Posted by : လက်တွဲဖော် Sunday, January 6, 2013

တချို့သူတွေက ပြောကြတယ်
တယောက်ကို တယောက် မြင်မြင်ချင်း ချစ်ခဲ့ကြတာတဲ့..

ကျနော်တို့နှစ်ယောက်ကတော့
အချစ်ဆိုတာကို
မမြင်မစမ်းနဲ့ ရူးရူးမူးမူးချစ်ခဲ့ကြတာ

ယုံကြည်မှု့တွေကို တည်ဆောက်ရင်းနဲ့
အိမ်မက်လေးတွေ မက်ခဲ့ကြတယ်..။

တယောက်ကိုတယောက် စနောက်ရင်းနဲ့
ပျော်ရွှင်စရာလေးတွေ ဖန်တီးခဲ့ကြတယ်..။

အမှတ်တမဲ့လေးတွေကို အမှတ်တရအဖြစ် ရေတွက်ရင်းနဲ့
မမေ့နိုင်စရာနေ့လေးတွေ အဖြစ် သတ်မှတ်ကြတယ်..။

ဒီလိုနဲ့..
နားလည်မှု့တွေ အပြန်အလှန်ထားရှိရင်း
အကြင်နာတွေ ပိုပိုတိုးလာတဲ့ အခါ
ချစ်သူရေ..
ငါ နင့်နဲ့ အပြင်မှာ အမြန်ဆုံးဆုံချင်ပြီဟာ..

(လွမ်းဝေ)

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -