Posted by : လက်တွဲဖော် Sunday, January 6, 2013


သူမပေါ့ !!
ထစ်ခနဲရှိ ကျွန်တော့်ကို စိတ်ကောက်တတ်တဲ့ကောင်မလေး ။

သူမပေါ့ !!
ကျွန်တော့်ကို အနိုင်ရတဲ့အခါ ပျော်ရွှင်နေတတ်သူလေး ။

သူမပေါ့ !!
ကျွန်တော့်ကို အချိန်ပြည့်သဝန်တိုတတ်တဲ့ ကောင်မလေး ။

သူမပေါ့ !!
ကျွန်တော် စိတ်ဆိုးတဲ့အခါ ကျွန်တော့ကိုမချော့တဲ့အပြင် သူကပြန်ပြီး စိတ်ဆိုးသွားတတ်တဲ့ ခပ်ဆိုးဆိုးကောင်မလေး ။

သူမပေါ့ !!
အဲဒီလို ကလေးဆိုးလေးက ကျွန်တော်ဝမ်းနည်းတဲ့အချိန်မှာတော့ လူကြီးတစ်ယောက်လို အားပေးတတ်သူလေး ။

သူမပေါ့ !!
ကျွန်တော့ကို ချစ်တယ်လို့ ခဏခဏပြောတတ်တဲ့ ကောင်မလေးက အဲဒီ"သူမ"လေးပေါ့

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -