Posted by : လက်တွဲဖော် Wednesday, February 20, 2013

ညိုတာညို မပြိုတဲ့မိုးလို
ငိုတာငိုမယ် မဆွေတော့ပါဘူး
ရင်ကွဲစရာ မျက်ရေစက်တွေနဲ့
နေ့ညဆိုတဲ့ စက္ကန့်တွေကို ငါဖြတ်ခဲ့
ငိုစရာတွေကျန်လည်း ရေစက်တွေ ဘယ်လောက်ရှိရှိ
ငါဆောက်လိုက်ပြီ မျက်ရေဆည်..

ဟောင်းတာဟောင်း မပြောင်တဲ့ဇာတ်လို
ပျော်တာပျော်မယ် ငါမရယ်တော့ပါဘူး
ကြေကွဲစရာ နှလုံးသွေးစက်တွေနဲ့
ဝမ်းနည်းတဲ့ အမုန်းနှစ်တွေကို ငါဖြတ်ခဲ့
အချစ်တွေကျန်လည်း ချုပ်ရာတွေ ဘယ်လောက်ရှိရှိ
ငါပိတ်လိုက်ပြီ နှလုံးသားဆည်....

- Copyright © အိမ်ထောင်ရေးသုခ - Blogger Templates - Powered by Blogger - Designed by Johanes Djogan -