Posted by : လက်တွဲဖော်
Wednesday, August 1, 2012
အသက်အရွယ် တဖြည်းဖြည်း ကြီးပြင်းလာရသည်နှင့်အမျှ
လောကဓံကို ထိုက်သင့်သလောက် ကျော်ဖြတ်ခဲ့ရပြီးပြီ။
ငယ်စဉ်က မချစ်မနှစ်သက်သောသူမှန်သမျှ
လှည့်၍ပင် မကြည့်ခဲ့သည့်ငါ
တဖြည်းဖြည်းနှင့်
မချစ်သော်လည်း အောင့်ကာနမ်းတတ်လာသည်။
ဘ၀ကပေးတဲ့ ထိရောက်တဲ့သင်ခန်းစာ ရင့်ကျက်မှုတစ်ချို့ကြောင့်
မချစ်ခင်သော်လည်း အောင့်နမ်းတတ်ရုံမျှမက
ခုတော့ ဘယ်လောက်မုန်းမုန်း ရွှမ်းရွှမ်းဝေအောင်တောင် ပြုံးပြတတ်နေလေပြီ။
လောကဓံရေ...
ငါ အတော်လေးတိုးတက်နေပါပြီ။
သင့်စိန်ခေါ်မှုတွေကို ဒီတစ်ခါတော့
ငါအလဲထိုးဖို့ အဆင်သင့်ဖြစ်နေပြီ။
မြတ်ဘုန်းရည်မွန်
Post a Comment