Posted by : လက်တွဲဖော် Sunday, January 6, 2013


ငါ အလိုမလိုက်နိုင်တော့တဲ့ အခါမျိုးတွေမှာ
နင် ငါ့ကို သ၀န်တိုမှုတွေ လျော့ကျလာတယ် . . .

ငါ နင့်အတွက် အချိန်မပေးနိုင်တဲ့အခါမျိုးတွေမှာ
နင် အပြစ်မမြင်တော့ပဲ လွတ်လပ်စွာနေတတ်လာတယ် . . .

ငါ့အမှားတွေလုပ်မိလို့ တောင်းပန်တဲ့အခါမျိုးတွေမှာ
နင့်ဘက်က ခံစားချက်မပါတော့သလို ငါ့ကိုခွင့်လွတ်တတ်လာတယ် . . .

နင်လိုအပ်ချိန်တွေမှာ အရင်လို ငါမနေပေးနိုင်တော့သလို
ငါလိုအပ်ချိန် တွေမှာလဲ နင် အရင်လို မနေပေးတော့ဘူး . . .

ငါ နင့်ကိုအရမ်းချစ်နေတဲ့ အချိန်မှာတော့
ငါ့ကိုစိတ်ပျက်မသွားမိပါစေနဲ့ ချစ်သူ . . .
အချစ်စစ်ဆိုတာ ရှာရခက်တယ် ဆိုတာ နင်သိမှာပါ ချစ်သူ . .

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -