Posted by : လက်တွဲဖော် Wednesday, February 20, 2013


စ်သူဆိုတာ ကမ္ဘာ့ အချောလှဆုံးမိန်းကလေးမဟုတ်ဘူး
သင့်အပေါ်ဆိုးနွဲ့သလိုလိုနဲ့ မိုးချုပ်အိမ်ပြန်မရောက်သေးတဲ့အခါ
မြန်မြန်ပြန်ဖို့ သတိပေးတတ်တဲ့
သနပ်ခါးပါးကွက်ကြားလေးလည်းဖြစ်နိုင်တယ်

ချစ်သူဆိုတာ ကမ္ဘာ့အကောင်းမွန်ဆုံးယောကျာ်းလေးမဟုတ်ဘူး
သင့်အပေါ်ရိုးမြေကျစိတ်နဲ့ သစ္စာထားနိုင်တဲ့
ညစ်ကျယ်ကျယ်ကောင်လေးတစ်ယောက်လည်းဖြစ်နိုင်တယ်

အကောင်းဆုံးချစ်သူဆိုတာ အမြင်တတ်ဆုံးလူဆီမှာရှိပါတယ်

'စိန်' ကိုတန်ဖိုးကြီးတယ်လို့ သတ်မှတ်ခဲ့လို့ တန်ဖိုးကြီးနေရတာပါ
မဟုတ်ရင်တော့ 'အရောင်လက်လက်ကျောက်ခဲလေးတစ်လုံး'ဆိုတာထက်
ပိုခဲ့မှာမဟုတ်ဘူးလေ

'သတ်မှတ်ခြင်း'က အဓိကကျနေတဲ့ ဒီကမ္ဘာမှာ
သင့်ချစ်သူရဲ့'တန်ဖိုး'ဆိုတာ
သူတစ်ပါးမျက်လုံးတွေပေါ်မှာ တွက်ချက်ရတာမဟုတ်ပါဘူး
သင့်နှလုံးသားပေါ်မှာ အရာရာအဖြေထုတ်ရခြင်း ဖြစ်ပါတယ်....။








(Pan)

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -