Posted by : လက်တွဲဖော်
Sunday, January 6, 2013
နေကောင်းလားလို့မေးတော့....
နေကောင်းတယ်ပဲဖြေဖြစ်ခဲ့ပါတယ်
အဆင်ပြေရဲ့လားမေးတော့
အဆင်ပြေတယ်ပဲဖြေဖြစ်ခဲ့ပါတယ်
လွမ်းသေးလားလို့မေးတော့
ရံဖန်ရံခါတော့ သတိရမိတယ်ဖြေဖြစ်ခဲ့ပါတယ်
နောက်တယောက်နဲ့တွေ့နေပြီလားမေးတော့
ဘာမှပြန်မဖြေဖြစ်ပဲ...ပြုံးရုံပဲပြုံးပြဖြစ်ခဲ့တယ်
တခါတလေကျတော့ ကျနော်တို့ဟာ
ကိုယ့်ကိုမချစ်တဲ့လူတယောက်ကို..နာကျင်ရသည့်တိုင်အောင်
လမ်းခွဲဖို့ဆုံးဖြတ်ခဲ့ရတယ်
နေကောင်းနေပေမဲ့ စိတ်ကအချိန်အတော်ကြာပြန်ကုယူနေရတယ်
အဆင်ပြေနေတယ်ထင်ရပေမဲ့..မနည်းတည်ငြိမ်အောင်ပြန်ကြိုးစားနေရတယ်
နင့်နင့်နဲနဲလွမ်းနေခဲ့ပေမဲ့ မသိချင်ယောင်ပဲဆောင်နေခဲ့ရတယ်
ကိုယ့်ကိုချစ်တဲ့လူတွေရှိလာခဲ့ပေမဲ့
သူ့နေရာကိုအစားမထိုးနိုင်ပဲရှိနေခဲ့ရတယ်
ကိုယ်ခံစားခဲ့ရတဲ့ ခံစားချက်အမှန်ကို
သူတို့ရှေ့မှာမြိုသိပ်ဟန်ဆောင်ခဲ့ကြတယ်
ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ကိုမချစ်တဲ့လူတယောက်ကို
ကိုယ်နာကျင်ခံစားရတာတွေပြောပြနေလို့လဲ ဘာမှထူးမှာမှမဟုတ်ပဲ
အဲဒီတော့...ဘာမေးမေး
အဆင်ပြေပါတယ်ဆိုတဲ့...အဖြေဟာအကောင်းဆုံးပါပဲ
ခင်မင်လျက်
ကောင်မလေးရဲ့ကောင်ကလေး
26-nov-12,04:07PM

Post a Comment