Archive for 02/15/12
တုံးအတဲ့မိန်းမ နဲ့ ထက်မြက်တဲ့မိန်းမ...
ကောင်းကင်မော့အကြည့် လေပြေအထိမှာ
ကြွေသည့်သစ်ရွက် ခြေစုံရပ်သည့်
ငါ့ဝန်းကျင်မှာပျံ့ ကျဲလျက်...
ကြွေခဲ့သည့်အသည်း ကွဲနေသည့်ရင်အစုံ
မြင်ယုံရှောင်အဝေး ငါလူဆွေးမို့ 
အားငယ်မိစိတ် မဖြေသိမ့်နိုင်..
နာကျင်ခံစား ဒဏ်ရာများကို
ကုစားပျော်ရွှင် ငါ ကောင်းကင်ထဲ
တစ်နေ့ တစ်ရက် ငါပျံသန်းခဲ့
ကာကအတန်ကြာ ပျံဝဲလာသော်
ငါပျော်ရာအရပ် ကောင်းကင်ထက်မှာ
ကိန္နရာအသွင် လှသွေးယဉ်သည့်
ယမင်းသူဇာ နတ်ကညာအလား
ထင်ယောင်မှားသည့်
ကညာပျိုမြစ် ပန်းတပွင့်ကို
တိတ်တိတ်လေးငါစွဲလန်းမိခဲ့တယ်.....
မျိုသိပ်ချစ်သမျှ ဖွင့်ကာပြလို့ 
ချစ်ကြောင်းကုန်စင် ပြောပြချင်လည်း
ခင်မင်မှု့ များ လျော့နည်းသွားမှာ
စိုးကာထိတ်ရင်း မျှော်လင့်ခြင်းတွေ
ရင်တွင်းမှာသာ သိမ်းဆည်းကာဖြင့်.....
တကယ်ငါမထင်မှတ်
နေ့ တစ်ရက်မှာ သိမ်းဆည်းထားသမျှ
မြတ်နိုးခြင်းများ ထိန်းနိုင်စွမ်းမဲ့ 
ငါဖွင့်ပြောမိခဲ့တယ်......
တကယ်ပါချစ်သူ အရင်လူတွေထက်
ပိုကာယုယ ငါချစ်ပါ့မယ်
နောက်ဆုံးတသက်စာ ဘဝအတွက်ရည်ရွယ်
နှောင်တွယ်ရစ်တိုး သံယောဇဉ်ကြိုးတို့ 
ချည်နှောင်ဖွဲ့ ရင်း ဒီချစ်ခြင်းတွေ
ကျေနပ်လက်ခံ ငါ့အတွက်ပြန်၍
ချစ်ခွင့်တောင်းဆို အနားနေလိုလည်း....
ဘဝကမရေရာ အတွေးတွေမှုန်ဝါး
ငါလိုအရှုံးသမားဖို့  ပျော်ရွှင်စရာ
ဘယ်မှာရှိမယ်.......
ရည်ရွယ်စိတ်များ ကြီးစွာထားလည်း
နောက်ဆုံးကျမှ ငါသိရတာ
တော်ဝင်မြင့်မြတ် နန်းပင်ယံထက်မှ
လွင့်ထူဝင့်ကြွား ပန်းကလေးအနားမှာ
ဝတ်ရည်သောက်သုံး
ပျား ပိတုန်း တွေကဝိုင်းနေကြတုန်းလေ....
ဇာတ်ကြီးစာသ ရာမယဏ မှာ
တရံတခါစစ်ခင်း ချစ်ခြင်းကိုယူ
ဒဿလိုလူဖြစ်လိုက်ချင်ရဲ့ ....
သို့ သော် နောက်ဆုံး
သီတာ အမုန်းနဲ့ 
နောင်တော်ရာမ အမျက်တော်ရှကာ
ရန်လို ငြိုးထား အမုန်းပွားပြီး
သွေးကွဲမည့်အရေး ကြောက်ရွံ့ တွေး၍
အဝေးသို့ ထွက်ခွာ
လက္ခဏာ လိုလူ..........
စစ်ပင်မရောက် မြှားဘူးပျောက်သည့်
ဆိုရိုးစကား မျက်ကွယ်ထားကာ
မြှားဘူးကိုချိတ် လေးညို့ ကိုလွယ်
ကြီးစွာခွန်အား ရှိနေငြားလည်း.......
ငါ့အတွက်တခြားသူ ပူပင်သောက
မဖြစ်ရလေအောင်
လေးညှို့ တင်မည့် ငါ့လက်အစုံ
ငါကိုယ်တိုင်ပင် ရိုက်ချိုးပစ်ကာ
သီတာရှိရာ ဟေဝန် နန်းမှ
ဝေးသီခေါင်ဖျား ဂနိုင်ကြားဆီ
လေးလံခြေအစုံ အရှုံးတွေကိုပိုက်
ခေါင်းငိုက်စိုက်ဖြင့်...............
အားလုံးထာဝရ ပျော်ရွှင်ကြပါစေဗျာ......
" လက္ခဏာ ချစ်တဲ့ ပန်းတစ်ပွင့် "
အသက် ၇၀အရွယ်အဖိုးနဲ့ အဖွားဟာ အရမ်းကို စိတ်လှုပ်ရှားနေကြတယ်..။ သူတို့ နှစ်ယောက်ဟာ ဟိုးးးးး အရင်အတူ ကုန်လွန်ခဲ့တဲ့ နုပျိုစဉ် အချိန်တွေ ကာလတွေကို ပြန်လည်တမ်းတနေမိကြတယ်။
ဒါနဲ့ သူတို့ ဆုံးဖြတ်လိုက်ကြတယ်။
” တို့တွေ အသက်တွေ ကြီးပြီ…၊ လောကကြီးမှာ နေရမယ့် အချိန်တွေလည်း သိပ်မကျန်တော့ဘူး..။ ဒီတော့ ၂ယောက် အတူ အသက်ရှင်နေစဉ် အချိန်မှာ.. တစ်နေ့လောက်တော့ ငယ်ငယ်တုန်းက အချစ်သည်းခဲ့ကြတဲ့ ဘ၀ကို တစ်ခဏလောက် ပြန်သွားကြရင် မကောင်းဘူးလား…” ဆိုပြီး သူတို့ နှစ်ယောက်ရဲ့ ချစ်သူတွေ ဖြစ်ခဲ့ကြတဲ့ အမှတ်ရဆုံးရက် ဖြစ်ခဲ့တဲ့ လာမယ့် နယူးရီးယားနေ့မှာ ဟိုး…လွန်ခဲ့တဲ့ နှစ်၅၀တုန်းကအတိုင်း ကျော်ဖြတ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။
အဲဒီလို ရက်သတ်မှတ်ပြီးနောက် အဖိုးရောအဖွားရောဟာ အဲ့ဒီနေ့ ရောက်ဖို့ကို စိတ်ကူးရင်း စိတ်တွေ လှူပ်ရှားနေတော့တာပေါ့။ လွန်ခဲ့တဲ့ နှစ်၅၀ရဲ့ အဲ့ဒီ ဒီဇင်ဘာ ၃၁ရက် မနက်ခင်းမှာ သူတို့နှစ်ဦး ဆုံတွေ့ပြီး ကဲခဲ့ သည်းခဲ့ကြတာကို သူတို့ ဘယ်မေ့နိုင်ပါ့မလဲနော်..။
ဒီဇင်ဘာ ၃၁ရက်နေ့ မနက်ခင်းမှာတော့ …..
အဖိုးတစ်ယောက် မနက်စောစော ၆နာရီထဲက သူတို့ နှစ်ယောက်တွေ့ခဲ့တဲ့ အမှတ်တရ နေရာလေးဖြစ်တဲ့ မြစ်ကမ်းနဖူးက သစ်ပင်ဆီကို ၀ီရိယ ကောင်းကောင်းနဲ့ ရောက်သွားခဲ့တယ်။
လမ်းတစ်လျှောက်မှာလဲ တွေ့တွေ့သမျှ တောပန်းအရိုင်းလှလှကြီးတွေကိုလည်း အဖွားကို ပေးဖို့ ခူးယူခဲ့တယ်။ အဖိုးဟာ နေမထွက်ခင်ထဲက လူငယ်လေး တစ်ယောက်လို လန်းဆန်းတက်ကြွလို့ အဖွားကို စောင့်ခဲ့တယ်။
အဖိုးစောင့်ခဲ့တယ်။ အဖွားလာမယ့် လမ်းလေး တစ်လျှောက်ကို မှုန်ဝေသီနေတဲ့ မျက်လုံးအစုံနဲ့ စောင့်မျှော်လို့ပေါ့။ တစ်နေ့လုံး စိတ်ရှည်ရှည်နဲ့ကို စောင့်ခဲ့တယ်။ စောင့်ခဲ့တယ်..။ စောင့်နေခဲ့တယ်..။ ဒါပေမယ့်.. အဆုံးမှာတော့ နေသာ ၀င်သွားတယ်။ အဖွားက ပေါ်မလာခဲ့ပါဘူး။
ဒါနဲ့ အဖိုးဟာ ဒေါကြီးမောကြီးနဲ့ အိမ်ကို ပြန်လာခဲ့တယ်။ အိမ်တံခါးကို ဒေါသတကြီး ဆွဲဖွင့်လိုက်တော့ ဧည့်ခန်းက ဆိုဖာပေါ်မှာ ခေါင်းအုံးထဲ မျက်နှာဖွက်ပြီး လှဲလျောင်းနေတဲ့ အဖွားကို တွေ့လိုက်ရတယ်။ ဒီတော့ အဖိုးရဲ့ ဒေါသက တရှိန်ထိုး ဒီဂရီမြင့်တက်သွားပြီပေါ့။
” ငါကတော့ တစ်နေကုန် တစ်နေခန်း စောင့်နေရတာ၊ မယ်မင်းကြီးမက ဒီအိမ်ကနေ တစ်ဖ၀ါးမှ မခွာပဲ ဇိမ်တွေ့နေတယ်ပေါ့ ” ဆိုပြီး စိတ်တိုတိုနဲ့ လက်ထဲက ပန်းတွေကို ကြမ်းပြင်ပေါ် ပစ်ပေါက်ရင်း အခုလို အော်မေးလိုက်တယ်။
” ဒီမှာ အမယ်ကြီး… မင်း.. တယ်ကတိပျက်တဲ့ မိန်းမပါလား..၊ ငါ့မှာဖြင့် စောင့်လိုက်ရတာ..၊ မင်းက ဒီမှာ ဇိမ်ကျနေတယ်..ဟုတ်လား၊ ကဲ..ပြော.. ချိန်းထားတဲ့ နေရာကို ဘာလို့ မင်း မလာရတာလဲ..? ”
အဲ့ဒီအချိန်မှာ အဖွားက လက်ထဲက ခေါင်းအုံးလေးနဲ့ အဖိုးရဲ့ ခေါင်းကို သာသာလေးရိုက်လိုက်ပြီး မျက်လွှာလေးချလို့ ချစ်စဖွယ် ရှက်စနိုး မျက်နှာလေးနဲ့ အခုလို ပြန်ဖြေလိုက်တယ်။
….
….
….
….
….
….
….
….
….
….
….
….
….
….
….
” သိဘူးလား….အချစ်ရယ်၊ အမေက ကျွန်မကို သွားခွင့်မပြုလို့…..ပေါ့… ”
မိတ်ဆွေများ မျှဝေထားတဲ့အထဲက ဘိုးဘွားတွေအတွက် နှစ်သက်စရာလေးမို့ ပြန်လည် မျှဝေလိုက်ပါတယ်။ ဘ၀အမောတွေ၊ သောကတွေ ကင်းဝေးလို့ ရယ်မောပျော်ရွှင်ကြပါစေနော်။
ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲ ကျကြပါစေ။
မအိုသေးတဲ့ အချစ် ”
အချစ်ဟာ ကိုယ့်ဘဝပေါ်
(၅) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ် လို့ ပြောတယ်။ နင် ခေါင်းကို ငဲ့ပြီး မျက်လုံးဝိုင်းလေးကို ပုတ်ခတ်ရင်း အဲဒါ ဘာအဓိပ္ပါယ်လည်း လို့ ငါ့ကို မေးခဲ့တယ်။
(၁၅) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောတယ်။ ... အကျီ အနားစကို အဓိပ္ပါယ်မဲ့ လုံးချေ ကစားရင်း ခေါင်းလေးကို ငုံ့လို့ ရှက်သွေးတွေ ဖြာပြီး နင် ပြုံးနေခဲ့တယ်။
(၂၀) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောတယ်။ ငါ့ ပုခုံးထက်မှာ ခေါင်းလေးကို မှီပြီး ငါ ပျောက်ကွယ်သွားမျာ စိုးတဲ့အလား ငါ့လက်မောင်းကို နင် တင်းတင်း လေး ဖက်ထားခဲ့တယ်။
(၂၅)နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောခဲ့တယ်။ မနက်စာကို ပြင်ဆင်ရင်း ငါ့နဖူးကို တစ်ချက်နမ်းပြီး "သိပါတယ်... ထပါတော့ လူပျင်းလေးရယ်" လို့ ချစ်စနိုးနဲ့ နင် ပြောခဲ့တယ်။
(၃၀) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောခဲ့တယ်။ "တစ်ကယ်ချစ်ရင် ရုံးဆင်းချိန် လျှောက်မလည်နဲ့၊ မှာတဲ့ ပစ္စည်းတွေ ကိုလည်း ၀ယ်ခဲ့ဖို့ မမေ့နဲ့" လို့ နင် ရယ် ပြီး ပြောခဲ့တယ်။
(၄၀) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောခဲ့တယ်။ ပန်းကန်တွေ သိမ်းရင်း "ကောင်းပါပြီ.. ကလေးတွေကို စာပြလိုက်ပါဦး" လို့ နင် စိတ်မရှည်စွာ ပြောခဲ့တယ်။
(၅၀) အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောခဲ့တယ်။ သိုးမွှေးချည် ထိုးရင်း "တစ်ကယ်လား... နင့်စိတ်ထဲမှာ ငါ့ကို စောစော သေစေချင်နေတယ် မဟုတ်လား" လို့ ပြောပြီး တခစ်ခစ်နဲ့ နင် ရယ်ခဲ့တယ်။
(၆၀) အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောတယ်။ ငါ့လက်မောင်းကို တစ်ချက်ထုရင်း "အဘိုးကြီး... မြေးတွေတောင် ကြီးနေပြီ အပြောက မက်တုန်း" လို့ ပြောခဲ့တယ်။
(၇၀) အရွယ်တုန်းက မျက်မှန်ထူထူကိုတပ် ငါတို့ ခုံပေါ်မှာ အတူတူထိုင်ပြီး လွန်ခဲ့တဲ့ အနှစ် ၅၀ က ဓါတ်ပုံတွေကို ကြည့်နေခဲ့တယ်။ နင့်ရဲ့ တွန့်ကြေနေတဲ့ လက်ကို ငါ ဆုပ်ကိုင်ရင်း ငါနင့်ကို ချစ်တယ်လို့ ပြောတယ်။ အကြင်နာတွေ ပြည့်နေတဲ့ မျက်လုံးနဲ့ နင်ငါ့ကို ကြည့်နေခဲ့တယ်။ အရစ်ကြောင်းတွေနဲ့ တွန့်ကြေ နေပေမယ့် နင့်မျက်နှာဟာ လှပနေဆဲပါ။
(၈၀) အရွယ်တုန်းက ငါနင့်ကို ချစ်တယ်လို့ ပြောတယ်။ နင် လဲလှောင်းနေတယ်... ငါ ငိုနေတယ်။ နောက်ဆုံး တစ်ခွန်း နင်ပြောခဲ့တယ်။
"ငါ...နင့်...ကို.... ချစ်......တယ်"
ငါ့ဘ၀မှာ အပျော်ဆုံးနဲ့ ၀မ်းအနည်းဆုံး နေ့တစ်နေ့ပါပဲ...။