Posted by : လက်တွဲဖော်
Wednesday, August 1, 2012
တနေ့ မှာ မိန်းမက ယောက်ျားဖြစ်သူကိုမေးတယ်
ရှင် ကျမကို ချစ်လားတဲ့ ။
ယောက်ျားကလည်း ရှင်မရယ် ပေါင်းလာတာပဲ ကလေး(၃)ယောက်ရှိပြီ မင်းကို သိပ်ချစ်တာပေါ့တဲ့ ။
ဘယ်လောက်ချစ်သလဲတဲ့  မိန်းမဖြစ်သူက မေးပြန်တယ်။
ဒီကမ္ဘာမှာ ငါ့ အမေပြီးရင် အချစ်ဆုံးဆိုလို့ မင်းတစ်ယောက်တည်းရှိတယ်တဲ့ ။
ဒီအဖြေလည်းကြားရော မိန်းမဖြစ်သူက အတော်ကိုကျေနပ်သွားတာပေါ့။
မကြာပါဘူး။တပ်ဗဟိုကင်းက တုံးခေါက်သံကြားလိုက်ရတယ်။
ယောက်ျားဖြစ်သူက မြန်မြန်ဖိနပ်စီးပြီး တခွန်းထပ်ပြောတယ်။
မနက်ဖြန်ရှေ့ တန်းထွက်ဖို့  အဘစကားပြောမှာထင်တယ်။
ဆော်ရီးနော် ပြောဖို့ မေ့သွားလို့ ။
ငါတိုင်းပြည်ကိုတော့  ငါ့ အသက်ထက်တောင်ပိုချစ်တာတဲ့ ။လေ
(ပုံရိပ်စစ်)
— with Hati Jam Jam.
Post a Comment