခံစားမူတွေကို စာစီမကုံပါနဲ့...။
အမှန်တကယ် မနီးစပ်ချင်လျက်နဲ့..
အမြဲတမ်းဆိုတဲ့ ဝေါဟာရကို မသုံးပါနဲ့..။
အမှန်တကယ် လိမ်ညာချင်ခဲ့ရင်...
ငါမျက်လုံးကို ကြည့်ပြီးမပြောပြပါနဲ့...။
အမှန်တကယ် အသဲကွဲဖို့ ရည်ရွယ်ထားခဲ့ရင်..
ငါလက်ကို ဘယ်တော့မှ မဆုပ်ကိုင်ပါနဲ့...။
ခံစားချက်မရှိပါပဲနဲ့..
ငါ့နှလုံးသားတံခါးကို ရိုက်ဖျက်ဖို့ မကြိုးစားပါနဲ့။
နင်မပြောပါနဲ
နင့်ကိုယ်ငါ အရမ်းချစ်တယ်
ဒါပေမဲ့ ငါဘယ်တော့မှ ချစ်တယ်
လို့ နင်ရှေ့မှာဖွင့်ဟတော့မှာ
မဟုတ်ဘူး....
နင်လွမ်းတယ်ဆိုတာထက်ငါက
အဆတစ်ရာလောက်လွမ်းတယ်
ဒါပေမဲ့ ငါ့အလွမ်းတွေကိုယ် နင့်
ကိုယ်ဘယ်တော့မှ မသိစေရဘူး
ငါနင့်ကိုယ် သတိရတိုင်း
မျက်ရည်တွေခဏခဏကျတယ်
ဒါပေမဲ့ ငါ့မျက်ရည်တွေကိုယ်
ဘယ်တော့မှ နင်တွေ့ရမှာ
မဟုတ်ဘူး။ ဘာဖြစ်လို့လဲ
နင်သိလား...?
နင့်တယောက်အတွက်ပဲ အညှာ
လွယ်သလို ဖြစ်ခဲ့တဲ့ ငါ့ရဲ့အချစ်
ကိုယ် တန်ဖိုးမထားတက်တဲ့
နင့်အတွက်...ငါ့ကိုယ်ငါဒါဏ်ခတ်
လိုက်တာပါ။
နင့်ကိုယ်ငါ အရမ်းချစ်တယ်
ချစ်သူနဲ့အခန့်မသင့်လို့စိတ်ပျက
တချို့ယောက်ကျားလေးတွေ မိန်းခလေးတွေတွေးလေ့ရှိတယ်
ချစ်သူရှာရမခက်ဘူး ပေါတယ်..
ဟုတ်ပါတယ်..ချစ်သူရှာရတာမခက်ပါဘ
ကိုယ်နှစ်နှစ်ကာကာချစ်ရတဲ့လူသာရ
ကိုယ်ကသိပ်ချစ်ရတဲ့လူ ၊ ကိုယ့်ကိုလည်းကိုယ်ချစ်သလိုပြန်
အဲဒီလိုလူဟာ တယောက်တည်းဖြစ်ဖို့သိပ်ခက်ခဲတယ
တချို့မာနတွေ ၊ ချစ်သူခြင်းမခံချင်စိတ်တွေကို
ခနလောက်မြိုသိပ်လိုက်ပါ
သိပ်ချစ်တဲ့လူတယောက်နဲ့လွဲချော်
နောက်တခါအဲဒီလိုအချစ်နဲ့လူတယောက
ဘယ်လောက်ချစ်ရခက်သလဲဆိုတာ သင်သိလာပါလိမ့်မယ်
တချို့အချစ်တွေက
ဘဝမှာတခါပဲ နက်နက်ရှိုင်းရှိင်းချစ်လို့ရတယ
သိပ်နောက်မကျသေးခင် သိဖို့လိုတယ်လေ~~
ချစ်သူရှာရမခက်ဘူး
မိန်းမတယောက်ရဲ့အရည်အချင်းကိုရုပ်ရည်နဲ့မသတ်မှတ်ဘူး
သူဘယ်လောက်အလှပြင်နိုင်သလဲဆိုတာနဲ့မသတ်မှတ်ဘူး
မိန်းမတယောက်ရဲ့အရည်အချင်းဆိုတာ
သူ့အလှအပတရားကို သူဘယ်လောက်ထိန်းသိမ်းနိုင်သလဲဆိုတာနဲ့သတ်မှတ်တယ်
သူ့သိက္ခာ သူ့တန်ဖိုးကိုသူဘယ်လောက်ထိန်းသိမ်းနိုင်သလဲဆိုတာနဲ့သတ်မှတ်တယ်
သူ့ခြေထောက်ပေါ်သူဘယ်လောက်ရပ်တည်နိုင်သလဲဆိုတာနဲ့သတ်မှတ်တယ်
အရည်အချင်းရှိတဲ့မိန်းမတယောက်ဆိုတာ
အချိန်မတိုင်သေးခင် သူရဲ့အလှအပတရားကိုအထိခိုက်မခံဘူး
သူ့ရဲ့တန်ဖိုးကို တစ်စုံတစ်ယောက်သောသူကြောင့်အပျက်မခံဘူး
ပြီးတော့သူဟာယောက်ကျားတစ်ယောက်ရှိမှ
ဘဝကိုကောင်းကောင်းရပ်တည်နိုင်တဲ့မိန်းမမျိုးမဟုတ်ဘူး
သင်ဟာရုပ်ဆင်းအင်္ဂါ သိပ်အချောစားကြီးမဟုတ်တဲ့မိန်းမတယောက်ဖြစ်ခဲ့ရင်
အားငယ်စရာမလိုဘူး
ဘာလို့လဲဆိုတော့ အရည်အချင်းရှိတဲ့မိန်းမတယောက်ဖြစ်နိုင်ဖို့
သင့်မှာတခြားကြိုးစားစရာအခွင့်အလမ်းတွေအများကြီးရှိနေလို့လေ~~~
ခင်မင်လျက်
ကောင်မလေးရဲ့ကောင်ကလေး
04-Jan-12,03:47Pm
အရည်အချင်းဆိုတာ
သူလိုအပ်သည်ဖြစ်စေ မလိုအပ်သည်ဖြစ်စေ
သူအနားမှာ အရိပ်တကြည့်ကြည့် နေခြင်းခဲ့မိတယ်.......
သူကိုယ်အပေါ်နားလည်သည်ဖြစ်စေ နာမလည်းသည်ဖြစ်စေ
ကိုယ်သာ သူအပေါ်နားလည်မှုရှိရင် ရပြီးလို့ယုံကြည့်မိတယ်........
သူချစ်သည်ဖြစ်စေ သူမချစ်သည်ဖြစ်စေ
ကိုယ်သာသူကို တကယ်ချစ်နေရင် အချစ်ဆိုတာအသွားအပြန်ရှိတယ်လို့
နောက်နေ့ရက်တွေ ဘာတွေကြုံတွေ့ရမယ်မှန်းမသိလဲ
ဒီနေ့မှာ သူဆိုတဲ့ အတွေးနဲ့ ပျော်ရွှင်ခွင့်လေးတော့ ရခြင်းမိတယ် .....
ပျာ်ရွှင်ခွင့်လေးတော့
နေကောင်းလားလို့မေးတော့....
နေကောင်းတယ်ပဲဖြေဖြစ်ခဲ့ပါတယ်
အဆင်ပြေရဲ့လားမေးတော့
အဆင်ပြေတယ်ပဲဖြေဖြစ်ခဲ့ပါတယ်
လွမ်းသေးလားလို့မေးတော့
ရံဖန်ရံခါတော့ သတိရမိတယ်ဖြေဖြစ်ခဲ့ပါတယ်
နောက်တယောက်နဲ့တွေ့နေပြီလားမေးတော့
ဘာမှပြန်မဖြေဖြစ်ပဲ...ပြုံးရုံပဲပြုံးပြဖြစ်ခဲ့တယ်
တခါတလေကျတော့ ကျနော်တို့ဟာ
ကိုယ့်ကိုမချစ်တဲ့လူတယောက်ကို..နာကျင်ရသည့်တိုင်အောင်
လမ်းခွဲဖို့ဆုံးဖြတ်ခဲ့ရတယ်
နေကောင်းနေပေမဲ့ စိတ်ကအချိန်အတော်ကြာပြန်ကုယူနေရတယ်
အဆင်ပြေနေတယ်ထင်ရပေမဲ့..မနည်းတည်ငြိမ်အောင်ပြန်ကြိုးစားနေရတယ်
နင့်နင့်နဲနဲလွမ်းနေခဲ့ပေမဲ့ မသိချင်ယောင်ပဲဆောင်နေခဲ့ရတယ်
ကိုယ့်ကိုချစ်တဲ့လူတွေရှိလာခဲ့ပေမဲ့
သူ့နေရာကိုအစားမထိုးနိုင်ပဲရှိနေခဲ့ရတယ်
ကိုယ်ခံစားခဲ့ရတဲ့ ခံစားချက်အမှန်ကို
သူတို့ရှေ့မှာမြိုသိပ်ဟန်ဆောင်ခဲ့ကြတယ်
ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ကိုမချစ်တဲ့လူတယောက်ကို
ကိုယ်နာကျင်ခံစားရတာတွေပြောပြနေလို့လဲ ဘာမှထူးမှာမှမဟုတ်ပဲ
အဲဒီတော့...ဘာမေးမေး
အဆင်ပြေပါတယ်ဆိုတဲ့...အဖြေဟာအကောင်းဆုံးပါပဲ
ခင်မင်လျက်
ကောင်မလေးရဲ့ကောင်ကလေး
26-nov-12,04:07PM
နေကောင်းတယ်ပဲဖြေဖြစ်ခဲ့ပါတယ်
အဆင်ပြေရဲ့လားမေးတော့
အဆင်ပြေတယ်ပဲဖြေဖြစ်ခဲ့ပါတယ်
လွမ်းသေးလားလို့မေးတော့
ရံဖန်ရံခါတော့ သတိရမိတယ်ဖြေဖြစ်ခဲ့ပါတယ်
နောက်တယောက်နဲ့တွေ့နေပြီလားမေးတော့
ဘာမှပြန်မဖြေဖြစ်ပဲ...ပြုံးရုံပဲပြုံးပြဖြစ်ခဲ့တယ်
တခါတလေကျတော့ ကျနော်တို့ဟာ
ကိုယ့်ကိုမချစ်တဲ့လူတယောက်ကို..နာကျင်ရသည့်တိုင်အောင်
လမ်းခွဲဖို့ဆုံးဖြတ်ခဲ့ရတယ်
နေကောင်းနေပေမဲ့ စိတ်ကအချိန်အတော်ကြာပြန်ကုယူနေရတယ်
အဆင်ပြေနေတယ်ထင်ရပေမဲ့..မနည်းတည်ငြိမ်အောင်ပြန်ကြိုးစားနေရတယ်
နင့်နင့်နဲနဲလွမ်းနေခဲ့ပေမဲ့ မသိချင်ယောင်ပဲဆောင်နေခဲ့ရတယ်
ကိုယ့်ကိုချစ်တဲ့လူတွေရှိလာခဲ့ပေမဲ့
သူ့နေရာကိုအစားမထိုးနိုင်ပဲရှိနေခဲ့ရတယ်
ကိုယ်ခံစားခဲ့ရတဲ့ ခံစားချက်အမှန်ကို
သူတို့ရှေ့မှာမြိုသိပ်ဟန်ဆောင်ခဲ့ကြတယ်
ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ကိုမချစ်တဲ့လူတယောက်ကို
ကိုယ်နာကျင်ခံစားရတာတွေပြောပြနေလို့လဲ ဘာမှထူးမှာမှမဟုတ်ပဲ
အဲဒီတော့...ဘာမေးမေး
အဆင်ပြေပါတယ်ဆိုတဲ့...အဖြေဟာအကောင်းဆုံးပါပဲ
ခင်မင်လျက်
ကောင်မလေးရဲ့ကောင်ကလေး
26-nov-12,04:07PM
အဆင်ပြေပါတယ်
သင့်ကို တကယ်ချစ်တဲ့သူဆိုတာ ..
ပထမအကြိမ် , သင့်ရဲ့အမှားကို လက်ခံပေးဖို့ သူကြိုးစားလိမ့်မယ် ။
ဒုတိယအကြိမ် , သင့်ရဲ့အမှားကို နားလည်ပေးဖို့ ကြိုးစားလိမ့်မယ် ။
တတိယအကြိမ် , သင့်ရဲ့အမှားကို ခွင့်လွှတ်ပေးဖို့ကြိုးစားလိမ့်မယ် ။
စတုတ္ထအကြိမ် , ပဉ္စမအကြိမ် , ... , သင့်ရဲ့အမှားမှန်သမျှကို သူ့ဘက်ကဖြေရှင်းပေးဖို့ ကြိုးစားနေဦးမှာပဲ ။
* မင်းကို ချစ်တဲ့စိတ်နဲ့ မင်းဘာဖြစ်ဖြစ် သူနားလည်ပေးဖို့ကြိုးစားမှာပဲလေ *
* မင်းကို တကယ်ချစ်တဲ့သူဆိုရင် ဘယ်လိုအကြောင်းမျိုးနဲ့မှ မင်းကို စိတ်ပျက်သွားမှာမဟုတ်ဘူး *
{ မယ်ပိုး }
< Heart Canteen >