Posted by : လက်တွဲဖော် Sunday, January 6, 2013


အမှန်တကယ် မကြင်နာချင်လျက်နဲ့..
ငါကို ချစ်တယ်လို့ နင်မပြောပါနဲ့...။

အမှန်တကယ် ရင်ထဲမှာမရှိပါပဲနဲ့..
ခံစားမူတွေကို စာစီမကုံပါနဲ့...။

အမှန်တကယ် မနီးစပ်ချင်လျက်နဲ့..
အမြဲတမ်းဆိုတဲ့ ဝေါဟာရကို မသုံးပါနဲ့..။

အမှန်တကယ် လိမ်ညာချင်ခဲ့ရင်...
ငါမျက်လုံးကို ကြည့်ပြီးမပြောပြပါနဲ့...။

အမှန်တကယ် အသဲကွဲဖို့ ရည်ရွယ်ထားခဲ့ရင်..
ငါလက်ကို ဘယ်တော့မှ မဆုပ်ကိုင်ပါနဲ့...။

ခံစားချက်မရှိပါပဲနဲ့..
ငါ့နှလုံးသားတံခါးကို ရိုက်ဖျက်ဖို့ မကြိုးစားပါနဲ့။

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -