Posted by : လက်တွဲဖော်
Wednesday, August 1, 2012
သူက လူတွေကို ပျော်အောင်လုပ်နိုင်စွမ်းရှိသလို
စိတ်ညစ်အောင် ငိုအောင်လည်း လုပ်နိုင်တယ်....
သူက လူတွေရဲ့ဘ၀ကို ပျက်အောင်လည်း ဖျက်တတ်သလို
ဘ၀မြင့်မားလာအောင်လည်း လုပ်နိုင်တယ်....
သူကြောင့် လူတွေ ပင်ပန်းနွမ်းနယ်စွာ ရုန်းကန်လှုပ်ရှားရသလို
သူကြောင့်ပဲ ဇိမ်ခံစံစားကြရတယ်....
သူကြောင့်ပဲ လုပ်ချင်တာတွေလုပ်နိုင်သလို
သူကြောင့်ပဲ မလုပ်ချင်တာတွေလည်း ဇွတ်မှိတ်လုပ်နေကြရတယ်...
သူ့ကြောင့်ပဲ မချစ်မနှစ်သက်တဲ့သူတွေနဲ့ အတူရှိနေရသလို
သူကြောင့်ပဲ ချစ်တဲ့သူတွေနဲ့ ခွဲခွာလို့ နေနေရတယ်....
သူ့ကို လူတွေက အမောတကော လိုက်ရှာနေတတ်ပေမယ့်
သူကတော့ လူတွေဆီရောက်သွားပြီးရင် ပြန်ထွက်ပြေးဖို့ပဲ အသင့်ဖြစ်နေတတ်တယ်...
သူ့ထက် အဖိုးတန်တာတွေ ရှိပါတယ်လို့
လူတွေ ဘယ်လောက်ပဲ ကြွေးကြော်ကြွေးကြော်
သူမရှိရင်လည်းပဲ လူတွေမှာ နေလို့မရနိုင်ဖြစ်နေကြတယ်....
သူက စက္ကူလေးပါလို့ ဆိုကြပေမယ့်လည်း
လူတွေမှာ သူ့ကို တသသဖြစ်နေကြရတယ်
အော်... ပိုက်ဆံ... ပိုက်ဆံ...
ငါ့တွက် မရှိမဖြစ်ထဲမှာ နင်ကလည်း ထိပ်ဆုံးကပါပဲလားနော်....
မြတ်ဘုန်းရည်မွန်
— with Khun Hlakyaw.
Post a Comment