Archive for 02/21/12
အိပ်ရာဝင်ပုံပြင်လေးတစ်ပုဒ်ပြောပြမယ်.
ပထမရက်
ကောင်လေး - ပျော်နေတယ်
... ကောင်မလေး - ငိုနေတယ်
တစ်ပတ်ကြာပြီးနောက်
ကောင်လေး - အရက်သောက်တယ်--လွမ်းလို့
ကောင်မလေး - ပုံမှန်စားသောက်နိုင်ပြီ
တစ်လကြာပြီးနောက်
ကောင်လေး - ငိုနေရပြီ -- နောင်တတွေနဲ့
ကောင်မလေး - ပျော်ရွှင်နေပြီ --လွတ်လပ်ခြင်းတွေနဲ့
သက်တန့်ချို
(အပြင်တွင် တကယ်ဟုတ်မဟုတ် ကျွန်ုပ်မသိပါ :P)See More
ဒီလိုနဲ့ကောင်လေးက အကြီးဆုံးနဲ့ အလှဆုံးဖန်ဂေါ်လီတွေကို ကောင်မလေးမသိအောင်ချန်ထားပြီး ကျန်တာတွေကို ပေးလိုက်တယ် ။ ကောင်မလေးကတော့ သူမ ကတိပေးထားတဲ့အတိုင်းအကုန်ပေးလို
အဲဒီညမှာ --- ကောင်မလေးဟာ နှစ်နှစ်ခြိုက်ခြိုက်ပဲ အိပ်ပျော်သွားခဲ့တယ် ။ ဒါပေမယ့် ကောင်လေးကတော့ နှစ်ခြိုက်စွာ အိပ်မပျော်ခဲ့ဘူး ။ ဘာကြောင့်လည်းဆိုတော့ သူ့စိတ်ထဲမှာ ကောင်မလေးကများ သူ့တုန်းက ဖန်ဂေါ်လီလုံးတွေ ချန်ပြီး ပေးခဲ့သလို သကြားလုံးတွေများ ၀ှက်ချန်ထားပြီး သူ့ကို ပေးခဲ့တာလားဆိုပြီး တချိန်လုံးတွေးနေမိလို့ ဖြစ်ပါတယ် ။
############################
ဒါဟာ အလွန်အရေးကြီးတဲ့ သင်ခန်းစာလေးတစ်ခုဖြစ်ပါတယ် ။ ဒီထက်ပိုပြီးတွေးကြည့်ကြရအောင် ။ ကျွန်တော်ပြောခဲ့ဖူးသလိုပါပဲ “ သူ့ဆီက ရိုးသားမှုကိုလိုချင်ရင် ကိုယ်ကအရင်ရိုးသားဖို့ လိုမယ် ” ဆိုတဲ့အတိုင်း ချစ်သူအချင်းချင်းဖြစ်စေ ၊ သူငယ်ချင်းအချင်းချင်းဖြစ်စေ ဘယ်လိုပေါင်းသင်းဆက်ဆံရေးမျိုးမ
သက်တန့်ချို
Feb 22-2012
အချစ်နှင့်ခံစားမှုတွေးတောမှုများ
“ နင်လည်းငါ့လို မကြုံတွေ့ရပါစေနဲ့ ” ...ဆိုတဲ့စကားလေးနဲ့ ဆုတောင်းပေးလိုက်ပါ---
သူ ပျော်ရွှင်သွားပါစေ အသဲခွဲခဲ့လို့ --- သူကြည်နူးနိုင်ပါစေ --
------------------------------
သင် အဲဒီလိုဆုတောင်းပြီးရင် ---- အရာအားလုံးကို မေ့ပစ်လိုက်ပါ ---
မလွယ်ကူဘူးဆိုတာ မှန်ပေမယ့် ဘ၀ဟာ အရမ်းကို တိုတောင်းလွန်းပါတယ်
ဘာကြောင့် များ သူ့ကြောင့် ကိုယ့်ရဲ့ အချိန်တော်တော်များများကို အကုန်ခံနေရမလဲ
ကိုယ့်ကိုယ်ကို သူ့အောက်က လွတ်မြောက်ဖို့ ကြိုးစားခြင်းကသာ အသဲကွဲတာကိုကုစားဖို့ နည်းလမ်းမှန်ဖြစ်ပါလိမ့်မယ်
နင် --- ငါနဲ့ဝေးရာမှာ ပျော်ရွှင်နိုင်ပါစေ --နင်---ငါနဲ့ဝေးရာမှာ -- နင် --- ငါ နဲ့ေ ၀း ရာ မှာ - - - - - -
သက်တန့်ချို
င်္Feb 20-2012
အသဲခွဲခံလိုက်ရတာလား
...ကောင်မလေး - ငါက ချောလား
ကောင်လေး - ဟင့်အင်း
ကောင်မလေးက ဆက်မေးတယ်
ကောင်မလေး - ငါနဲ့တစ်သက်လုံးအတူနေချင်လား
ကောင်လေး - ဟင့်အင်း
ကောင်မလေးက ဆက်မေးပြန်တယ်
ကောင်မလေး - ငါနင့်အနားကထွက်သွားရင်နင်ငိုမှ
ကောင်လေး - ဟင့်အင်း
ကောင်မလေး မျက်နှာညိုသွားပြီး ထွက်သွားဖို့ ပြင်လိုက်တယ် အဲဒီအခါ ကောင်လေးက ကောင်မလေးလက်ကို လှမ်းဆွဲလိုက်ပြီးပြောတယ်
“ နင်က မချောပါဘူး -- ငါ့အတွက် တော့အရမ်းလှတာပါ
ငါ နင်နဲံအတူ တစ်သက်လုံးမနေချင်ပါဘူး ငါ-- တစ်သက်လုံးစာအတွက်နင့်ကိုလိုအပ်
နင် ငါ့အဝေးထွက်သွားတဲ့အခါ ငါမငိုပါဘူး -- ဘာကြောင့်လည်းဆိုတော့ ငါ သေသွားမှာပါ ”
သက်တန့်ချို
Feb 22-2012
ကောင်မလေးက ကောင်လေးကိုမေးတယ် ။
လူပျိုဘ၀မှ အိမ်ထောင်သည်ဘဝ
တကယ်လို့ တစ်နေ့နေ့မှာ
ငါ့ဖုန်းကိုနင်ဆက်တဲ့အခါ နံပါတ်ပိတ်သွားပြီဆိုတဲ့အသံကို နင်ကြားခဲ့ရင် စိတ်မကောင်းမဖြစ်ပါနဲ့၊
စိတ်မထိခိုက်ပါနဲ့၊ ငါ့ကို လွမ်းမသွားပါနဲ့.... ငါဆိုတဲ့လူတစ်ယောက်ရှိခဲ့ဖူးမှန်း ပိုလို့တောင် သတိမရပါနဲ့။
တကယ်လို့ တစ်နေ့နေ့မှာ
နင့်ဖုန်း မကြာခဏ မမြည်တော့တဲ့အခါ ကျေးဇူးပြုပြီး မစောင့်ပါနဲ့၊ မမျှော်လင့်ပါနဲ့.... ငါကိုရှာဖွေဖို့ ပိုလို့တောင် မစဉ်းစားပါနဲ့။ ဒါမှပဲ နင့်ကိုငါ စိတ်ချလက်ချ ခွဲသွားရက်မှာမို့ပါ...
တကယ်လို့ တစ်နေ့နေ့မှာ
နင့်ဘေးမှာ "ရှုပ်လိုက်တာ"၊ "မုန်းစရာကြီး"လို့ တပျစ်တောက်တောက် ပြောတဲ့လူမရှိတော့တဲ့အခါ၊
ငါပြောတာတွေက အမြဲမှန်တယ်လို့ပြောတဲ့ ခေါင်းမာသူ မရှိတော့တဲ့အခါ၊
နင်အပေါ် ကြမ်းကြမ်းတမ်းတမ်း ဒေါသထွက်တဲ့သူ မရှိတော့တဲ့အခါ၊
ဖုန်းကြာကြာပြောချင်တယ်လို့ တောင်းဆိုတဲ့သူ မရှိတော့တဲ့အခါ၊
ဖုန်းမချခင် ချစ်စရာစကားလေးပြောပါ၊ အနမ်းလေးပေးပါလို့ ပူဆာတဲ့သူ မရှိတော့တဲ့အခါ....
ဒီလိုလူမျိုး နင့်အနား လုံးဝပျောက်ကွယ်သွားတဲ့တစ်နေ့ နင်ကြေကွဲဝမ်းနည်းမလား?
တကယ်လို့ တစ်နေ့နေ့မှာ
နင့်ရဲ့Inboxထဲ နင်ဘယ်အချိန်အိမ်ပြန်မလဲ? အိမ်ရောက်ဖို့ ဘယ်နှမိနစ်လို့လဲလို့ သနားကမားနဲ့ စာတိုလေးပို့တဲ့သူ မရှိတော့တဲ့အခါ၊ ငါ့ကိုစကားပြန်မပြောရင် နင့်ကိုငါ မခေါ်တော့ဘူးလို့ ပြောတဲ့သူ မရှိတော့တဲ့အခါ၊
"ဟင့်.. မောင်နော်"လို့ ချွဲချွဲနွဲ့နွဲ့ အပြစ်တင်တဲ့သူ မရှိတော့တဲ့အခါ၊
အမှားလုပ်ပြီးမှ ငါနောင်တရလိုက်တာလို့ ကိုယ့်ကိုယ်အပြစ်ပေးတဲ့သူ မရှိတော့တဲ့အခါ၊
စကားတတွတ်တွတ် ပြောတဲ့သူ မရှိတော့တဲ့အခါ၊
အပြစ်မရှိ အပြစ်ရှာတဲ့သူ မရှိတော့တဲ့အခါ၊
နင်ပြောသမျှ အထာကောက်ပြီး စိတ်တိုတဲ့သူ မရှိတော့တဲ့အခါ....
ဒီလိုလူမျိုး နင့်အနား လုံးဝပျောက်ကွယ်သွားတဲ့တစ်နေ့ နင်ကြေကွဲဝမ်းနည်းမလား?
အဲဒီလိုနေ့မျိုးရှိခဲ့ရင် နင်စိတ်လေး နည်းနည်းတော့ ထိခိုက်စေချင်တယ်။
နည်းနည်းတော့ နာကျင်စေချင်တယ်။
ငါ့ကို နည်းနည်းတော့ သတိရစေချင်တယ်။
ငါနဲ့ပတ်သက်တဲ့အရာတွေ နင်အတွေးထဲ နည်းနည်းလေးရှိစေချင်တယ်။
တကယ် နည်းနည်းလေးမှ နည်းနည်းလေးပါ...
တကယ်လို့ တစ်နေ့နေ့မှာ
နင့်နေ့စဉ်ဘဝထဲ ငါမရှိတော့တဲ့အခါ နင့်အပေါ်ငါကောင်းခဲ့၊ ဆိုးခဲ့၊ ခေါင်းမာခဲ့တာကို မှတ်ထားပေးပါ။
ငါ့ရဲ့ခွင့်လွှတ်ခြင်း၊ ဂရုစိုက်ခြင်းတွေကို မှတ်ထားပေးပါ။
ငါ့ရဲ့ ကလေးကလားစကား၊ တုံးတိတုံးအစကား၊ အရူးစကား၊ စိတ်ထိခိုက်ချိန် ကျခဲ့တဲ့မျက်ရည်၊ အကူအညီမဲ့ချိန် အားငယ်တဲ့စကားတွေကို မှတ်ထားပေးပါ။ ကမ္ဘာရဲ့ထောင့်တစ်နေရာစီမှာ ငါတို့တွေ ရှိနေကြတယ်ဆိုပေမယ့် ငါတို့ရဲ့ဦးခေါင်းထက်မှာ တိမ်ပြာပြာကောင်းကင် တစ်ခုထဲရှိတယ်၊ ခြေဖဝါးအောက်မှာ နင်းထားတဲ့မြေပြင် တစ်ခုထဲရှိတယ်၊ လေထုတစ်ခုထဲကိုပဲ ငါတို့ရှုရှိုက်နေတယ်ဆိုတာကိုလည်း မှတ်ထားပေးပါ။ ဒါမှလည်း ငါ့ရနံ့ကို နင်ရှာတွေ့ကောင်း ရှာတွေ့လိမ့်မယ်။
တကယ်လို့ တစ်နေ့နေ့မှာ
နင့်မှတ်ဉာဏ်ထဲ ငါပျောက်သွားတဲ့အခါ နင်နဲ့အတူရှိခဲ့ဖူးတဲ့ စက္ကန့်တိုင်း၊ မိနစ်တိုင်းကို မမေ့လိုက်ပါနဲ့။
ငါ ကြိုက်တတ်တာ၊ မကြိုက်တတ်တာတွေကို မမေ့ပါနဲ့။
ဘာအတွက် ငါပျော်တယ်၊ ဘာအတွက် ငါနာကျင်တယ်ဆိုတဲ့ ငါ့ခံစားချက်ကို မမေ့လိုက်ပါနဲ့။
နင်နဲ့ပတ်သက်သမျှ ဘယ်အရာကိုမှ ငါမေ့လိုက်မှာ မဟုတ်ပါဘူး။
နင့်ရဲ့အကျင့်၊ နင့်မကြိုက်တာတွေ၊ နင့်ရဲ့ ပျော်ရွှင်၊ နာကျင်တဲ့ခံစားချက်တွေ ငါမေ့မှာမဟုတ်ဘူး။
ခံစားချက်ကမ္ဘာထဲမှာ "မျှတ"တဲ့ စကားလုံးမရှိလို့ ဒါတွေအတွက် ငါဂရုမစိုက်ခဲ့ပါဘူး။
နင်နဲ့အတူရှိခဲ့တဲ့ နှစ်တွေ၊ လတွေက ငါ့မှတ်ဉာဏ်ထဲမှာ လှပတဲ့အမှတ်တရအဖြစ် ကျန်နေခဲ့မှာပါ။
တကယ်လို့ တစ်နေ့နေ့မှာ
နင့်ဘဝထဲ ငါလုံးဝမရှိတော့တဲ့အခါ ငါ့ရဲ့အရိပ်၊ ငါရှင်သန်ခဲ့ဖူးတယ်ဆိုတာကို မေ့လိုက်ပါ။
နင်စိတ်ထိခိုက်မှာ၊ နာကျင်မှာ၊ လွမ်းမှာကို ငါမလိုလားလို့ပါ။
ဒါတွေက ငါ့ကိုချစ်လို့၊ ကြိုက်လို့ နင်နာကျင်လွမ်းဆွတ်တာ မဟုတ်မှန်းငါသိတယ်။
ဒါတွေက နေ့တိုင်း နင်ရနေတတ်တဲ့ ငါ့ရဲ့ဖုန်း၊ ငါ့ရဲ့voice message၊ ငါ့ရဲ့နားပူနာဆာ၊ ငါ့ရဲ့မှီတွယ်ချင်စိတ်တွေမှာ နင်အကျင့်ပါနေလို့ပါ။ လူတစ်ယောက်ဟာ သူ့ဘဝထဲမှာ သူမကြိုက်၊ မချစ်တဲ့သူတစ်ယောက်ယောက် ရှင်သန်ခဲ့ဖူးပြီး အဲဒီလူမရှိတော့တဲ့အခါ သူလည်း အနည်းအကျဉ်းတော့ နာကျင်ထိခိုက်တတ်သတဲ့။ ငါဟာ မကြာခဏ သဝန်တိုတတ်၊ ဒေါသထွက်တတ်၊ အတ္တကြီးတတ်ပြီး ငါချစ်တဲ့နင့်ကို တခြားလူလာချစ်မှာ မလိုလားသူဆိုပေမယ့် ငါမရှိတော့တဲ့အခါ နင့်ဘဝပိုသာယာဖို့၊ ပိုပျော်ရွှင်ဖို့ မျှော်လင့်ခဲ့ပါတယ်။
တကယ်လို့ တစ်နေ့နေ့မှာ
နင့်ရဲ့ရှေးဘဝ၊ ဒီဘဝမှာလည်း ငါမရှိတော့တဲ့အခါ၊ အစကတည်းက ဒီလိုအခြေအနေမျိုးကို ရင်ဆိုင်ဖို့ သတ္တိမရှိတဲ့ငါ ဘာဆက်ဖြစ်မလဲ မသိခဲ့ဘူး! နင်ကတော့ နင်ပါပဲ... ထောင့်တစ်နေရာမှာ ပုန်းအောင်းပြီး ဝမ်းနည်းကြေကွဲနေမယ့်ငါ့ကို နင်တွေ့လေမလား! နင့်ဘေးမှာငါမရှိတဲ့ ခံစားချက်ကို နင်ခံစားမိလေမလား! နင့်စိတ်ပျက်ဝမ်းနည်းတဲ့အခါ ငါနှစ်သိမ့်နိုင်တော့မှာ မဟုတ်ဘူး။ နင်စိတ်ထိခိုက်တဲ့အခါ နင်နဲ့လိုက်ပြီး ငါစိတ်ထိခိုက်နိုင်တော့မှာ မဟုတ်ဘူး။ နင်အသဲကွဲတဲ့အခါ နင်နဲ့လိုက်ပြီး ငါကြေကွဲနိုင်တော့မှာ မဟုတ်ဘူး။ အရင်က နင်နဲ့အတူ ငါလိုက်လုပ်ခဲ့သမျှကို နင်လည်းသတိမထားမိခဲ့ပါဘူး။ နင့်မှတ်ဉာဏ်၊ နင့်ဘဝ၊ နင့်ကမ္ဘာထဲမှာ ငါမရှိတော့တဲ့အခါ နင်နည်းနည်းလေးမှ ထိခိုက်မှာမဟုတ်ဘူး။ နည်းနည်းလေးမှ ဝမ်းနည်းမှာမဟုတ်ဘူး။ ငါနဲ့ပတ်သက်သမျှ နည်းနည်းလေးမှ သတိရမှာမဟုတ်ပါဘူး။ ဒါတွေကို ငါကောင်းကောင်းနားလည်ခဲ့ပါတယ်။
ဒီလိုနေ့တစ်နေ့ကို ရောက်လာတဲ့အခါ ဝမ်းနည်းနာကျင်သူ၊ အသဲကြွေသူဟာ ငါပဲဖြစ်ခဲ့ပါတယ်။ ငါဟန်ဆောင်ကောင်းခဲ့တယ်၊ ဘာမှမဖြစ်ခဲ့သလို ငါဟန်ဆောင်ကောင်းခဲ့ပါတယ်။ နင်ပြောခဲ့ဖူးတယ်... နင့်ဘဝမှာ ငါမရှိတော့တဲ့တစ်နေ့ နင်ဘာဖြစ်မယ်ဆိုတာကို နင်မသိဘူးတဲ့! ငါနားလည်ခဲ့ပါတယ်.. တကယ်တော့ ငါမကောင်းတာပါ။ နင့်ဘဝထဲ ငါမဝင်ခဲ့သင့်ဘူး။ နင့်ကမ္ဘာထဲ ငါမရှင်သန်ခဲ့သင့်ဘူး။ နင့်ကို တိတ်တခိုးချစ်၊ အရာရာကို ကျိတ်မှိတ်ခံ၊ နင့်ကို တိတ်တိတ်လေးစောင့်၊ နင့်ကိုတစ်ယောက်ထဲလွမ်းတဲ့သူပဲ ဖြစ်သင့်ခဲ့တာ။ ခုတော့ ဒါတွေကို ငါထုတ်ပြလိုက်တယ်၊ ဖော်ပြလိုက်တယ်။ နင်သိသွားတယ်၊ နားလည်သွားတယ်၊ ခံစားသွားတယ်.... အဲဒီနောက်တော့ နင့်ကိုငါ ခွဲထွက်သွားတယ်။
မနေ့ကရဲ့ရင်းနှီးမှုက ဒီကနေ့မှာတော့ သူစိမ်းဖြစ်ခဲ့ပါတယ်......
မူရင်း... http://www.duwenzhang.com/wenzhang/aiqingwenzhang/shanggan/20080723/13157.html
နိုင်းနိုင်းစနေ (Sunday, June 05, 2011)
(ဂျာနယ်မှာ ပါသွားတာတော့ ကျွန်မ မသိလိုက်ပါ။ မဖတ်ရသေးသူများ ဖတ်ရအောင် FB မှာ ပြန်မျှဝေပါတယ်)
တကယ်လို့ တစ်နေ့နေ့မှာ.....တကယ်လို့ တစ်နေ့နေ့မှာ.....
မျှော်လင့်တဲ့ အရာ ၁၀မျိုးပါ.
သင်သိနိုင်လား
ငိုအောင်လုပ်လို့ရတယ်
အမျိုးသမီးတို့likeလုပ်ထားသင့်သောpage
statistics

Popular Posts
-
လူပျိုစစ်ခြင်း/မစစ်ခြင်း နှင့် အပျိုစစ်ခြင်း/မစစ်ခြင်း စကားချီး :::::: ၏အကြောင်းအရာကိုရေးသားရာတွင် ဆေးပညာနှင့်ဆိုင်သော အယူအဆများအပြင် က...
-
အိမ်ထောင်ရေး မသာယာတာ ဒီအချက်များကြောင့် ၁။ တစ်ယောက်ရဲ့ အားနည်းချက်ကို တစ်ယောက်က မပြင်ပေးနိုင်ဘူး လူတိုင်းမှာ အားနည်းချက် ကိုယ်စီ ရိ...
-
အမက်မောဆုံးပဲ နင်.အပြုံးလေးများနဲ. ဘာတွေကများငါ.အာ.ဒူးထောက်စေခဲ.သလဲ....ငါအမုန်းဆုံးပဲ..နင်.ဘေးနားရှိတဲ. ဟိုကောင်လေးတွေနဲ. နင်ချစ်သွားမ...
-
လောကတွင် မယားကောင်း မယားမြတ် အမည်ခံသော မိန်းမတို့သည် အောက်ပါအင်္ဂါအရည်အချင်းတို့နှင့် ပြည့်စုံရသည်။ ၁။ အိပ်ယာနေရာ အစားအသောက်တို့ကို သန့်...
-
အိမ်ထောင်ရှင် ကိုကိုကြီးတို့အတွက် မိမိချစ်ဇနီးက အိမ်ထောင်ရေးမှာ စိတ်မပါတဲ့ဝေဒနာခံစားနေရရင် အခုဆေးလေးတွေကို ဖြန်းပေးလိုက်ပါ ဖီးဆေး ...
-
ကောင်မငယ်လေးအတွက် (၁) သာယာချိုမြတဲ့ မက်ဆေ့လေးတွေရရင် ဖတ်ပါ၊ ပြုံးပါ ပြီးတော့ဖျက်ပစ်ပါ။ (၂) စိတ်တိုဒေါသထွက်ပြီဆိုရင် ၁ ကနေ ၃ဝ အထိရေ...
-
လေးနက်တဲ့အချစ်တစ်ခုနဲ့ ချစ်ပြီးသွားတဲ့ လူတစ်ချို့ဟာ ထပ်ပြီး စိတ်တိုင်းကျ မချစ်ရဲကြတော့ဘူး... ဘာလို့လဲဆိုတော့...သူတို့အေ နနဲ့ တူညီတဲ...
-
အချစ်တစ်ခုတည်မြဲဖို့ အတွက် နင့်ဘက်က သစ္စာရှိအောင်နေ ငါလဲသစ္စာရှိအောင်နေမယ်လို့ မပြောဘဲ ငါတို့ နှစ်ယောက်ရဲ့ သစ္စာတရားနဲ့ အချစ်ကို စစ...
-
ချစ်ခြင်းတခုမဟုတ်တဲ့ ရွေးချယ်မှုတခုကိုတော့ ရင်နာနာနဲ့ပဲငြင်းဆန်ပါရစေ။ အပ်တစ်ထောက်စာ ဒဏ်ရာလေးဆိုပေမယ့် ဆပ်ပြာပူဖောင်းအတွက်တော့ ကမ္ဘာပျက်တာ...
-
"လမ်းခွဲရအောင်"လို့ ကျွန်မကဆိုတော့ ဖုန်းတစ်ဖက်က မောင့်ရဲ့စကားသံက ကျွန်မတွေးထင်ထားသလောက် တုန်လှုပ်ချောက်ချားဟန် မပြခဲ့ဘူး။ တအောင့်လေ...
Blog Archive
-
▼
2012
(907)
-
▼
February
(178)
-
▼
Feb 21
(11)
- ငိုအောင်လုပ်လို့ရတယ်
- သင်သိနိုင်လား
- မျှော်လင့်တဲ့ အရာ ၁၀မျိုးပါ.
- တကယ်လို့ တစ်နေ့နေ့မှာ.....
- လူပျိုဘ၀မှ အိမ်ထောင်သည်ဘဝ
- နိယာမ ယောက်ျားလေးတွေ တကယ်ချစ်တဲ့ အခါ …… လူအများမ...
- ကောင်မလေးက ကောင်လေးကိုမေးတယ် ။
- အသဲခွဲခံလိုက်ရတာလား
- အချစ်နှင့်ခံစားမှုတွေးတောမှုများ
- >လမ်းခွဲပြီးနောက်
- အိပ်ရာဝင်ပုံပြင်လေးတစ်ပုဒ်ပြောပြမယ်.
-
▼
Feb 21
(11)
-
▼
February
(178)
- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -