စစ်အကြောင်းစစ်သားတွေပဲသိပါတယ်.........
တချို့  ကပြောတယ်။အော် စစ်ပွဲ တခုနဲ့  တခု ကြားမှာ ရဲဘော်တွေ၊စစ်ဗိုလ်တွေ သေသွားရတယ်ပေါ့။ဘာမှမဟုတ်ပဲ နဲ့  တိုင်းပြည်နဲ့ လူမျိုးအပေါ်မှာလည်း အကျိုမပြုပဲနဲ့ သေသွားရရှာတယ်ပေါ့။ထုံးစံ အတိုင်းပေါ့  ဒါက အစိုးရ ရဲ့  အသုံးမကျမှု့ ပေါ့ ဆိုပြီးရေးတာတွေ့ လိုက်လို့ ပါ။
မြန်မာနိုင်ငံမှာရှိတဲ့  တပ်တိုင်း က စစ်သားတွေက ၂၄ နာရီလုံးလုံး အနားမနေရပါဘူး။အနည်းဆုံး တိုက်ပွဲ မရှိရင်တောင် လှုပ်ရှားထွက်တာနဲ့ လုံခြုံရေးယူပေးရတဲ့  တပ်တွေ မြန်မာနိုင်ငံမှာ အများကြီးရှိပါတယ်။
ဒီကနေ ရန်ကုန် ၊မန္တလေး မြို့ ကြီးတွေဆီကို မီးထိန်ထိန်လင်းနေရတဲ့  အကျိုးကျေးဇူးက အဲမြို့ တွေကို သွယ်တန်းထားတဲ့  မီးကြိုးတိုင်တလျှောက် စစ်သားတွေလုံခြုံရေးယူပေးနေရတာ သိသူနည်းပါတယ်။မီးမလာရင် သူတို့ တွေးတယ်။EPC့ ကပဲ ဖြတ်သလိုလိုပေါ့။ဘယ်သူက အဆဲခံပြီး တော့  မပေးပဲနေမလဲ။ပိုဆိုးတာက စစ်သားတွေ။သောင်းကျန်းသူတွေ တာဝါတိုင်ကို မိုင်းခွဲမှာစိုးလို့  တာဝါတိုင်အောက်ခြေ မှာ ခြံစည်းရိုးတွေ ခတ် နဲ့ စောင့်ရှောက်နေတဲ့ ရဲဘော်တွေကို ကယားပြည်နယ် လွိုင်ကော်မှာ ပိုပြီးထင်ထင်ရှားရှားမြင်နိုင်တယ်။ဒါကို ပြည်သူတွေသိသူနည်းတယ်။မီးမလာရင် ဆဲမယ်။လမ်းပေါ်ဆန္ဒပြမယ်။နိုင်ငံရေး အတိုက်အခံက အစိုးရကို ဖိအားပေးမယ်။
ဒီကနေ မိဘပြည်သူတွေသွားလာလှုပ်ရှားနေတဲ့  မီးရထားလမ်းပိုင်းတွေကို စစ်သားတွေလုံခြုံရေးယူပေးနေရတယ်။အထူးသဖြင့်  အညိုရောင်လို လို ၊အဖြူရောင်လို လို တောင်ငူ-ပြင်းမနား လမ်းပိုင်းတွေ။မိဘပြည်သူတွေ က ရထားပေါ်မှာ အိပ်လိုက်လာရတာ။ရထားတစ်စီးမလာခင် မိုင်းရှင်း ထော်လီရထားလေး အရင်လွှတ်ရတယ်။မိုင်းထောင်ထားရင်တော့  အဲ ကပါလာတဲ့ ဦးစီးအရာရှိနဲ့  စစ်သားအရင်သေပေါ့ဗျာ။ဒါကို ပြည်သူတွေသိသူနည်းပါတယ်။
ဒီကနေ့ ဖြစ်ပွားနေတဲ့  ကချင်ပြည်နယ်စစ်ပွဲ။အစိုးရဖြစ်စေချင်တာက ထာဝရငြိမ်းချမ်းရေး။ဒါဆိုရင် ကချင် က လက်နက်မကိုင်ရတော့ ဘူး။ဒါကို လက်မခံနိုင်တာသူတို့ က။ကချင်က အဖိုးတန် ရတနာတွေ ၊ကျွန်းတွေ သိပ်ပေါတယ်။အထူးသဖြင့်  ဖားကန့် လို့ နေရာတွေမှာ ဆပ်ကြေး ၊အခွန် တွေ အများကြီးရတယ်။အဲနယ်မြေမှာရှိတဲ့  အစိုးရပိုင် စက်ရုံတွေရှိတယ်။ဥပမာ နမ္မတီးသကြားစက်လိုမျိုး။နောက်ပိုင်း အဲဒါကိုတောင် အစိုးရ က ငြိမ်းချမ်းရေးအတွက်လုပ်ပိုင်ခွင့် ပေးလိုက်တာမျိုးရှိနိုင်တယ်။အဲလိုအဆောက်အဦးတွေကို လုံခြုံရေး ယူပေးရတာ စစ်သားတွေ။ဒါကို ပြည်သူတွေသိသူနည်းပါတယ်။
ဒီကနေ့  မြန်မာနိုင်ငံမှာရှိတဲ့  လမ်းတံတားတွေ၊ဆည်မြောင်းတမံတွေ ကိုစောင့် ရှောက်ပေးတာလည်း စစ်သားတွေ။မဟုတ်ရင် တံတားကို မိုင်းထောင်တာမျိုး ၊ဆည်မြောင်းတွေကို ဖောက်ခွဲမယ်လို့ ပြောတာမျိုး သတင်းတွေခဏခဏရတယ်။တံတားကြီးကြီး ငယ်ငယ် ပြည်သူအတွက်ဆောက်ထားသမျှ အရေးကြီးမှန်သမျှ စစ်သားစောင့် တယ်။ဥပမာ နောင်ချို က ဂုတ်ထိပ်လိုမျိုး။တာဝန်ချိန်မှာ တံတားပေါ်မှာပဲနေရတယ်။ဘယ်လောက်သစ္စာရှိသလဲဆိုရင် ရထားပေါ်က ချကျွေးတဲ့  မုန့် တောင် မစားဘူး။တံတားကို တောင်ပေါ်ကနေ ၂၄ နာရီကင်းနဲ့ နေရတယ်။ဒါကိုပြည်သူတွေသိသူနည်းပါတယ်။
ဒီကနေ့  ကျိုင်းတုံ ဘက်မှာ တာဝန်ကျတဲ့  အရာရှိတွေကို ကားနဲ့ လာရင်တောင် ပစ်ခံရပါတယ်။လမ်းပန်းဆက်သွယ်ရေးသိပ်ခက်တယ်။ယာဉ်တန်းနဲ့ သွားတာ ၅ ရက်အိပ်။လမ်းမှာရောင်းတဲ့ ခေါက်ဆွဲခြောက်က မြို့ မှာ တထုတ် ၁၅၀ လောက်က ၃၀၀၀ပေးစားရတယ်။ကားလမ်းဘေးမှာ ပစ်ခံရလို့ မောင်းမရတဲ့ ကားစုတ်တွေပေါမှပေါ။လေယာဉ်နဲ့ သွားတော့  ၅ သောင်း ကျော် ၆ သောင်း ၊ရတာမှ အရာရှိလစာက ၁သိန်းပတ်ဝန်းကျင် ။သင်တန်းပါရင် အိမ်ကတောင် တောင်းရသေးတယ်။ဒါကိုပြည်သူတွေ သိသူနည်းပါတယ်။
မြန်မာနိုင်ငံ အလယ်ပိုင်းတော်တော်များများက မီးရထား လမ်းတွေကို စစ်သားတွေပဲ ဖောက်လုပ်ခဲ့ တာပါ။
မြို့ ကြီးပြကြီးတွေ မီးလာဖို့  တောထဲက တာဝါတိုင်ကို ကင်းစောင့် ပေးနေရတာ စစ်သားတွေပါ။
သင်္ကြန်မှာ ပြည်သူတွေပျော်ဖို့  အပြင်စည်းက နေ ယူနီဖောင်းနဲ့ စောင့် ပေးနေရတာ စစ်သားတွေပါ။
ဘူတာတွေမှာ မီးရထားလမ်းပိုင်းတွေမှာ လုံခြုံရေးယူပေးနေရတာ စစ်သားတွေပါ။
တံတားတခုလုံခြုံရေးအတွက် ကိုယ်ဘ၀ တိုးတက်ရေး ရာထူးတခုကို ရင်းထားရတဲ့  သူတွေကလည်း စစ်သားတွေပါ။
ဥပမာ ပြည်သူတွေက တလောက မြစ်ကြီးနားလမ်းပိုင်း ကို သောင်းကျန်းသူဖောက်ခွဲလို့  ရထားမှောက်တယ်ပဲသိတာပါ။အဲလမ်းပိုင်းမှာတာဝန်ကျတဲ့  ရာထူးကြီးငယ်လတ်မရွေး တာဝန်မကျေမူ့ နဲ့  ဘယ်လောက်တောင် အမူ့ ပွေလေမလဲ စဉ်းတောင်မစဉ်းစားရဲ ဘူး။ဘယ်မီဒီယာကများ သောင်းကျန်းသူတွေ ပြည်သူ လမ်းတံတားတွေကို အဲလိုမလုပ်သင် ဘူးလို့  သတင်းဂျာနယ်မှာဖော်ပြခဲ ဖူးလဲ။မသိ၇င် အစိုးရကပဲ လုပ်သလိုလိုနဲ့ ။သေချာတာက ဘယ်ကြွက်မှ ကိုယ်ထောင်ဖမ်းမဲ့ ထောင်ချောက်မလုပ်ဖူးဆိုတာပါပဲ။ပြည်သူအတွက်လုပ်နေရတဲ့ စစ်သားတွေအတွက်ရော ဘယ်မီဒီယာက ရပ်တည်ပေးဖူးသလဲ။
အဲတော့  တိုင်းပြည်အတွက် အကျိုးရှိရှိသေရတဲ့  စစ်သားတွေ ဘ၀ကို စာနာပေးစေချင်ပါတယ်။
စစ်တိုက်တာ မကောင်းဘူးဆိုတာ စစ်သားတိုင်းသိတယ်။မဖြစ်လို့ ကို တိုက်နေရတာပါ။
စစ်အကြောင်းကို ကဗျာ ဆရာတွေက ဘယ်လို သနားအောင်စပ်စပ်၊ပန်းချီဆွဲဆရာက ဘယ်လို သရုပ်ဖော်ဖော် ၊အဆိုတော်က ဘယ်လို သီးကုံးသီကုံး စစ်ကို အမုန်းဆုံးက စစ်သားတွေပဲဆိုတာ စစ်သားတွေပဲသိပါတယ်။
(ပုံရိပ်စစ်)
Post a Comment