Archive for 02/02/12
ငါသူ့ကိုချစ်ခဲ့တာကြာပါပီ ဟိုးအရင်ကတည်းကပါ သူတောင်လုံးဝမရိပ်မိစေရအောင် ငါ့ဘက်ကလျှို့ဝှက်လုံခြုံခဲ့ပြီးသားပါ
သူကို့ပျော်စေချင်တယ် သူပျော်ရင်...ငါလည်းပျော်တယ် အဲံတာအချစ်လို့ငါခံယူထားတာ
အဲ့တာလုံးဝမှားတယ်သိလား တစ်စုံတစ်ယောက်ရဲ့လက်ထဲကို ..ကိုယ့်သိပ်မက်မောတွယ်တာနေတဲ့..ကိုယ့်ရဲ့ချစ်သူကိုပေးအပ်လိုက်ရတာ.ကိုယ့်ရဲံနေရာကိုအဲံဒီတစ်စုံတစ်ယောက်ုကိုပေးလိုက်ရတာလောက်
နှလုံးသာထိခိုက်ပျက်စီးရတာမရှိတော့ပါဘူး သူကိုတခြားသူတယောက်ကပိုင်ဆိုင်သွားပြီဆိုတဲ့အသိက ငါ့နှလုံးသားကို လက်အေးစက်စက်တစ်စုံကဖျစ်ညှစ်ခြေမွနေသလိုပဲ
ငါဘာလုပ်ရမလဲ..ဘာမှလုပ်စရာမရှိတော့ပါဘူး..ဒီအတိုင်းပဲလက်ပိုက်ကြည့်နေလိုက်ရတော့မှာ တစ်ချိန်မှာငါနေတက်သွားမယ်လို့ယူဆရတာပဲ ဒါပေမယ့်သူတို့နှစ်ယောက်ကိုလက်ချင်းအုပ်တွဲထားတာ
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးပြုံနေကြရင်လို့တွေးလိုက်မိရင် ငါအရမ်းကြေကွဲတယ်.ဒီစိတ်ဟာမကောင်းတဲ့စိတ်မှန်းသိပါတယ် ငါ့ကိုပြန်နှိပ်စက်နေတာပါ..ငါဘာမှမတက်နိုငတော့ဘူး ..ငါတစ်ယောက်တည်းဘ၀မှာ
အဓိပါယ်မရှိတော့သလိုပဲ ..ငါအရမ်းခံစားနေရတယ် ..ငါတကယ်မပျော်တော့ဘူး...မျှော်လင့်ချက်တွေလည်းပြိုကွဲကုန်ပီ အဲ့ဒိမျှော်လင့်ချက်ပျက်ပြားသွားတဲံ့ဝေဒနာက လူကိုစိတ်ဓါတ်ကျစေတယ် ..ငါအခုတနေ့တနေ့ နေရတာ
ဘာအဓိပါယ်မှမရှိတော့သလိုပဲ ဟိုအရင်ကအရမ်းတက်ကြွထက်သန်နေခဲ့တဲံ ငါဆိုတာဘယ်ရောက်သွားမှန်းမသိပါဘူး ပျောက်ဆုံးသွားပြီ ငါ့ကို ငါကိုယ်တိုင်တောင်နားမလည်ဘူး အခုချိန်မှာ ငါ့စိတ်ထဲဘာဖြစ်နေသလဲ
..သိလားဗျာ---
ငါသူ့ကိုချစ်ခဲ့တာကြာပါပီ
မင်းကိုကြည့်ဖို့ 
အားနာမိပါရဲ့ 
ဘာလို့ဆိုရင်.........
ကိုယ်ကြည့်ချင်တာတနေကုန်မို့ ပါ။
မင်းကိုချစ်ဖို့ 
အားနာမိပါရဲ့ 
ဘာလို့ဆိုရင်.......
ကိုယ်ချစ်ချင်တာတဘ၀လုံးစာမို့ ပါ။
မင်းပြန်ချစ်ဖို့ 
အားနာမိပါရဲ့ 
ဘာလို့ဆိုရင်.....
ကိုယ်လိုချင်တာ
မင်းရဲ့ အချစ်အကုန်မို့ ပါ။
အလိုလိုနေရင်းအားနာမိပါရဲ့ 
ဘာလို့ဆိုရင်.....
ကိုယ့်အချစ်တွေကြောင့်
မင်းဝန်လေးနေမှာစိုးလို့ပါ။
အားနာမိလို့
အချစ်က သာယာလှပတဲ့ ကမ္ဘာကြီးတစ်ခုကို ဖန်ဆင်းပေးခဲ့တာ ဘယ်သူမှ မသိလိုက်ဘူး၊
ကိုယ်ကလွဲရင်ပေါ့လေ။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ရဲ့ကိုယ်ပိုင်ကမ္ဘာဟာ မင်းရဲ့ အချစ်တွေနဲ့ သာယာနေတာကိုး
အချစ်ကြောင့်ဘ၀ပျက်ရတယ်။ ဒါဆို အချစ်က မကောင်းဘူးပေါ့။ အချစ်ကြောင့်ဘ၀အောင်မြင်မှုတွေရတယ်။ဒါဆိုအချစ်
ကကောင်းတယ်ပေါ့။ဘာပဲဖြစ်ဖြစ်လေ လူတစ်ယောက်မှာ အချစ်မရှိရင် ဘ၀အဓိပ္ပာယ်လည်း ရှိမှာ မဟုတ်ဘူးပေါ့။
Because of love, someone ruins his life. So,love is bad! Because of love, someone gains a successful life.
So love is good! whatever be, if a man has no love, then he will have no meaningful life.
အချစ်မရှိတဲ့ကမ္ဘာမှာ ကိုယ်တော့ မနေနိုင်ပါဘူး။ အဲဒီ့ကမ္ဘာမှာ လွတ်လပ်ခြင်း၊ အကြင်နာတရား၊ စာနာနားလည်ခြင်း၊
သနားညှာတာခြင်း၊ ခွင့်လွှတ်ခြင်း၊ အကောင်းမြင်ခြင်း၊ စိတ်ဓာတ်တက်ကြွခြင်း၊ငြိမ်းချမ်းခြင်းစတာတွေ လုံးဝစိတ်သုံး
နေမှာအမှန်ပါ။
I can't live in world having no love. That would truly has no freedom,no kindness, no compassion,
no optimism, no up lifting sprit, no peace, and so on.
အချစ်က ဘ၀ရဲ့ခွန်အား။ ပြီးတော့ ဘ၀ရဲ့ရှင်သန်လှုပ်ရှားနေတဲ့ အဓိပ္ပာယ်တစ်ခု။လူတွေရဲ့ အသည်းနှလုံးကို ကိုင်လှုပ်
နိုင်တဲ့ တန်ခိုးရှင် ။ ကြီးကျယ်လွန်းတဲ့သူ့ဂုဏ်ကြောင့် သူဟာကမ္ဘာမြေပေါ်က ဘယ်တော့မှ ပျောက်ကွယ်သွားမှာမဟုတ်ပါဘူး။
Love is a strength of life, and a changing meaning of life. It is a god who can shake people's heart. In
my opinions, it will never disappear in this world because of its great dignity.
ချစ်သူတွေက အချစ်အကြောင်းပြောကြတယ်။မုန်းသူတွေက အမုန်းအကြောင်းပြောကြတယ်။ လူဆိုတာ သူတို့ရဲ့ခံစား
ချက်အတိုင်း ပြောဆိုပြုမူကြတာပါပဲလေ။
Lover talk about love. Haters do about hated.In fact,man talks and behaves according to his own feeling.
အချစ်နဲ့ပတ်သက်ပြီး အရာရာကို နားလည်ဖို့ဆိုတာ မလွယ်ကူမှန်း လူတိုင်းသိကြပါတယ်လေ။ ဒါပေမယ့် နားလည်ထားတဲ့
တဲ့ အချစ်အကြောင်းကိုပဲ နက်နက်ရှိုင်းရှိုင်းတွေးပြီး အကောင်းဆုံး ၀တ္တုတစ်ပုဒ် ဖန်တီးကြရအောင်လား။
Everybody knows it is dificult to understand everything dealing with love. But, let's deeply thinks of love we
understand and create a best love story.
အချစ်ဆိုတာ သာမန်ကြည့်ရုံနဲ့ မြင်ရတာမဟုတ်ပါဘူး။ သေသေချာချာကြည့်မှ မြင်ရတာမျိုးပါ။ဘာကြောင့် ငါ့ရဲ့ နှလုံးသားကို
မင်းက သေသေချာချာမကြည့်ရတာလဲ။
Someone can't see love if he normally does,but can see it if he carefully does.Why didn't you loo
အဝေးရောက်လွမ်းသမားလေးဆိုက်မှကူယူတင်ပြသည်
အချစ် ဒသန စကားစုများ
အေတီ ၃ရာစုတုန်းက ရောမမှာ နိုင်လိုမင်းထက် မင်းမှုနေတဲ့ Claudius လို့ခေါ်တဲ့ မင်းတပါး အုပ်စိုးခဲ့တယ်။ နန်းတော်နဲ့ သိပ်မကွာဝေးတဲ့ နေရာတခုမှာ လှပတဲ့ ဘုရားကျောင်း တဆောင်ရှိတယ်။ အဲဒီ ကျောင်းမှာ Valentine လို့ ခေါ်တဲ့ဘုန်းတော်ကြီးတပါး နေထိုင်တယ်။ရောမလူမျိုး ကြီးငယ်မရွေး၊ ဆင်းရဲချမ်းသာမရွေး အဲဒီဘုန်းတော်ကြီးကို လေးစားကြတယ်။ ကိုးကွယ်ကြတယ်။ အမြဲလိုလို
လူစု လူဝေးနဲ့ ဘုရားရှေ့ ထွန်းညှိထားတဲ့ မီးလျှံတွေ ကြားမှာ ဘုန်းတော်ကြီးရဲ့ဆုတောင်းမှုကို နာယူကြတယ်။
ရောမရဲ့ စစ်ပွဲက အဆက်ပြတ်တယ်လို့ မရှိခဲ့ဘူး။ ဘုရင်မင်းက ပြည်သူတွေကိုအထာမ သိမ်းသွင်းပြီး စစ်မြေပြင်ကို စေလွှတ်ခဲ့တယ်။ ယောက်ျားသားတွေကမိသားစုနဲ့ ချစ်သူတွေကို မခွဲချင်ကြဘူး။ Claudius ရဲ့ ရက်စက်ပုံက လူတွေကိုမင်္ဂလာ မဆောင်ရလို့ အမိန့်ထုတ်ခဲ့တယ်။ စေ့စပ်ထားကြတဲ့ လူတွေကိုလဲ စေ့စပ်ကြောင်းလမ်း ဖျက်သိမ်းရမယ်လို့ အမိန့်ထုတ်ခဲ့တယ်။ လူငယ်အများက ချစ်
သူကို နုတ်ဆက်ပြီး စစ်မြေပြင်ကို ထွက်ခဲ့ ကြရတယ်။ မိန်းကလေးတွေ ကလဲချစ်သူတွေကို ဆုံးရှုံး လွမ်းဆွတ်ပြီး ကျန်နေခဲ့ရတယ်။
Claudius ရဲ့ ရက်စက်ပုံကို ဘုန်းတော်ကြီး Valentine က စိတ်မကောင်းခဲ့ဘူး။အဲဒီအချိန်မှာ ချစ်သူစုံတွဲ တတွဲက ဘုန်းတော်ကြီးကို အကူအညီလာ တောင်းခဲ့တယ်။ ဘုန်းတော်ကြီးက သူတို့နှစ်ဦးကို ဘုရားကျောင်းမှာ တိုးတိုး တိတ်တိတ်လက်ထပ်ပေးလိုက်တယ်။ဒါကို တယောက်နား တယောက်ပေါက်ကြားပြီး ဘုန်းတော်ကြီးရဲ့ အကူအညီနဲ့ ချစ်သူတွေဟာ လက်ထပ်ဖြစ်ခဲ့ကြတယ်။
အဲဒီသတင်း ဘုရင့် နားဆီ ရောက်သွားခဲ့တယ်။ ဒေါသမိုးကြိုး အပြတ်ခြိမ်းလေပြီပေါ့။ဘုရားကျောင်းကို စစ်သည်တချို့ စေလွှတ်ပြီး စုံတွဲတတွဲကို လက်ဆက်ပေးနေတဲ့ ဘုန်းတော်ကြီးကို ဖမ်းယူပြီး အချုပ်ထဲ သွင်းထားလိုက်တယ်။ ဘုရင်မင်းရဲ့ စွပ်စွဲချက်ကို လူတွေက အသနား ခံခဲ့ကြတယ်။ ဒါပေမဲ့ အရာ မရောက်ခဲ့ဘူး။ဘုန်းတော်ကြီးဟာ အချုပ်ထဲမှာပဲ နှိပ်စက်ညှင်းပန်းမှုတွေ ခံပြီး ကွယ်လွန်သွားခဲ့
ရတယ်။ လူတွေက သူ့ကို St. Praxedes ဘုရားကျောင်းမှာ မြုပ်နှံခဲ့ကြတယ်။
အဲဒီနေ့က အေဒီ ၂၇၀ ဖေဖော်ဝါရီလ (၁၄)ရက်နေ့ ဖြစ်တယ်။
(တချို့ဆိုက်ဒ်က အေဒီ ၁၆၉တဲ့)။
ပဲရစ်မှာရှိတဲ့ ဘာသာစကားပေါင်း ၃၁၁ မျိုးနဲ့ ရေးထားတဲ့ "ချစ်တယ်"ဆိုတဲ့ နံရံမှာ ချစ်သူနှစ်ဦး ဓာတ်ပုံရိုက်နေတဲ့ ပုံပါ။
နောက်မှုကွဲ တမျိုးက ဒီလို ဆိုထားပါတယ်။ ဘုန်းတော်ကြီး Valentine ဟာခရစ်ယာန် ဘာသာဝင်ရဲ့ ကနဦးအစကတဦးလို့ ဆိုရပါမယ်။ အဲဒီခေတ်က ခရစ်ယာန်ဘာသာဝင် တဦးဟာ သေမင်းနဲ့ ဘေးဥပါဒ်ကိုတောင် မမှုဘဲ မိမိဘာသာဝင် လူမျိုးအတွက် အသက် စတေးရဲခဲ့တယ်။ အချုပ်ထဲ ရောက်သွားတဲ့ အချိန်မှာလဲ မျက်စိမမြင်တဲ့ ထောင်မှူးရဲ့ သမီးကို ဆေးကုသ ပေးခဲ့တယ်။ Claudius
က ဒီသတင်းကို ကြားတော့ တော်တော် တုန်လှုပ်သွားခဲ့တယ်။ Valentine ကိုလူထုရဲ့ ရှေ့မှာ သေဒဏ်ပေးဖို့ အမိန့် ချခဲ့ပြန်တယ်။ သေဒဏ်ပေးမဲ့ မနက်မှာValentineဟာ ထောင်မှူးသမီးကို နုတ်ဆက်စာလေး တစောင်ရေးပေးခဲ့တယ်။
စာအောက်ဆုံးမှာ ရေးထားတာကတော့ From your Valentine တဲ့။
ဘုန်းတော်ကြီး Valentine ရဲ့ ပုံပါ
ို
သမိုင်းမှတ်တမ်းတင်တဲ့ လူတွေက ဒီအဖြစ်အပျက်ရဲ့ ရင်းမြစ်ကို ဖော်ထုတ်ကြပြီး လူတွေကို ယုံကြည်မှုတွေ ပေးခဲ့တယ်။ အေတီ ၂၇၀ ရောမဘုရင် ထီးနန်းတက်စတုန်းက ရောမမြို့ အနီးတ၀ိုက်ဟာ တောကြီးမြက်မဲနဲ့ ၀ံပုလွေတွေ ပေါများခဲ့တယ်။ ရောမလူမျိုး ကိုးကွယ်တဲ့ နတ်ဘုရားမှာ Lupercus ဆိုတဲ့ နတ်ဘုရားလဲ ပါဝင်ပြီး အဲဒီ နတ်ဘုရားဟာ လူနဲ့ ဆိတ်တွေကို အကာအကွယ်ပေးတဲ့
နတ်ဘုရားဖြစ်တယ်။ နှစ်စဉ်နှစ်တိုင်း ဖေဖော်ဝါရီလလယ်မှာ အဲဒီနတ်ဘုရားကိုပသ ပူဇော်တဲ့ပွဲ လုပ်ကြတယ်။ အဲဒီတုန်းက ပြက္ခဒိန်ဟာ အခုခေတ် ပြက္ခဒိန်ထက် အနည်းငယ် နောက်ကျတယ်။ အဲတုန်းက နတ်ဘုရားကို ပူဇော်တဲ့ပွဲဟာနွေဦးကို ကြိုဆိုတဲ့ပွဲလို့လဲ ပြောနိုင်တယ်။
ဒီပွဲဟာ နတ်ဘုရား Faunus ကို ပူဇော်တဲ့ ပွဲလို့လဲ တချို့ကပြောကြတယ်။ အဲဒီနတ်ဘုရားဟာ လူတပိုင်း ဆိတ်တပိုင်း ဖြစ်ပြီး ခေါင်းမှာ Pan လို့ခေါ်တဲ့ဂျိုပေါက်နေတယ်။တိရိစ္ဆာန်နဲ့လူတွေကိုကာကွယ်စောင့်ရှောက်တယ်။ဒီလို နတ်ဘုရားကို ပူဇော်ပသတဲ့ ဖြစ်စဉ်အစဟာ ရှေးကတည်းက ရှိခဲ့တဲ့အတွက် အေတီ၁ရာစုက ရှိခဲ့တဲ့ ပညာရှင်တွေတောင် တိတိကျကျ မသိခဲ့ကြဘူး။ ဒါပေမဲ့ ဒီလိုနေ့မြတ်ရဲ့ အရေးပါပုံကိုတော့ ယုံမှားသံသယ မရှိခဲ့ကြဘူး။ သမိုင်းမှတ်တမ်းအရ Mark Antony ဟာ အေတီ ၄၄ခုနှစ်ရဲ့ နတ်ဘုရား ပူဇော်ပွဲတခုမှာ သရဖူကို Jul ius Caesar လက်ထဲ အပ်နှင်းလိုက်တယ်လို့ သိရတယ်။
နှစ်စဉ်နှစ်တိုင်းရဲ့ ဖေဖော်ဝါရီလ ၁၅ရက်နေ့မှာ ဘုန်းတော်ကြီးတွေဟာ ရောမမြို့မှာရှိတဲ့ Palantine တောင်ထိပ်ရဲ့ ဂူတဂူဘေးမှာ စုဝေးကြတယ်။ ဒီဂူမှာ ဟိုးယခင် နန်းတက်ခဲ့ဖူးတဲ့ Romilus and Remus ညီအစ်ကို နှစ်ဦးကို ၀ံပုလွေမတကောင်က ကျွေးမွေး စောင့်ရှောက်ပြီး ကြီးပြင်းခဲ့တဲ့ နေရာဖြစ်တယ်။ အဲဒီပွဲမှာ နောက်တမျိုး ကျင်းပပုံက လူကုံထံများဟာ ဆိတ်သရေ ကြာပွတ်ကို ကိုင်
ပြီး လမ်းတလျောက် ပြေးကြခြင်းပါပဲ။ အမျိုးသမီးတွေက ပြေးလမ်းရဲ့ ဘေးတဖက်စီမှာ ရပ်ပြီး ခေါင်းကို ကြာပွတ်နဲ့ အရိုက်ခံကြတယ်။ အရိုက်ခံရမှ သူတို့ဟာ သမီးလေးမွေးမယ်လို့ ယုံကြည်ကြလို့ပါပဲ။လက်သင်ဘာသာမှာ ဆိတ်သရေ ကြာပွတ်ကို februa လို့ခေါ်တယ်။ ကြာပွတ်နဲ့ ရိုက်တာကို fabruatio လို့ခေါ်တယ်။ တကယ်တော့ စင်ကြယ်ခြင်း ဆိုတဲ့ အဓိပါယ်ဖြစ်တယ်။ နှစ်လပိုင်း
February ဆိုတာ အဲဒီကနေ ဖြစ်လာတာပါ။
ရောမရဲ့ အင်အားဟာ ကြီးလာပြီး ဥရောပတခုလုံး ပျံ့နှံ့လာခဲ့တယ်။ နတ်ဘုရားပူဇော်ပသတဲ့ အစဉ်အလာဟာ ပြင်သစ်၊ အင်္ဂလန်စတဲ့ နိုင်ငံတွေအထိ ရောက်ခဲ့တယ်။ အဲလို ပူဇော်ပွဲမှာ လူကြိုက်များတာကတော့ ကံစမ်းမဲ နိုက်တာပါပဲ။
မိန်းကလေးတွေရဲ့ နာမည်ကို သေတ္တာထဲ ထည့်ပြီး ယောက်ျားသားတွေက မဲနိုက်ကြတယ်။ နိုက်မိတဲ့ မိန်းကလေးနဲ့ အဲဒီ ယောက်ျားလေးဟာ ချစ်သူတွေဖြစ်သွားကြတယ်။ နှစ်တွေကြာလာတော့ ခရစ်ယာန်တွေ အမှတ်တရထားတဲ့ဒီလို ထုံးတမ်းစဉ်လာဟာ တဖြေးဖြေးနဲ့ ပျောက်ကွယ်လာခဲ့တယ်။ ဘုန်းတော်ကြီးတွေက ဒီပွဲကို လူတွေ မေ့လျော့ကုန်မှာ စိုးတာနဲ့ အရင်က ကျင်းပခဲ့တဲ့
Lupercalia ပွဲကို Valentine 's Day လို့ပြောင်းပြီး ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကို ရွေ့ခဲ့ကြတယ်။ဘုန်းတော်ကြီး Valentineရဲ့ ရာဇ၀င်နဲ့ ရှေးယခင်က ရှိခဲ့တဲ့နတ်ဘုရားပူဇော်တဲ့ ပွဲနှစ်ခုကို ပေါင်းစပ်လိုက်ကြတယ်။
ဒီပွဲဟာ ရာစုနှစ်လယ်လောက်က အင်္ဂလန်မှာ တော်တော် ခေတ်စားခဲ့တယ်။ မဲနိုက်မိတဲ့ အပျိုနဲ့ လူပျိုနှစ်ဦးဟာ လက်ဆောင် ပစ္စည်းတွေ လှဲလှယ်ကြပြီး မိန်းကလေးက အဲဒီ တနှစ်အတွင်းမှာ ယောက်ျားလေးရဲ့ Valentine ဖြစ်ရတယ်။
ယောက်ျားလေးရဲ့ အင်္ကျီမှာတော့ မိန်းကလေးနာမည်ကို ဇာထိုးထားရပြီး အဲဒီမိန်းကလေးကို ကြည့်ရှူစောင့်ရှောက်ဖို့ တာဝန်ယူရတယ်။ သမိုင်းအထောက်အထားအရ ဒီလိုစုံတွဲမျိုးဟာ ၁၅ရာစု နှစ်စမှာ ရှိခဲ့တယ်။
ငယ်ရွယ်တဲ့ ပြင်သစ်မင်းသား Duke of Orleans ဟာ Agincourt စစ်ပွဲမှာ အင်္ဂလိပ် စစ်သည်တို့က ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး လန်ဒန်မှာ နှစ်အတော်ကြာ ချုပ်နှောင်ခြင်းကို ခံခဲ့ရတယ်။ မင်းသားဟာ သူ့ ကြင်ယာတော်အတွက် ကဗျာတွေ စပ်ခဲ့တယ်။သူ့ ကဗျာပေါင်း ၆၀ကို ဒီနေ့ထက်ထိ သိမ်းဆည်းထားပါတယ်။
နှစ်၂၀၀ နောက်ပိုင်းရောက်မှ ပန်းတွေနဲ့ လုပ်ထားတဲ့ စာတွေ၊ ပစ္စည်းတွေ ပေါ်ခဲ့တယ်။ ပြင်သစ်ဘုရင် Henry IV ရဲ့ သမီးတော်တဦးက Valentine's Day မှာကြီးကျယ်တဲ့ ညစာစားပွဲတခု ပြုလုပ်ခဲ့တယ်။အရွေးခံရတဲ့ မိန်းကလေးက လာရွေးသူ ယောက်ျားလေးဆီက ပန်းတစည်းကို လက်ဆောင်ရကြတယ်။
ဒီလိုနဲ့ ဒီအစဉ်အလာဟာ အီတလီ၊ ပြင်သစ်၊ အင်္ဂလန် စတဲ့ နေရာအသီးသီး ပျံ့နှံ့ခဲ့တယ်။ နှစ်စဉ်နှစ်တိုင်း ဖေဖော်ဝါရီလ (၁၄)ရက်နေ့ဟာ သူငယ်ချင်း၊ ချစ်သူတွေကို ပန်းစည်းတွေ၊ အသဲပုံ ချိုချဉ်တွေ၊ အချစ်စာလွှာနဲ့ လက်ဆောင်ပစ္စည်းတွေ ပေးပို့တဲ့လ ဖြစ်ခဲ့တယ်။ ဒီလို အပြန်အလှန် လက်ဆောင်တွေ ဖလှယ်ကြခြင်းဖြင့် ကိုယ်ရဲ့ စစ်မှန်တဲ့ အချစ်ကို သက်သေပြရုံမက ရက်စက်တဲ့ ဘုရင်ကို တော်လှန်ခဲ့တဲ့ ဘုန်းတော်ကြီး Valentine ကိုလဲ အောက်မေ့ ဂုဏ်ပြုရင်းနဲ့ပေါ့။
ချစ်သူများနေ့
အချစ်ရဲ့ အခြားတစ်ဖက်မှာ အမုန်းတဲ့
မေတ္တာရဲ့ အခြားတစ်ဖက်မှာကျတော့ ဥပေက္ခာတဲ့
သံယောဇဉ်ရဲ့ အခြားတစ်ဖက်မှာကျတော့ ဒုက္ခတဲ့
မာန် မာန ဆိုတာ ရှိနေသရွေ့ အတ္တကိုတော့ လုံးဝ မပစ်ပယ်နိုင်ပါဘူး . . .
အာဃာတဆိုတာကို လက်ကိုင်ထားသရွှေ့ ဒေါသကို ဖက်တွယ်ဆဲပဲ
ကမ္ဘာလောကဓာတ်ကိုက ဆန့်ကျင်ဘက်တွေနဲ့ ဖွဲ့စည်းထားတာပဲလေ
ဆန့်ကျင်ဘက်ဆိုတာ မရှိခဲ့ရင် ရုပ်ဝတ္ထုတွေ ဖြစ်တည်နိုင်ဖို့ ခက်ခဲသွားနိုင်တယ်
ဒါတွေကလည်း တကယ်တော့ ကိုယ့်အတွက်ကိုချည်းပဲ ကြည့်တဲ့ လူသားတွေအတွက်ပဲနေမှာပေါ့ ကိုယ်ကျိုးအတွက်ကိုမကြည့်ပဲ ပေးဆပ်သူတို့ နှလုံးသားကို ပိုင်ဆိုင်ခဲ့မယ်ဆိုရင် တရားသဘောဆန်ပြီး ဂန္တ၀င်မြောက်တဲ့အချစ်ကို ပိုင်ဆိုင်ရမယ်လို့ ယုံကြည်ပါတယ်။ သူ့အတွက်ဆိုရင် အပြစ်ကို ခွင့်လွှတ်တတ်တဲ့စိတ်ကလေး ကိုယ့်မှာရှိရင် ဒေါသဟာ ချုပ်ငြိမ်းသွားတယ်။ အဲဒီတော့ အာဃာတဆိုတာလည်း ဖြစ်မလာတော့ဘူးလေ။
သူ့အတွက်ဆိုတာကို စပြီးကိုယ်က ကြည့်ကတည်းက အတ္တကပြုတ်နေပြီ။ ဒီတော့ မာန် မာနတွေမရှိတော့ဘူးပေါ့။ သူ့ကို မြင်တွေ့နေရင်ကိုပဲ စိတ်ချမ်းသာနေပြီ။
မမြင်ရပေမယ့်လည်း သူ့အသံလေးကြားရရင် စိတ်ချမ်းသာပြီ။ ဘာသတင်းမှမကြားရင်တောင်မှ ပြန်တွေ့မယ့်နေ့ကို မျှော်လင့်ပြီး ပျော်တတ်နေရင် စိတ်ချမ်းသာပြီလေ။ စိတ်ရဲ့ ချမ်းသာခြင်းကို ရနေမှတော့ ဒုက္ခမဟုတ်တော့ဘူး။ သုခဖြစ်သွားတယ်။ အဲဒီတော့ သံယောဇဉ်ဆိုတာပိုပြီး ခိုင်မာသွားတာပေါ့။
အချိန်ကြာကြာခိုင်မြဲအောင် တည်ဆောက်နိုင်လေလေ ဥပေက္ခာတရားတွေ ခန်းခြောက်လေလေပါပဲ။ ဥပေက္ခာ မရှိမှ မေတ္တာက အသက်ဝင်လာတာ။ မေတ္တာရှိနေတော့ အမုန်းဆိုတာ အဝေးကြီးကို ရောက်သွားတယ်။ အဲဒီတော့ လိုချင်တဲ့ အချစ်ဆိုတာကို ဘယ်သူမဆို ရရှိလာမှာပါလို့ တရားသဘောဖြင့် ချစ်ခြင်းကို အစပြုကြမယ်လေ။ ပေးဆပ်သူလို့ ခံယူထားသူများအတွက်တော့ ဒီအချစ်က လုံလောက်သော အချစ်တစ်ခုပဲလို့ ယူဆမိပါတော့တယ်............။
ချစ်တော့ချစ်တယ်
၁ ။http://www.bietemplates.com/
၂ ။http://btemplates.com/
၃ ။http://blogger-templates.blogspot.com/
၎ ။http://www.bloggerstyles.com/
၅ ။http//bloggertemplateplace.com
၆ ။http://www.templatesblock.com/
၇ ။http://www.eblogtemplates.com/
၈ ။http://www.ourblogtemplates.com/
၉ ။http://www.blogskins.com/
၁၀ ။http://www.blogfashions.com/
နောက်ထပ် ကျန်တာတွေကို အောက်မှာ ရေးထားလိုက်ပါတယ်ခင်ဗျာ...
၁၁ ။http://www.ehsany.com/
၁၂ ။http://mashable.com/2007/09/13/blogger-templates
၁၃ ။http://www.deluxetemplates.net/
၁၄ ။http://www.idwebtemplate.com/
၁၅ ။http://freeblogger-templates.blogspot.com/
၁၆ ။http://templates.arcsin.se/
၁၇ ။http://www.zimbio.com/Free+Blogger+Beta+Template/articles/200/125+Beautiful+Blogger+Templates
၁၈ ။http://www.instantshift.com/2009/03/09/120-best-free-blogger-templates-around
၁၉ ။http://www.finalsense.com/services/blog_templates
၂၀ ။http://www.bloggerbuster.com/2007/08/blogger-template-downloads.html
၂၁ ။http://www.smallbusinessbible.org/free-blog-templates.html
ကျွန်တော့် မှာရှိတဲ့  ဘလော့ တန်းပလိတ်လေးတွေ
ကောင်လေးတွေ ဘာကြောင့် ကောင်မလေးတွေဆီက ချစ်အဖြေကို မျှော်လင့်တကြီး စောင့်စားခဲ့တယ်ဆိုတာ.....
ကောင်မလေးတွေမသိဘူး.......
ကောင်လေးတွေဟာ အမြင်ပိုင်းအရ မာကျောကြမ်းတမ်းပေမယ့် နူးညံ့တဲ့နှလုံးသားလေးတွေကို ပိုင်ဆိုင်ကြတယ် ဆိုတာ.....
ကောင်မလေးတွေမသိဘူး.......
ကောင်လေးတွေ သူတို့ကောင်မလေးတွေ စိတ်ကောက်တဲ့အခါ မနေနိုင် မထိုင်နိုင် လိုက်ချော့ပြီး စိတ်ဆိုးပြေသွား တဲ့
ကောင်မလေးမျက်နှာကို တွေ့ရမှ ဘာလို့ အမောပြေသွားတယ်ဆိုတာ.....
ကောင်မလေးတွေမသိဘူး.......
ကောင်လေးတွေ လက်ဖက်ရည်ဆိုင်ထိုင်တဲ့အခါ သူတို့ကောင်မလေးတွေအကြောင်းကို မပါမဖြစ် ပြောတတ် တယ်ဆိုတာ.....
ကောင်မလေးတွေမသိဘူး.......
ကောင်လေးတွေက တကယ်ချစ်မိပြီဆိုရင် သူချစ်တဲ့ကောင်မလေးအတွက် ဘာပဲလုပ်ရလုပ်ရ လုပ်ပေးနိုင်တဲ့
စွမ်းအားတွေရှိတယ်ဆိုတာ.....
ကောင်မလေးတွေမသိဘူး.......
ကောင်လေးတွေက သူတို့ချစ်တဲ့ ကောင်မလေးတွေဆီက အချစ်ကိုရဖို့ဆိုရင် မာနတွေ ခ၀ါချပြီး ဒူးထောက်
အညံ့ခံဖို့ဝန်မလေးဘူးဆိုတာ.....
ကောင်မလေးတွေမသိဘူး.......
လိုင်းကားတိုးစီးရင် ကိုယ့်ကောင်မလေးကို လူတိုးမခံရအောင်လို့ ကောင်လေးတွေက နာကျင်မှုကို ဟန်ဆောင် ပြုံးရင်း
ကာကွယ်ပေးတတ်တာ.....
ကောင်မလေးတွေမသိဘူး.......
ကောင်လေးတွေ ဘယ်လောက်အလုပ်များများ သူတို့ကောင်မလေးကို အချိန်တိုင်းသတိရနေတယ်... အချိန်တိုင်း
လွမ်းနေတတ်တယ်ဆိုတာ... သူတို့ကောင်မလေးက သူတို့အတွက် အလှဆုံးနတ်သမီးတစ်ပါးလို့ အမြဲတမ်း
ယုံကြည်ထားတယ်ဆိုတာ
ကောင်မလေးတွေမသိဘူး.......
ကောင်လေးတွေ အိပ်ခါနီးအချိန်မှာ သူတို့ကောင်မလေးတွေအကြောင်း စဉ်းစားပြီးမှ အိပ်လို့ပျော်တယ်...
အိပ်မက်ထဲအထိလဲ သူတို့ကောင်မလေးကို အပါခေါ်သွားတတ်တယ်ဆိုတာ.....
ကောင်မလေးတွေမသိဘူး.......
ကောင်လေးတွေက သူတို့ကောင်မလေးကို ဘာကြောင့်နမ်းတယ်ဆိုတာကို......
ကောင်မလေးတွေမသိဘူး.......
ကောင်လေးတွေက အငတ်ခံပြီးရတဲ့ မုန့်ဖိုးတွေကို ကောင်မလေးတွေအတွက် လက်ဆောင်တွေ၊ ပန်းစည်းတွေ
ဝယ်ပေးရတယ်ဆိုတာ.....
ကောင်မလေးတွေမသိဘူး.......
ကောင်လေးတွေက သူတို့ဘ၀မှာ ကောင်မလေးတွေရဲ့ အချစ်ဦး ဖြစ်ခွင့်မရရင်တောင်မှ ကောင်မလေးတွေရဲ့ နောက်ဆုံးအချစ်
ဖြစ်ချင်တဲ့ စိတ်ထားလေတွေ ရှိတယ်ဆိုတာကို.....
ကောင်မလေးတွေမသိဘူး.......
ကောင်လေးတွေက စိတ်ကူးဆန်းဆန်းလေးတွေနဲ့ သူတို့ကောင်မလေးကို ပျော်ရွှင်ကြည်နူးစေချင်တယ်ဆိုတာ...
ဥပမာ...ကောင်မလေးကို သူကိုယ်တိုင်လုပ်ထားတဲ့ သီချင်းခွေတစ်ခွေ ပေးတာမျိုးပေါ့...
ကောင်မလေးတွေမသိဘူး.......
ကောင်မလေးတွေက ကောင်လေးတွေကို ထားခဲ့ပြီး နောက်ထပ်အသစ်တစ်ယောက်ကို ချစ်သွားတဲ့အခါ.. မျက်ရည်တွေနဲက
အရက်ဆိုင်မှာ တခြားအရက်သမားကြီးတွေကို ကြေကြေကွဲကွဲ ရင်ဖွင့်ရင်း သူတို့ကိုထားခဲ့တဲ့ ချစ်သူကောင်မလေးကို
တမ်းတရင်း ဘ၀ပျက်သွားတာမျိုးတွေ ရှိတယ်ဆိုတာ.....
ကောင်မလေးတွေမသိပါဘူး.......
ကောင်လေးတွေရဲ့အချစ်က ဂဏန်းဖိုကြီးတွေလိုပဲဆိုတာ (ဂဏန်းတွေမှာ သူတို့သဘာဝအရ အပေါ်အခွံမာကြီးတွေ
ပျော့သွားတဲ့အချိန်ဆိုတာ ရှိတယ်လေ.. အဲဒီအချိန်ရောက်ရင် ဂဏန်းဖိုကြီးတွေဟာ ဂဏန်းမလေးတွေကို ထိခိုက်မှုမရှိအောင်
အပေါ်ကအုပ်မိုးပြီး ကာကွယ်ထားလေ့ရှိတယ်... ဒါပေမယ့် ဂဏန်းမလေးတွေကတော့ ဂဏန်းဖိုကြီးတွေရဲ့ အခွံမာတွေ
မရှိတော့တဲ့အချိန်ကြရင် ပြန်လည်စောင့်ရှောက်လေ့မရှိပဲနဲ့ ဂဏန်းဖိုကြီးတွေကို ညှပ်ပြီးစားသောက်လိုက်ကြတယ်လေ...)။
ကောင်မလေးတွေမသိဘူး.......
ကောင်လေးတွေဟာ သူတို့ကောင်မလေးတွေကို အရမ်းချစ်လေ့ရှိတယ်ဆိုတာကိုပေါ့......
တကယ်တော့ ကောင်လေးတွေဟာ စွန့်လွှတ်မှုကို အခြေခံတဲ့အချစ်မျိုးကို ပိုင်ဆိုင်ထားကြတာပါ...