Posted by : လက်တွဲဖော်
Wednesday, August 1, 2012
မြေဖြူကို မြင်တဲ့  အခါ
ကျောင်းဆရာက ကျောင်းသားတွေကို စာသင်ဖို့ အတွက်လို့  တွေးတယ်
နားကျပ်ကို မြင်တဲ့ အခါ
ဆရာဝန်က ပြည်သူတွေကို ဆေးကုသဖို့ အတွက်လို့  တွေးတယ်
ဆောက်လုပ်ရေးသုံး ပစ္စည်းကို မြင်တဲ့ အခါ
အင်္ဂျနီယာက ပြည်သူတွေကို လူ နေမူ့ အဆင့် အတန်းမြင့် စေဖို့ အတွက်လို့ တွေးတယ်
နွားရှဉ်းကို မြင်တဲ့ အခါ
တောင်သူတွေက ပြည်သူတွေစားဝတ်နေရေးအတွက် စပါးတွေစိုက်ဖို့ လို့ တွေးတယ်
အိမ်စာကို မြင်တဲ့ အခါ
ကျောင်းသားက စာလုပ်ရမယ်လို့  တွေးတယ်
လမ်းပေါ်က အမှိုက်ကို မြင်တဲ့ အခါ
စည်ပင်သမားက သန့် ရှင်းရေးအတွက်လို့  တွေးတယ်
သေနတ်ကို မြင်တဲ့ အခါ
စစ်သားတိုင်း ၊စစ်ဗိုလ်တိုင်းက ......................
စစ်သားဖြစ်ချင်တဲ့ 
စစ်ဗိုလ်ဖြစ်ချင်တဲ့  ဘယ်ကလေးငယ်ကို မေးကြည့် ကြည့် 
လူသတ်ဖို့ လို့ မဖြေကြဘူး
စစ်တိုက်ဖို့  တိုင်းပြည်ကို ကာကွယ်ဖို့ လို့ ဖြေကြတယ်
ဟုတ်တယ်
ဘင်ဂလီပဲပြောပြော
ရိုဟင်ဂျာလို့ ပဲဆိုဆို
တာလီဘန်စစ်သွေးကြွလို့ ပဲ သုံးသုံး
လိုအပ်ရင် ကျနော်တို့ စစ်တိုက်ကြမှာပါ
တိုင်းပြည်ကို ကာကွယ်ကြမှာပါလေ............
(ပုံရိပ်စစ်)
Post a Comment