Posted by : လက်တွဲဖော် Wednesday, February 20, 2013

နင်ခံစားရတယ်တဲ့လား ?
သိပ်ချစ်ပေးခဲ့တာကို အရူးလုပ်ခံခဲ့ရတဲ့ ငါလောက် ခံစားရပါ့မလား ။


နင်နာကျင်နေတယ်တဲ့လား ?
မတူညီသောလမ်းပေါ်ကို ငါမဟုတ်သောတစ်ယောက်နဲ့ တွဲလျှောက်ခဲ့တာ သိပေမယ့် ရူးမိုက်စွာ ချစ်နေတဲ့ ငါလောက် နာကျင်ရပါ့မလား ။


နင်မပျော်ရွင်ခဲ့ဘူးတဲ့လား ?
ငါထင်တာက နင်ပျော်ရွင်ခဲ့မှာပါ သိပ်ချစ်ပေးတဲ့
ငါ့နှလုံးသားကို ဒဏ်ရာပေးပြီး နင်မပျော်ရွင်ဘူးဆိုတာကို
ငါ ယုံကြည်ပေးရမှာလား ။
တစ်ကယ်ကို နင်မပျော်ရွင်ခဲ့ရ၇င် ငါ ၀မ်းသာရမှာလား ။


နင်ချစ်ခဲ့တယ်တဲ့လား ?
နင်ချစ်တာ နင့်အတ္တတွေဖြစ်နေတာကို
ငါ့ကို ချစ်ခဲ့တယ်ဆိုတဲ့ စကားနဲ့ နောက်ထပ်မချည်နှောင်ပါနဲ့တော့
နင့်ကို သိပ်ချစ်ပေးသော ငါ့နှလုံးသားကို နင်စွန့်ပစ်တဲ့နေ့က
ငါလည်း နင်နဲ့အတူ စွန့်လွတ်လိုက်ခဲ့ပြီး ။

ငါနာမည်လေးနဲ့ ငါ့အချစ်တွေက
နင်သတိရတိုင်း နာကျင်နေရင် စူးနစ်နေရင် ငါကျေနပ်တယ် **။




လမင်း @>>>Real Love

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -