----ကောင်မလေးတွေမသိဘူး ဘာကြောင့် ကောင်လေးတွေက သူ့ဆီဖုန်းမဆက်တာလဲ စာမပို့်တာလဲဆိုတာကို… ကောင်မလေးတွေက ဖုန်းနဲ့စကားပြောရတာ အားမရလို့ တွေ့ချင်နေမှာဆိုးလို့ပါ......... ကောင်လေးတွေမှာတခြားအလုပ်လည်းရှိသေးတယ်လေ ပြီးတော့ ဖုန်းဖိုးဘယ်လောက်ဈေးကြီးတယ်ဆိုတာကို ကောင်မလေးတွေကိုဆက်ခိုင်းပြီး သိစေချင်တာပါ။ ----ကောင်မလေးတွေမသိဘူး ကောင်လေးတွေဘာကြောင့် အစားသွားစားမယ်လို့ပြောရင်ငြင်းတာကို… ကောင်မလေးတွေကကောင်လေးရဲ့ရှေမှာအငမ်းမရ အိမ်ကလိုစားနေရင် ကောင်မလေးတွေ သိက္ခာကျမှာစိုးလို့ပါ။ပြီးတော့တခါတလေကျရင် ကောင်လေးတွေက ဂိုက်သာများတာ အိပ်ထဲမှာ ပိုက်ဆံပါချင်မှပါတာ။ ----ကောင်မလေးတွေမသိဘူး ကောင်လေးတွေဘာကြောင့်လက်ဆောင်မပေးချင်တာလဲဆိုတာကို…. ကောင်မလေးတွေကတောင်းဆိုလိုက်တဲ့အရာကို ကောင်လေးဝယ်ပေးလိုက်ရင် ကောင်လေးကကောင်မလေးအတွက် လိုတရ ဘီလူးကြီးဖြစ်နေမှာစိုးလို့ပါ။ အဓိကတော့ ကောင်မလေးကို ဘီလူးရည်းစားလို့အခေါ်မခံစေချင်ဝူးလေ။ ----ကောင်မလေးတွေမသိဘူး ကောင်လေးတွေဘာကြောင့်အလုပ်မကြိုးစားလဲဆိုတာကို…. ကောင်လေးတွေက ကောင်မလေးတွေအများကြီးထားချင်တာပါ။ တော်ရုံတန်ရုံလူပျိုဘ၀ကိုမစွန့်လွှတ်ချင်ကြ၀ူးလေ။ အလုပ်အဆင်သိပ်မပြေတော့ ကောင်မလေးတွေမယူရဲသေးဝူးပေါ့......... ----ကောင်မလေးတွေမသိဘူး ကောင်လေးတွေဘာကြောင့် နားအငြီးမခံတာလဲ. ကောင်လေးတွေလဲ အဘိုးကြီးတယောက်မဟုတ်တေးပါဘူး။ ဒါပေမဲ့ ကောင်မလေးဂရုစိုက်တာတွေ စိတ်ပူတာတွေက ကိုယ့်အိမ်က သက်ကြီးရွယ်အိုအဘိုးကြီးတွေကို ဟိုဟာမလုပ်ရ၊ဒါမလုပ်ရတားပြီး အနားမှာခြင်ဝဲသလိုနေတာတွေ ယင်ကောင်တွေလို တ၀ီဝီလုပ်နေတာတွေကို မခံစားနိုင်တာပါ။ ----ကောင်မလေးတွေမသိဘူး ဘာကြောင့် ကောင်လေးတွေစိတ်တိုရင် လမ်းခွဲမယ်လို့ပြောတာလဲ ကောင်လေးတွေတကယ်လမ်းခွဲချင်တာပါ။အသစ်တစ်ယောက်တွေ့ထားလို့လေ........... ----ကောင်မလေးတွေမသိဘူး ဘာကြောင့် ကောင်လေးတွေ လမ်းခွဲပြီးနောက် ကောင်မလေးကို လှည့်တောင်မကြည့်တာလဲ… ကောင်လေးတွေ တကယ်တော့ သူငယ်ချင်းအဖြစ်ပြန်ဟန်ဆောင်ရင်သေဖို့ရှိတယ်တယ်။ ကောင်မလေးက ကောင်လေးရဲ့အချစ်ကို ပြန်စောင့်စားမျှော်လင့်နေတော့ နောက်တစ်ယောက်နဲ့အေးအေးဆေးဆေး မတွဲရဘူး။ ----ကောင်မလေးတွေမသိဘူး ဘာကြောင့် ကောင်လေးတွေ လမ်းခွဲပြီးနောက် ညတိုင်းကောင်းကောင်းအိပ်ပျော်တာလဲ…. ကောင်လေးတွေသိတယ် အရင်တုန်းက မနက်ကောင်မလေးနဲ့တွေ့ရင် ဘယ်လို feint ရမလဲဆိုတာတွေ စဉ်းစားရင်း သိပ်မအိပ်ရဘူး။အခုမှ ရည်းစားမရှိတော့ ကောင်းကောင်းအိပ်နိုင်တယ်လေ.......... ----ကောင်မလေးတွေမသိဘူး ဘာကြောင့် ကောင်လေးတွေ သူတို့ကို ရှောင်တာလဲဆိုတာ ကောင်လေးတွေက ကောင်မလေးကို လုံးဝကိုမတွေ့ချင်တော့တာပါ။ တွေ့လိုက်ရင် သူ့ခံစားချက်တွေ ပေါ်လာပြီး ဘာကြောင့်လမ်းခွဲတာလဲဆိုတဲ့ ဖြေရှင်းချက်တွေလာတောင်းရင် ကွိုင်တက်မှာစိုးလို့............... ----ကောင်မလေးတွေမသိဘူး ဘာကြောင့် ကောင်လေးတွေဒေါသကြီးတာလဲ…. အခုကတည်းက ဒေါသမကြီးပြရင် နောင်တချိန် လင်မယားဘ၀ ရောက်ရင် မိန်းမကြောက်ကြီး ဖြစ်မှာစိုးလို့............ ----ကောင်မလေးတွေမသိဘူး ဘာကြောင့် ကောင်လေးတွေ ဒေါသမကြီးရန်လဲမဖြစ်ပဲ တိတ်ဆိတ်နေရတာလဲဆိုတာ… ကောင်လေးတွေသိတယ်။ခဏခဏ ဒေါသကြီးပြနေလို့လည်းမဖြစ်ဘူးလေ.......... နောက်တစ်ယောက်ရှာရတယ်ဆိုတာ တော်တော့ကိုခက်တာ..........ဒီတစ်ယောက်ကိုတော့ တန်ဖိုးထားရဦးမယ်လေ ----ကောင်မလေးတွေမသိဘူး ဘာကြောင့် ကောင်လေးတွေအရင်ရည်းစားအကြောင်းမပြောပြလဲဆိုတာ… ကောင်လေးတွေက အရင်ရည်းစားလို နှပ်လို့မရမှာစိုးရိမ်နေလို့ပါ။ ----ကောင်မလေးတွေမသိဘူး ဘာကြောင့် ကောင်လေးတွေကထပ်ခါထပ်ခါရှင်းပြတာလဲ…. ကောင်လေးတွေ စိတ်ရှည်တာမဟုတ်ပါဘူး။ ဒါပေမဲ့ ကောင်မလေးရဲ့ စိတ်တွေကို စုစည်းပြီး သူ့ဆီက အချစ်တွေ အခိုင်အမာ ကိုင်ထားဖို့က ဒီအချိန်မှာအရေးကြီးတယ်လေ ဒါကြောင့်ရှင်းပြပေးနေတာပါ။ Read more: http://mmflashsongs.ning.com/profiles/blog/show?id=5202681%3ABlogPost%3A963714&xgs=1&xg_source=msg_share_post#ixzz1mR5Dz9dn
Post a Comment