Posted by : လက်တွဲဖော်
Wednesday, August 1, 2012
တစ်စုံတစ်ယောက်ကို လွမ်းတဲ့ အခါ သူ့ ကို ခေါ်လိုက်ပါ
တစ်စုံတစ်ယောက်နဲ့  တွေ့ ဆုံချင်တဲ့အခါ ချိန်းဆိုလိုက်ပါ
နားလည်စေချင်တဲ့ အခါ ရှင်းပြလိုက်ပါ
မေးချင်တဲ့ အခါ မြိုသိပ်မထားပဲ မေးလိုက်ပါ
တခုခုကို မကြိုက်တဲ့ အခါ မကြိုက်တဲ့ အကြောင်း ဖွင့် ပြောလိုက်ပါ
တခုခု ကို ကြိုက်ရင်တော့  ကြိုက်တာသိအောင်ပြောပြလိုက်ပါ
တစုံတခုကို အလိုရှိလာရင် အလိုရှိတဲ့  တစုံတစ်ခုအတွက် မေးလိုက်ပါ
တစ်စုံတစ်ယောက်ကို ချစ်ရင်တော့  ဘာလို နှုတ်ဆိတ်နေတော့ မလဲ ဖွင့် ပြောလိုက်ပါ
ငါတို့ ပိုင်ဆိုင်တဲ့  ဘ၀တစ်ခုအတွက် ရိုးရိုးလေးပဲဖြတ်သန်းကြတာပေါ့
(ပုံရိပ်စစ်)
Post a Comment