Archive for 02/20/13
ငါချစ်တဲ့သူ ......
သူက သူရဲကောင်းတစ်ယောက်တော့မဟုတ်ဘူး
ဒါပေမယ့် ငါ့အတွက်တော့ ငါအားကိုးချင်တဲ့သူ.......
သူက လူရွှင်တော်တစ်ယောက်တော့မဟုတ်ဘူး
ဒါပေမယ့် ငါစိတ်ညစ်တိုင်း သူကငါကို လူရွှင်တော်တွေ
ပြက်လုံးထက် ပိုပြီ ရယ်မောအောင် စနောက်တတ်တယ် ........
သူက ရုပ်ချောတဲ့သူတစ်ယောက်မဟုတ်ဘူး
ဒါပေမယ့် ငါအတွက် သူကမင်းသားတစ်ပါးဘဲ ...........
သူက သူများတွေအတွက်တော့ သာမာန်လူတစ်ယောက်
ဒါပေမယ့် ငါအတွက်တော့ ငါအဆုံးအရှုံးမခံနိုင်တဲ့ ငါချစ်သောသူ.....
✿✿✿ Poem ✿✿✿

♥♥♥♥♥ချစ် သူ♥♥♥♥♥
ကိုယ့် ချစ်သူ က ကမ္ဘာပေါ်မှာ
အလှဆုံးဖြစ်ချင်မှ ဖြစ်မယ် ..
ဒါပေမဲ့ သူက ကိုယ့်ကမ္ဘာကို
အလှဆုံးဖြစ်အောင်ပြုလုပ်ပေးနိုင်တယ်..
ပျော်ရွင်ရယ်မောမှု့ တွေ ဘယ်လောက်များများ
ရယ်မောရတာ အသက်ပါချင်မှပါမယ်
ဒါပေမဲ့ …ချစ်သူပြောပြတဲ့
ဟာသတစ်ခွန်းလောက်တော့
မရယ်မော မိတာ အမှန် ဘဲ..
ဘယ်လောက်ဘဲ စိတ်ဆိုးစိတ်ကောက်..
တစ်ခြားသူတွေ ချော့ တဲ့အခါ
ပြေ ချင် မှ ပြေ မယ်..
ချစ်သူမျက်နှာမြင်လိုက်ရင်တော့
အလိုလို ပြုံး မိ လာတယ်
ဟိုး..အမြင့်ကြီးနေ အောက်ကိုငုံကြည့်လိုက်
ရင်တွေတစ်ဒိန်းဒိန်း ခုန်ချင်ခုန်နေလိမ့်မယ်..
ဒါပေမဲ့ ချစ်သူနှစ်ဦးဆုံတွေ့ချိန်
ခုန်တဲ့..ရင်ခုန်သံက ပိုမြန်ပါတယ်…
♥♥Np♥♥

ညိုတာညို မပြိုတဲ့မိုးလို
ငိုတာငိုမယ် မဆွေတော့ပါဘူး
ရင်ကွဲစရာ မျက်ရေစက်တွေနဲ့
နေ့ညဆိုတဲ့ စက္ကန့်တွေကို ငါဖြတ်ခဲ့
ငိုစရာတွေကျန်လည်း ရေစက်တွေ ဘယ်လောက်ရှိရှိ
ငါဆောက်လိုက်ပြီ မျက်ရေဆည်..
ဟောင်းတာဟောင်း မပြောင်တဲ့ဇာတ်လို
ပျော်တာပျော်မယ် ငါမရယ်တော့ပါဘူး
ကြေကွဲစရာ နှလုံးသွေးစက်တွေနဲ့
ဝမ်းနည်းတဲ့ အမုန်းနှစ်တွေကို ငါဖြတ်ခဲ့
အချစ်တွေကျန်လည်း ချုပ်ရာတွေ ဘယ်လောက်ရှိရှိ
ငါပိတ်လိုက်ပြီ နှလုံးသားဆည်....

ငါပိတ်လိုက်ပြီ
ယုံချင်ယုံ ....
...... မယုံချင်နေ
ဒါက ကာရံမရှိတဲ့
ကဗျာတစ်ပုဒ်.........
မင်းနဲ့ တွေ့လို့
တစ်သက် နဲ့တစ်ကိုယ်
တစ်ခါမှမတွေ့ဖူးတဲ့
အချစ်ဆိုတာကြီးနဲ့ လည်း.....
တွေ့ဖူးသွားပြီ......
ခင်ဗျား ပညာပေးကောင်းလို့
အသည်းလည်း ကွဲဖူးသွားပြီ
ဘာထပ်လိုချင်သေးလို့လဲဗျာ
ကျွန်တော်.......
.................. ကျွန်တော်
ခင်ဗျားကို တကယ်ကြောက်ပါပြီဗျာ
ပြီးတော့
အချစ်ဆိုတာကြီးကိုလည်း ကြောက်သွားပါပြီဗျာ ။ ။
~~ Cruel J-Kid~~

ကြောက်သွားပါပြီဗျာ ။
တစ်ဦးတစ်ယောက်ကိုချစ်မိတဲ့အခါ
တစ်ဦးတစ်ယောက်ကိုချစ်မိတဲ့အခါ သင်ကအထပ်မြင့်တိုက်ပေါ်ကနေခုန်ဆင်းရသလိုပဲ....
သင့်ဦးနှောက်ကသင့်ကိုအကြံပေးပါ လိမ့်မယ် "ခုန်ချဖို့မသင့်တော်ပါဘူး" လို့.....
သင့်နှလုံးသားကတစ်ဖန်အကြံပြုတယ် "မင်းလေထဲမှာပျံသန်းနိုင်ပါတယ်" လို့....
ဒါပေမယ့်ကျတော်တို့က မသင့်တော်ဘူးဆိုတာထက် လေထဲမှာပျံသန်းချင်ကြတယ်မဟုတ်လား?
တစ်ဦးတစ်ယောက်ကိုချစ်မိတဲ့အခါ သင်ကအထပ်မြင့်တိုက်ပေါ်ကနေခုန်ဆင
သင့်ဦးနှောက်ကသင့်ကိုအကြံပေးပါ
သင့်နှလုံးသားကတစ်ဖန်အကြံပြုတယ်
ဒါပေမယ့်ကျတော်တို့က မသင့်တော်ဘူးဆိုတာထက် လေထဲမှာပျံသန်းချင်ကြတယ်မဟုတ်လာ
တစ်ဦးတစ်ယောက်ကို
မိန်းမတွေရဲ့ စိတ်နေသဘောထားက အပြောင်းအလဲ မြန်လွန်းတယ်ဆိုတာ မိန်းမတွေ
ကိုယ်တိုင်တောင် သိနိုင်ပါရဲ့လား? တစ်ခါတလေမှာ မိန်းမတွေရဲ့စိတ်က
မနက်ခင်း နေရောင်ခြည်လို နုပျိုလန်းဆန်းတတ်သလို၊ တစ်ခါတလေမှာ ဒေါသကြီးတဲ့
ခြင်္သေ့လို အနားကပ်လာသူကို အလွယ်တကူ ဟိန်းဟောက်တတ်တယ်။ မိန်းမတွေရဲ့
စိတ်နေသဘောထားက အမြဲတမ်း ပြောင်းလဲတတ်သလို ပြောင်းလဲနှုန်းကလည်း
မြန်လှပါတယ်။ (picture from google image)
ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တဲ့ မိဆိုးက အလုပ်ဒဏ်၊ ပင်ပန်းဒဏ်ကြောင့်
အအိပ်မမှန်၊ အစားမမှန်ခဲ့ဘူး။ ဒါကြောင့် မိန်းမသဘာဝ ဓမ္မတာမလာခင်
ရှေ့ရက်တွေမှာ ပိုစိတ်တို၊ ဒေါသထွက်လွယ်ခဲ့တယ်။ ဒီလိုဖြစ်လာတိုင်း
မိဆိုးက ဒေါသစိတ်နဲ့ ချစ်သူကို ဖုန်းဆက်ပြီး ဘာဖြစ်လို့ မနေ့ညက
ဖုန်းမဆက်တာလဲ? ဘာလုပ်နေတာလဲ? စတာတွေ မေးမြန်းပြီး ရန်ရှာတတ်တယ်။
ချစ်သူက "အချိန်ပိုဆင်းနေတာ မဟုတ်လား? အလုပ်ပျက်မှာစိုးလို့ မဆက်တာ၊
မက်ဆေ့ ပို့လိုက်တယ်လေ.. မကြည့်ရသေးဘူးလား?" လို့ ညင်ညင်သာသာ
ပြန်ဖြေပါတယ်။ ဒီလိုစကားလေး တစ်ခွန်းကပဲ ဒေါသစိတ်တွေ ပြည့်နေတဲ့
မိဆိုးရဲ့စိတ်က ရေထိတဲ့မီးလို ငြိမ်းသွားခဲ့တယ်။ ချစ်သူကို
တမင်ရန်ရှာမိတဲ့ ကိုယ့်စိတ်ကိုလဲ ရှက်ရွံ့မိခဲ့တယ်။
စိတ်တိုတယ်၊ ဒေါသထွက်တယ်၊ ပျော်တယ် .. စတဲ့ စိတ်အခြေအနေ (mood)တွေကို
သက်ရောက်စေတဲ့ အချက်တွေကလည်း များလှပါတယ်။ မိန်းကလေးတွေရဲ့ ခန္ဓာကိုယ်
ဟိုမုန်းအပြောင်းအလဲကလည်း တစ်ခုအပါအဝင်ဖြစ်တယ်။ စိတ်အပြောင်းအလဲက ဓမ္မတာ
မလာခင်ရှေ့ရက်တွေမှာ ပိုသိသာပါတယ်။ အဲဒီအချိန်မှာ စိတ်ဟာ
အရမ်းအားပျော့ပြီး စိတ်ညစ်ဝမ်းနည်းစရာ၊ အားငယ်စိတ်တွေ အလွယ်တကူ
ဝင်ရောက်တတ်ပါတယ်။ ချစ်သူရဲ့ မတော်တဆ စကားအမှားတစ်ခွန်းကြောင့် စိတ်တွေ
မကြည်မလင်ဖြစ်ပြီး ခံစားချက် တွင်းနက်ကြီးထဲ အလွယ်တကူ ခုန်ဆင်းတတ်ကြတယ်။
ဒါပေမယ့် နောက်တစက္ကန့်မှာ ချစ်သူရဲ့ ယုယကြင်နာစကားကြောင့်
မုန်တိုင်းမိပြီး ညှိုးနွမ်းနေတဲ့ ပန်းတစ်ပွင့် နေထိသွားသလို
ချက်ချင်းလန်းဆန်း လာတတ်ကြတယ်။ ချစ်သူရဲ့ အကြင်နာနေရောင်စကားနဲ့
မျှော်လင့်ချက်တွေ တစ်ဖန်နိုးထလာပြီး အပျော်တွေ ဖူးပွင့်လာတတ်တယ်။
မိန်းမတွေရဲ့ ခန္ဓာတည်ဆောက်ပုံက ယောက်ျားတွေထက် ပိုရှုပ်ထွေးပါတယ်။
ဒါကြောင့် စိတ်အပြောင်းအလဲတွေ မြန်တတ်ကြတယ်။ ဒါပေမယ့် ယောက်ျားတွေရဲ့
ဂရုစိုက်မှု၊ နှစ်သိမ့်မှု၊ ကြင်နာမှု၊ နားထောင်ပေးမှုတွေက အဲဒီစိတ်
အပြောင်းအလဲတွေအတွက် အကောင်းဆုံးဆေးဖြစ်တယ်။ မိန်းမတွေကလည်း ပင်ပန်းတဲ့၊
ဖိစီးမှုတွေများတဲ့ ကိုယ့်စိတ်ကို ဖြေလျှော့တတ်ဖို့ လိုအပ်ပါတယ်။
တစ်ယောက်တည်း ထီးထီးမနေဘဲ မိတ်ဆွေ သူငယ်ချင်း၊ ချစ်သူ၊ မိသားစုတွေနဲ့
ရောနှောဆက်ဆံ၊ ပြောဆိုဖို့လည်း လိုပါတယ်။ ဓမ္မတာရှေ့ (Premenstrual
Syndrome) စိတ်အခြေအနေ အပြောင်းအလဲတွေနဲ့ အလုပ်၊ လူမှုရေး၊
စားဝတ်နေရေးတွေကို မထိခိုက်အောင်နေတတ်မှ တကယ့်ထက်မြက်တဲ့ မိန်းမတွေရဲ့
အပြုအမှုတွေဖြစ်ပါတယ်။

မိန်းမတွေရဲ့ စိတ်
♦ နင်နဲ့ငါ ….
Online ပေါ်မှာအမှတ်တမဲ့တွေ့ခဲ့တယ်
♦ နင်နဲ့ငါ ……..
အပျော်အပျက်လေးတွေပြောခဲ့ကျတယ်
♦ နင်နဲ့ငါ………
ခဏတာစိတ်ဆိုးကြတယ်
♦ နင့်နဲ့ငါ……
တစ်နေ့မတွေ့ဆုံဖြစ်ရင်
လွမ်းတဲ့အကြောင်းတွေပြောခဲ့ကြတယ်
♦ နင်နဲ့ငါ…………
ပြဿာနာတက်နေရင်းနဲ့ ခံစားမှုတွေရလာတယ်
♦ အမှတ်တမဲ့တွေ့ပေမယ့်
ငါအချစ်ကနင်အတွက်အမှတ်တမဲ့မဟုတ်ခဲ့ဘူး
♦ အပျော်အပျက်ပြောပေမယ့်
ငါအချစ်ကနင့်အတွက်အပျော်အပျက်မဟုတ်ခဲ့ဘူး
♦ ခဏတာစိတ်ဆိုးကြပေမယ့်
ငါ့ကိုနင်စိတ်ဆိုးရင်ငါ့ရင်ထဲနာကျင်အောင်ခံစားရတယ်
♦ တစ်နေ့တာခွဲကျရင်တောင်အလွမ်းတွေပြောမကုန်ခဲ့တော့
တသက်စာများခွဲရရင်ဆိုတဲ့အတွေးက တွေးလို့တောင်မကြည့်ရဲဘူးချစ်ရသူရယ်
♦ လူချင်းမတွေ့ဘူးပေမယ့်
Online ကအချစ်မစစ်ဘူးလို့မထင်ပါနဲ့
အမှတ်တမဲ့ဆုံတွေ့မှုကနေထာဝရတိုင်သက်ဆုံးထိချစ်နေချင်တယ်
~♥~*★~♥~*★~♥~*★~♥~*★~♥~*★
Kak:*

Online ပေါ်မှာ
နင်ခံစားရတယ်တဲ့လား ?
သိပ်ချစ်ပေးခဲ့တာကို အရူးလုပ်ခံခဲ့ရတဲ့ ငါလောက် ခံစားရပါ့မလား ။
နင်နာကျင်နေတယ်တဲ့လား ?
မတူညီသောလမ်းပေါ်ကို ငါမဟုတ်သောတစ်ယောက်နဲ့ တွဲလျှောက်ခဲ့တာ သိပေမယ့် ရူးမိုက်စွာ ချစ်နေတဲ့ ငါလောက် နာကျင်ရပါ့မလား ။
နင်မပျော်ရွင်ခဲ့ဘူးတဲ့လား ?
ငါထင်တာက နင်ပျော်ရွင်ခဲ့မှာပါ သိပ်ချစ်ပေးတဲ့
ငါ့နှလုံးသားကို ဒဏ်ရာပေးပြီး နင်မပျော်ရွင်ဘူးဆိုတာကို
ငါ ယုံကြည်ပေးရမှာလား ။
တစ်ကယ်ကို နင်မပျော်ရွင်ခဲ့ရ၇င် ငါ ၀မ်းသာရမှာလား ။
နင်ချစ်ခဲ့တယ်တဲ့လား ?
နင်ချစ်တာ နင့်အတ္တတွေဖြစ်နေတာကို
ငါ့ကို ချစ်ခဲ့တယ်ဆိုတဲ့ စကားနဲ့ နောက်ထပ်မချည်နှောင်ပါနဲ့တော့
နင့်ကို သိပ်ချစ်ပေးသော ငါ့နှလုံးသားကို နင်စွန့်ပစ်တဲ့နေ့က
ငါလည်း နင်နဲ့အတူ စွန့်လွတ်လိုက်ခဲ့ပြီး ။
ငါနာမည်လေးနဲ့ ငါ့အချစ်တွေက
နင်သတိရတိုင်း နာကျင်နေရင် စူးနစ်နေရင် ငါကျေနပ်တယ် **။
လမင်း @>>>Real Love

စ်သူဆိုတာ ကမ္ဘာ့ အချောလှဆုံးမိန်းကလေးမဟုတ်ဘူး
သင့်အပေါ်ဆိုးနွဲ့သလိုလိုနဲ့ မိုးချုပ်အိမ်ပြန်မရောက်သေးတဲ့အခါ
မြန်မြန်ပြန်ဖို့ သတိပေးတတ်တဲ့
သနပ်ခါးပါးကွက်ကြားလေးလည်းဖြစ်နိုင်တယ်
ချစ်သူဆိုတာ ကမ္ဘာ့အကောင်းမွန်ဆုံးယောကျာ်းလေးမဟုတ်ဘူး
သင့်အပေါ်ရိုးမြေကျစိတ်နဲ့ သစ္စာထားနိုင်တဲ့
ညစ်ကျယ်ကျယ်ကောင်လေးတစ်ယောက်လည်းဖြစ်နိုင်တယ်
အကောင်းဆုံးချစ်သူဆိုတာ အမြင်တတ်ဆုံးလူဆီမှာရှိပါတယ်
'စိန်' ကိုတန်ဖိုးကြီးတယ်လို့ သတ်မှတ်ခဲ့လို့ တန်ဖိုးကြီးနေရတာပါ
မဟုတ်ရင်တော့ 'အရောင်လက်လက်ကျောက်ခဲလေးတစ်လုံး'ဆိုတာထက်
ပိုခဲ့မှာမဟုတ်ဘူးလေ
'သတ်မှတ်ခြင်း'က အဓိကကျနေတဲ့ ဒီကမ္ဘာမှာ
သင့်ချစ်သူရဲ့'တန်ဖိုး'ဆိုတာ
သူတစ်ပါးမျက်လုံးတွေပေါ်မှာ တွက်ချက်ရတာမဟုတ်ပါဘူး
သင့်နှလုံးသားပေါ်မှာ အရာရာအဖြေထုတ်ရခြင်း ဖြစ်ပါတယ်....။
(Pan)

ချစ်သူဆိုတာ
လူတစ်ယောက်ကြောင့်နာကျင်ခဲ့ရတာကို
လူတစ်ယောက်ရဲ့ကြင်နာခြင်းနဲ့ပြန်ကုသရတယ်
အချစ်ကြောင့်အသဲကွဲခဲ့ရတာကို
အချစ်နဲ့ပဲပြန်ဖာထေးရတယ်
လူတယောက်ကြောင့်ရတဲ့ဒဏ်ရာကိုလည်း
လူတစ်ယောက်နဲ့ပဲ ပြန်သက်သာအောင်လုပ်ကြရတယ်
တချို့လူတွေအချိန်အကြာကြီး နာကျင်ရတယ်အသဲကွဲရတယ်ဆိုတာ
ခေါင်းကြောမာလို့ ၊ အစွဲအလန်းကြီးလို့ပဲမလား
တခါတလေကျတော့ ကိုယ့်ကိုနာကျင်အောင်လုပ်ခဲ့တဲ့
တစ်စုံတစ်ယောက်ကိုတောင်
ခွင့်မပြုချင်ပေမဲ့ ခွင့်ပြုခဲ့ရသေးတာ
ကိုယ့်ကိုသေချာပေါက်ကြင်နာမဲ့တစုံတယောက်ကိုသင်ခွင့်ပြုသင့်ပါတယ်
အစွဲအလန်းကြီးတယ် အပြောင်းအလဲလုပ်ဖို့ခေါင်းမာတယ်ဆိုတာ
သူကိုယ့်ကိုချစ်နေတုန်းမှာပဲ အသုံးဝင်တာပါ
သူကိုယ့်ကိုမချစ်တော့တဲ့အချိန်မှာတော့ အဲဒါတွေဟာအသုံးမဝင်တော့ဘူး
သင့်ကိုနာကျင်ခြင်းသက်သက်ပဲဖြစ်စေတော့တယ်လေ
ခင်မင်လျက်
ကောင်ကလေး
20-02-13

အချစ်နဲ့
အသက်ရွယ်ကွာခြားချက်ကြောင့် အချစ်ကို နူးညံ့ မှုလည်း မရှိ romatic ဆန်ဆန် မခံစားတတ်တာမဟုတ်ပါဘူး
သူခံယူထားတဲ့ ခံယူချက်ကြောင့် အချစ်ကို နူးညံ့အောင် မဖန်တီးတတ်တာပါ
အသက်ရွယ်ကွာခြားချက်ကြောင့် သင် ဘာဘဲလုပ်လုပ် ခွင့်လွှတ်နေတာ မဟုတ်ပါဘူး
သင့်ကို အရမ်းချစ်လွန်းတဲ့ အတွက် အမြဲ နားလည်ပေးနေတာပါ
အသက်ရွယ်ကွာခြားချက်ကြောင့် သင်ဘာဘဲလုပ်လုပ် ဘာမှမပြောတာမဟုတ်ပါဘူး
သင့်မျက်နှာက အပြုံးက သူ့ ရင်ကိုအေးချမ်းစေတဲ့အတွက် သင့်ကို အလိုလိုက်နေတာပါ
အချစ်ဆိုတာ အသက်ရွယ်နဲ့  ညှို ယူ ရ တဲ့  အရာ မှ မဟုတ်တာ
အချစ်ဆိုတာ ရင်ခုန်သံနဲ့  ညှိုယူပြီး နားလည်မှု နဲ့  Upgrade လုပ်ရတာပါ
( ဇင် နှင်း )

အချစ်ဆိုတာ
ကျနော် ပိုက်ဆံ ၁၀၀ပိုင်ဆိုင်တဲ့  အခါ
ပြုံးပြုံးလေးနေတဲ့  ချစ်သူထက်
ကျနော် တပြားမှ မရှိတဲ့  အခါ
မဲ့ မဲ့ လေး မနေတဲ့  ချစ်သူကို ပိုအလိုရှိပါတယ်.....
ကျနော် မချမ်းသာဘူးနော်လို့ ပြောတဲ့  အခါ
သိပါတယ်ဆိုတဲ့  ပြောတဲ့ စကားလုံးတွေထက်
ကျနော် ဆင်းရဲတဲ့  အခါလည်း
အနားမှာရှိနေမှာပါ ဆိုတဲ့  ချစ်သူကို ပို အလိုရှိပါတယ်.....
ကျနော်တို့  ဝေးဝေးနေတဲ့  အခါ
လွမ်းတယ်လို့  အချိန်တိုင်းပြောနေတဲ့  ချစ်သူထက်
ကျနော်တို့  ပြန်ဆုံစည်းကျတဲ့  အခါ
ကျနော်တစ်ယောက်တည်းကိုပဲစောင့်နေရှာတဲ့  ချစ်သူကို ပို အလိုရှိပါတယ်..........
ကျနော်တို့ လွမ်းလို့ ဖုန်းတွေဆက်ကျတဲ့  အခါ
ခုမှဘာလို့ ဆက်တာလဲ ဆိုတဲ့  မေးခွန်းတွေမေးတဲ့ ချစ်သူထက်
ကျနော်တို့  ဆက်သွယ်မူ့လေးတွေရတဲ့ အခါ
မအားတဲ့ ကြားထဲ က ဖုန်းဆက်ပေးလို့ ကျေးဇူးပါနော်ဆိုတဲ့ 
စကားလုံးလေးတွေပြောတဲ့ ချစ်သူကို ပို အလို ရှိပါတယ်.............
ကိုယ်စိတ်နဲ့ တောင်အရာရာတိုင်းထပ်တူမကျနိုင်တဲ့  ဘ၀ကြီးမှာ
ကိုယ်ကို အရမ်းနားလည်ပေးနိုင်တဲ့  ချစ်သူတစ်ယောက်ရခဲ့ ရင်....
လွယ်လွယ် စွန့် ပစ်ဖို့  မတွေးတေားမိပါစေနဲ့ ....
တခါပဲ ရခွင့်ရှိတဲ့  အခွင့်အရေးက
ဒုတိယတကြိမ်လောက်တောင် ကောင်းတော့ မယ်မထင်ဘူး...
အနည်းဆုံးရင်ခုန်မူ့တွေကင်းမဲ့ နေတာမျိုးပေါ့.....
(ပုံရိပ်စစ်)

ချစ်သူထက်
အစက တယောက်တည်းဖြစ်သွားမှာကြောက်တယ်
ဖြစ်သွားတော့လည်း အားတင်းရင်ဆိုင်ဖို့ကြိုးစားရတယ်
အားတင်း ရင်ဆိုင်ရင်းနေတတ်လာတယ်
နေတတ်လာရင်း တယောက်တည်းဘဝကိုချစ်တတ်လာတယ်
အဲဒီလိုနဲ့ပဲ တချို့လူတွေဟာ
တယောက်တည်းကျန်ခဲ့ရမှာကို ကြောက်ရွံ့ရာကနေ
တယောက်တည်းနေရတဲ့ဘဝကိုချစ်တတ်လာပါတယ်
တကယ်တော့လည်း အချိန်တခုပါပဲ
မကျန်ခဲ့ချင်လည်း
သင်ကျန်နေခဲ့ရတဲ့အခါ နေတတ်ဖို့ပဲလိုပါတယ်
ခင်မင်လျက်
ကောင်ကလေး
၂၃/ဇန်နဝါရီ/၂၀၁၃

နေတတ်ဖို့ပဲလိုပါတယ်
တခါတလေမှာချစ်ရဲ့သားနဲ့
ဖွင့်ဟခွင့်မရတဲ့အခါလဲရှိတယ်...
တခါတလေမှာကိုယ်ကဘဝတခု
လုံးပုံအောပြီးချစ်ခဲ့ပေမဲ့နာကျဉ်
ခြင်းတွေပြန်ရတဲ့အခါလဲရှိတက်
ပါတယ်...
တခါတလေမှာသူပျော်ရွှင်ဖို့
အတွက်ကိုယ်ကငိုပေးရတဲ့အခါ
လဲရှိတယ်...
တခါတလေမှာသူ့ရဲ့မျက်ရည်ကို
ကူသုတ်ပေးချင်ပေမဲ့အဝေးက
နေပြီးနှစ်သိမ့်ပေးခဲ့ရတဲ့အချိန်
တွေလဲရှိပါတယ်...
သူမရှိရင်မနေနိုင်ပေမဲ့ သူပျော်
ရွှင်ဖို့အတွက်တွဲလက်တွေကိုယ်
ဖြတ်ပေးလိုက်ရတဲ့အခါလဲရှိ
တက်ပါတယ်...
phoe phyu
ဖွင့်ဟခွင့်မရတဲ့အခါလဲရှိတယ်...
တခါတလေမှာကိုယ်ကဘဝတခု
လုံးပုံအောပြီးချစ်ခဲ့ပေမဲ့နာကျဉ်
ခြင်းတွေပြန်ရတဲ့အခါလဲရှိတက်
ပါတယ်...
တခါတလေမှာသူပျော်ရွှင်ဖို့
အတွက်ကိုယ်ကငိုပေးရတဲ့အခါ
လဲရှိတယ်...
တခါတလေမှာသူ့ရဲ့မျက်ရည်ကို
ကူသုတ်ပေးချင်ပေမဲ့အဝေးက
နေပြီးနှစ်သိမ့်ပေးခဲ့ရတဲ့အချိန်
တွေလဲရှိပါတယ်...
သူမရှိရင်မနေနိုင်ပေမဲ့ သူပျော်
ရွှင်ဖို့အတွက်တွဲလက်တွေကိုယ်
ဖြတ်ပေးလိုက်ရတဲ့အခါလဲရှိ
တက်ပါတယ်...
phoe phyu
တခါတလေမှာ
ချစ်သူ ♥
နင်နဲ့ ပတ်သက်မှ ငါ့အတွေးတွေ လတ်ဆတ်လာတယ် ဆိုတာကို လှောင်ပြုံးလေးနဲ့ တုံ့ ပြန်တတ်တယ်!!
နင့်ကိုချစ်မိမှ ငါ့ခံစားချက်တွေ အသစ်ဖြစ်လာတယ်ဆိုတာကို မဲ့ပြုံးလေးနဲ့  တုံ့ ပြန်တတ်တယ်!!
…
…
…
…
ရင်နင့်အောင် လွမ်းတယ် ဆိုတာ ဘာမှန်းမသိပါဘူး~~
ငါ့အတွက်ကတော့~~
နင့်အကြောင်း အထူးတလည်စဉ်းစားလိုက်တိုင်း လက်ဝဲဖက်ရင်ဘတ်က စူးနစ်နေအောင် ခံစားရတယ်ဟာ
^Chuu Lay^
♥ Heart Canteen ♥