Posted by : လက်တွဲဖော် Wednesday, August 1, 2012


တစ်ခါတုန်းက ကျီးတစ်ကောင်က တစ်နေ့လုံး ဘာမှမလုပ်ပဲ သစ်ပင်ပေါ်မှာ နားနေတယ်။ ဒါကို ယုန်လေးကမြင်တော့ ကျီးကို ''ငါလည်း မင်းလို တစ်နေ့လုံး ဘာမှမလုပ်ပဲ နေချင်တယ်ကွာ နေလို့ရနိုင်လား'' လို့ မေးတယ်။ ကျီးကလည်း ''ဘာလို့မရ,ရမှာလဲကွာ.. ရတာပေါ့'' လို့ဆိုတယ်။ ဒါနဲ့ ယုန်လေးကလည်း ကျီးနားတဲ့ သစ်ပင်အောက်မှာ ထိုင်ပြီး အနားယူနေတော့သတဲ့။ အဲဒီအချိန်မှာ မြေခွေးတစ်ကောင်က ရောက်လာပြီး ယုန်လေးအနားယူနေတုန်း အလစ်အငိုက်မှာ ခုန်အုပ်ဖမ်းပြီး စားသောက်လိုက်တယ်တဲ့။ ပုံပြင်လေးက ရတဲ့သင်ခန်းစာကတော့ ရှင်းပါတယ်။ ''သင်ဘာမှမလုပ်ပဲ ဇိမ်ကျကျနေချင်ရင် အမြင့်တစ်နေရာကို ရောက်နေဖို့တော့ လိုလိမ့်မယ်'' မြတ်ဘုန်းရည်မွန်

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -