Posted by : လက်တွဲဖော် Tuesday, February 21, 2012

ကိုယ့်အပေါ်တကယ်ချစ်တဲ့ မိန်းကလေးတစ်ယောက်ကို ငိုအောင်လုပ်လို့ရတယ်... စိတ်ဆင်းရဲအောင် လုပ်လို့ရတယ်...ဒါပေမဲ့ သူ့ကို တိတ်ဆိတ်သွားအောင် မလုပ်သင့်ဘူး... ဘာလို့လဲဆိုတာ တိတ်ဆိတ်ခြင်းဆိုတာ...မိန်းကလေးတစ်ယောက်ရဲ့ အနက်ရှိုင်းဆုံး နာကျင်ခြင်းတွေကို ဖော်ပြတဲ့ ငိုသံဖြစ်နေလို့ပါပဲ...မိန်းကလေးတွေက စကားပြောရတာကြိုက်တယ် ...ဘယ်လောက်ပဲ ပင်ပန်းမှု အခက်အခဲဆိုတာ တွေ ရှိနေပါစေ... သူမ စိတ်ထဲမှာတော့ နှစ်ယောက် အတူတူ သူမရဲ့ အကြောင်းတွေ တိုင်ပင်ချင်သေးတယ်လေ...ဒါဟာ သူမရဲ့ အချစ်တွေကို သက်သေပြတဲ့ အကောင်းဆုံးလုပ်ဆောင်မှု တစ်ခုပါပဲ... တကယ်လို့ တနေ့နေ့မှာ ကိုယ့်ချစ်သူ ကောင်မလေး တိတ်ဆိတ်သွားမယ်ဆိုတော့...ကိုယ် ပိုင်ဆိုင်ရမဲ့ အရာဟာ နောင်တတရားတွေပဲ ဖြစ်ပါလိမ့်မယ်...

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -